တရားဝင်ခွင့်မပြုထားသော Crypto Assets များ ရောင်းဝယ်ခြင်း၊ လွှဲပြောင်းခြင်း၊ သိုလှောင်၊ သိမ်းဆည်းခြင်းများ မပြုလုပ်ရေးနှင့် ဘဏ်များမှတစ်ဆင့် တရားဝင်ငွေကြေး လွှဲပြောင်းခြင်းကိုသာ အသုံးပြုသင့်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ထုတ်ပြန်

တရားဝင်ခွင့်မပြုထားသော Crypto Assets များ ရောင်းဝယ်ခြင်း၊ လွှဲပြောင်းခြင်း၊ သိုလှောင်၊ သိမ်းဆည်းခြင်းများ မပြုလုပ်ရေးနှင့် ဘဏ်များမှတစ်ဆင့် တရားဝင်ငွေကြေး လွှဲပြောင်းခြင်းကိုသာ အသုံးပြုသင့်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ထုတ်ပြန်
Published 19 November 2025

တရားဝင်ခွင့်မပြုထားသော Crypto Assets များ ရောင်းဝယ်ခြင်း၊ လွှဲပြောင်းခြင်း၊ သိုလှောင်၊ သိမ်းဆည်းခြင်းများ မပြုလုပ်ရေးနှင့် ဘဏ်များမှတစ်ဆင့် တရားဝင်ငွေကြေး လွှဲပြောင်းခြင်းကိုသာ အသုံးပြုသင့်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်သည်။

Crypto Currency ဈေးကွက်သည် ဈေးနှုန်းအလွန်အမင်းအတက်/အကျ မြန်ဆန်ခြင်းကြောင့် ရင်းနှီးမြှပ်နှံသူများအတွက် ငွေကြေးဆုံးရှုံးနိုင်မှုများဖြစ်ပွားနိုင်ခြင်းအပြင် စည်းမျဉ်းများကြီးကြပ်ထိန်းကျောင်းမှု နည်းခြင်း၊ Online Security ကျိုးပေါက်မှုများဖြစ်ပေါ်နိုင်ခြင်း၊ Hacking ခံရနိုင်ခြင်းများကြောင့် မိမိပိုင်ငွေကြေးများကိုလည်း ဆုံးရှုံးစေနိုင်ကြောင်း၊ ယင်းကြောင့် ပြည်သူလူထုအနေဖြင့် CBM မှ တရားဝင်ခွင့်မပြုထားသော Crypto Assets များ ရောင်းဝယ်ခြင်း၊ လွှဲပြောင်းခြင်း၊ သိုလှောင်၊ သိမ်းဆည်းခြင်းများ မပြုလုပ်ရေးနှင့် ဘဏ်များမှတစ်ဆင့် တရားဝင်ငွေကြေးများ လွှဲပြောင်းခြင်းကိုသာ အသုံးပြုသင့်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒစ်ဂျစ်တယ်ငွေကြေးများ(ခရစ်ပ်တိုငွေကြေးအပါအဝင်)ကို အွန်လိုင်း (သို့) ကိုယ်တိုင်ရောင်းဝယ်ခြင်းကို ခွင့်ပြုထားခြင်းမရှိပါကြောင်း ၂၀၁၉ ခုနှစ် မေ ၃ ရက်ထုတ် သတင်းစာများတွင် ကြေညာထားသကဲ့သို့ ဒစ်ဂျစ်တယ်ငွေကြေးများ (ခရစ်ပ်တိုငွေကြေး အပါအဝင်)ကို တရားဝင်ငွေကြေးအဖြစ် သတ်မှတ်ထားခြင်း မရှိသကဲ့သို့ ယင်းကို ရောင်းဝယ်လဲလှယ်ခြင်းများအတွက် ငွေရေးကြေးရေးအဖွဲ့အစည်းများသို့ ခွင့်ပြုထားခြင်းမရှိကြောင်း အမိန့်ကြော်ငြာစာကိုလည်း ၂၀၂၀ ပြည့်နှစ်၊ မေလ(၁၅)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။၏

ထို့ပြင် မြန်မာနိုင်ငံနည်းတူ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အယ်လ်ဂျီးရီးယား၊ ဘိုလီးဗီးယား၊ အီဂျစ်၊ နီပေါ၊ ပါကစ္စတန်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အန်ဂိုလာနိုင်ငံနှင့် ကိုလံဘီယာနိုင်ငံစသည့် နိုင်ငံများအနေဖြင့် လည်း ဒစ်ဂျစ်တယ်ငွေကြေးများ (ခရစ်ပ်တိုငွေကြေးအပါအဝင်)ကို တရားဝင်အသိအမှတ်မပြုထားခြင်းမရှိကြောင်း၊ ယင်းနိုင်ငံအများစုတွင် တရားဝင်ငွေကြေးအဖြစ် အသိအမှတ်ပြုမထားသော်လည်း ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုအဖြစ် ခွင့်ပြုခြင်း၊ အချို့နိုင်ငံများတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် ခွင့်ပြုခြင်းများရှိကြောင်း၊ တရုတ်နိုင်ငံတွင် Crypto Currency များသည် တရားဝင်မှုမရှိသော်လည်း ဗဟိုဘဏ်ဒစ်ဂျစ်တယ် ငွေကြေးအသွင်ဆောင်သည့် (E-CNY)ကို စမ်းသပ်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်လည်း CBDC နှင့်ပတ်သက်၍ သုတေသနအဆင့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

Crypto ငွေကြေးများနှင့်ပတ်သက်၍ အချို့သော အစိုးရများက ပြည်သူလူထုအား တရားဝင် အသုံးပြုခြင်းမရှိစေရန် တားမြစ်ထားသည်မှန်သော်လည်း ခေတ်ကာလပြောင်းလဲတိုးတက်လာသည်နှင့်အမျှ ပြည်သူလူထုအကြားတွင် ယင်းကို စုဆောင်းခြင်း၊ ရောင်းဝယ်မှုပြုခြင်းများ တိုးတက်များပြားလာကြောင်း၊ တန်ဖိုးအတက်အကျများမှုအပေါ် အခြေခံ၍ အကျိုးအမြတ်များ ပိုမိုရရှိရန် မျှော်လင့်၍ ယင်း Crypto Assets များအပေါ် ရင်းနှီးမြှပ်နှံမှုပြုလုပ်သူများ များပြားလာသည့်နည်းတူ မူးယစ်ဆေးဝါး၊ လက်နက်မှောင်ခို၊ လူကုန်ကူး၊ ကျားဖြန့်၊ AML/CFT အစရှိသည့် တရားမဝင်ဒုစရိုက်လုပ်ငန်းများကလည်း ဘဏ်စာရင်းများအား အသုံးပြုရန်မလိုခြင်း၊ အခွန်တိမ်းရှောင်နိုင်ခြင်း စသည်တို့ကြောင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို Cryto Assets များအဖြစ် သိမ်းဆည်းခြင်းများ ရှိလာခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ယခင်က တရားမဝင်လုပ်ငန်းလုပ်ကိုင်သူများသည် မိမိတို့၏ ပိုင်ဆိုင်မှုကို လွတ်လပ်စွာ ရွှေ့ပြောင်းရန်နှင့် အခွန်တိမ်းရှောင်ရန်တို့အတွက် ဒစ်ဂျစ်တယ်ငွေကြေးများ (ခရစ်ပ်တိုငွေကြေး အပါအဝင်)ကို  သိုလှောင်ထားရှိခဲ့သော်လည်း နောက်ပိုင်းတွင် အစိုးရများက ခရစ်တို ငွေကြေးပိုင်ဆိုင်မှုများကို ရှာဖွေထိန်းချုပ်နိုင်သည်ဆိုသည့် အမြင်များရှိလာ၍ နောင်တွင် ဒုစရိုက်လုပ်ငန်းများအနေဖြင့် ခရစ်တို ငွေကြေးကိုင်တွယ်အသုံးပြုမှုများကို ပိုမိုသတိထားလုပ်ဆောင်လာနိုင်ပြီး ခရစ်တိုငွေကြေး (Bit Coin) အသုံးပြုမှုများ လျော့ကျလာနိုင်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

Most Read

Most Recent