ဂျိုတာရဲ့ညီ အန်ဒရေဆေးလ်ဗားနဲ့ အယ်လ်ချီကစားသမားရဲ့ပုံ မှားယွင်းဖော်ပြမိခဲ့ခြင်းအတွက် ရီးယဲလ်အသင်း ပြန်လည်တောင်းပန်

ဂျိုတာရဲ့ညီ အန်ဒရေဆေးလ်ဗားနဲ့ အယ်လ်ချီကစားသမားရဲ့ပုံ မှားယွင်းဖော်ပြမိခဲ့ခြင်းအတွက် ရီးယဲလ်အသင်း ပြန်လည်တောင်းပန်
Photo: Getty Images
Photo: Getty Images
Published 24 November 2025

ရီးယဲလ်မက်ဒရစ်အသင်းဟာ ကွယ်လွန်သွားတဲ့ ဂျိုတာရဲ့ညီ အန်ဒရေဆေးလ်ဗားနဲ့ အယ်လ်ချီကစားသမားရဲ့ပုံကို မှားယွင်းဖော်ပြမိခဲ့ခြင်းအတွက် ကြေညာချက်ထုတ်ပြန်ပြီး ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရပါတယ်။

ရီးယဲလ်အသင်းဟာ မနေ့က ပြုလုပ်ခဲ့တဲ့ ကလပ်အသင်းအထွေထွေအစည်းအဝေးမှာ လီဗာပူးလ်ကစားသမား ဂျိုတာနဲ့ သူ့ရဲ့ညီ အန်ဒရေဆေးလ်ဗားတို့ကို အောက်မေ့ဂုဏ်ပြုမှု ပြုလုပ်ခဲ့ရာမှာ လူမှားပြီး ဖော်ပြမိခဲ့ခြင်းဖြစ်ပါတယ်။

ရီးယဲလ်အသင်းက ပေါ်တိုနဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းတွေမှာ ဂျိုတာရဲ့ အသင်းဖော်ဖြစ်ခဲ့တဲ့ အယ်လ်ချီတိုက်စစ်မှူး အန်ဒရေဆေးလ်ဗားရဲ့ပုံံကို ဂျိုတာရဲ့ညီ အန်ဒရေဆေးလ်ဗားရဲ့ပုံနဲ့ မှားယွင်းဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အခုလိုမျိုး မှားယွင်းဖော်ပြခဲ့ကြောင်း BBC က ထောက်ပြခဲ့တာကြောင့် ရီးယဲလ်အသင်းက ပြန်လည်တောင်းပန်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

ရီးယဲလ်အသင်းက မိမိတို့ရဲ့ ဗီဒီယိုဖန်တီးမှုမှာ အမှားအယွင်းပါရှိသွားခဲ့တဲ့အတွက် အယ်လ်ချီအသင်းနဲ့ ကစားသမားဖြစ်သူကို တောင်းပန်ကြောင်း၊ ဒီဖြစ်ရပ်အတွက် စိတ်မကောင်းဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

ဒီယိုဂိုဂျိုတာနဲ့ ညီဖြစ်သူ အန်ဒရေဆေးလ်ဗားတို့ဟာ ဇူလိုင်(၃)ရက်မှာ မော်တော်ကားမတော်တဆဖြစ်ကာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ ဂျိုတာက (၂၈)နှစ်၊ အန်ဒရေဆေးလ်ဗားက (၂၅)နှစ်အရွယ် ဖြစ်ပါတယ်။

Most Read

Most Recent