သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈(ဃ)ပါ ပြဋ္ဌာန်းချက်နှင့်ငြိစွန်းသဖြင့် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် အား ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်( UEC ) က ပြောကြားသည်။
အနိုင်ရသူအကုန်ယူစနစ်ဖြင့် ကျင်းပမည့် ရန်ကုန်ဒေသကြီးရှိ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂)မှ ဝင်ရောက်ယှဥ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည့် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင် ကိုယ်စားလှယ်လောင်းအမည်စာရင်းမှ ပယ်ဖျက်ခံရသည်ဆိုသော သတင်းများနှင့်ပတ်သက်၍ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားထားခြင်း ဖြစ်သည်။
" ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် FPTP မဲဆန္ဒနယ် အမှတ်(၂)တွင် အမည် စာရင်းတင်သွင်းထားသည့် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်သည် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈ (ဃ) ပါ ပြဋ္ဌာန်းချက်နှင့်ငြိစွန်းသဖြင့် ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ခြင်းဖြစ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်း၊ စိစစ်ခြင်းများ အတွက် နေ့ရက်များ သတ်မှတ်ကြေညာပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည့်အတွက် အယူခံတင်သွင်းရမည့် ကာလစည်းကမ်းသတ်မှတ်ချက် ကျော်လွန်ပြီး ဖြစ်ပါသည်" ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်( UEC ) က ပြောကြားသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် လွှတ်တော်အလိုက် မဲဆန္ဒနယ်အသီးသီး၌ အမည်စာရင်းတင်သွင်းသည့် ကိုယ်စားလှယ်လောင်း ၅၀၂၃ ဦးတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနဲ့ ညီညွတ်မှု မရှိသည့်အတွက် ပယ်ဖျက်ခဲ့သည့် ကိုယ်စားလှယ်လောင်း ၈၆ ဦး ရှိပါကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်( UEC ) က ပြောကြားသည်။
သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈(ဃ)ပါ ပြဋ္ဌာန်းချက်နှင့်ငြိစွန်းသဖြင့် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် အား ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ခြင်းဖြစ်ကြောင်း UEC ပြောကြား သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈(ဃ)ပါ ပြဋ္ဌာန်းချက်နှင့်ငြိစွန်းသဖြင့် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် အား ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်( UEC ) က ပြောကြားသည်။ အနိုင်ရသူအကုန်ယူစနစ်ဖြင့် ကျင်းပမည့် ရန်ကုန်ဒေသကြီးရှိ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂)မှ ဝင်ရောက်ယှဥ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည့် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင် ကိုယ်စားလှယ်လောင်းအမည်စာရင်းမှ ပယ်ဖျက်ခံရသည်ဆိုသော သတင်းများနှင့်ပတ်သက်၍ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားထားခြင်း ဖြစ်သည်။ " ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် FPTP မဲဆန္ဒနယ် အမှတ်(၂)တွင် အမည် စာရင်းတင်သွင်းထားသည့် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်သည် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈ (ဃ) ပါ ပြဋ္ဌာန်းချက်နှင့်ငြိစွန်းသဖြင့် ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ခြင်းဖြစ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်း၊ စိစစ်ခြင်းများ အတွက် နေ့ရက်များ သတ်မှတ်ကြေညာပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည့်အတွက် အယူခံတင်သွင်းရမည့် ကာလစည်းကမ်းသတ်မှတ်ချက် ကျော်လွန်ပြီး ဖြစ်ပါသည်" ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်( UEC ) က ပြောကြားသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် လွှတ်တော်အလိုက် မဲဆန္ဒနယ်အသီးသီး၌ အမည်စာရင်းတင်သွင်းသည့် ကိုယ်စားလှယ်လောင်း ၅၀၂၃ ဦးတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနဲ့ ညီညွတ်မှု မရှိသည့်အတွက် ပယ်ဖျက်ခဲ့သည့် ကိုယ်စားလှယ်လောင်း ၈၆ ဦး ရှိပါကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်( UEC ) က ပြောကြားသည်။















