ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် အောက် တိုဘာ ၁၀ ရက်က ရစ်ချ်တာစကေး ၇ ဒသမ ၄ ပြင်းအားရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးလူ နှစ်ဦးထက်မနည်းသေဆုံးခဲ့ကာ ဒေသဆိုင် ရာဆူနာမီသတိပေးချက်များထုတ်ပြန်ထား သော်လည်း နောက်ပိုင်းတွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။
အင်ဒါနာအိုဒေသရှိ မာနေးကမ်းလွန်မှ ၁၂ မိုင်ခန့်အကွာတွင် ဒေသစံတော်ချိန်နံနက် ၉ နာရီ ၄၃ မိနစ်က လှုပ်ခတ်ခဲ့ခြင်းဖြစ်သည် ဟု အမေရိကန်ဘူမိတိုင်းထွာရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ငလျင်ဗဟိုချက်အနီးရှိ လူဦးရေအချက် အချာကျသော မာတီမြို့တွင် နံရံတစ်ခုပြိုကျ သောကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး နောက်တစ်ဦးမှာ ငလျင်ကြောင့် ထိတ်လန့်ပြီး နှလုံးရောဂါဖြင့် သေဆုံးခဲ့ကြောင်း ရဲ တပ်ဖွဲ့က ပြောကြားခဲ့သည်။
ဖိလစ်ပိုင်အာဏာပိုင်များက ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ပြီး လှိုင်းအမြင့်သုံး မီတာ (၁ဝပေ)အထိ ရှိနိုင်သည်ဟုယူဆရ သောနိုင်ငံအရှေ့ဘက်ပင်လယ် ကမ်းရိုးတန်း ရှိ ဒေသခံများကို ဘေးလွတ်ရာရွှေ့ပြောင်းနေ ထိုင်ကြရန် အမိန့်ထုတ်ပြန်ခဲ့သည်။
သို့သော် နေ့လယ်ခင်းအချိန်တွင်ပစိ ဖိတ်ဆူနာမီသတိပေးစင်တာက ဖိလစ်ပိုင်၊ပါ လာအူနှင့် အင်ဒိုနီးရှားအတွက် ဆူနာမီသတိ ပေးချက်ကို ပြန်လည်ရုပ်သိမ်းခဲ့ကာ ငလျင် ကြောင့် ဆူနာမီခြိမ်းခြောက်မှုအန္တရာယ်မရှိ တော့ကြောင်း ထုတ်ပြန်ခဲ့သည်။
မြို့တော်ခန်းမတွင် ပြုလုပ်သည့်အစိုးရ ပွဲအခမ်းအနားတစ်ခုတွင် ငလျင်ကြောင့်လူ များသည် အထိတ်တလန့်ဖြင့် အော်ဟစ်ပြေး လွှားခဲ့သောကြောင့် ဖရိုဖရဲဖြစ်ခဲ့ကြောင်းမာ နေး၏အနောက်မြောက်ဘက်ရှိ တာဂမ်မြို့မှ ဒေသခံတာဝန်ရှိသူ ဝက်စ်ကာဆီက ပြောပြခဲ့ သည်။
ငလျင်လှုပ်ခတ်ချိန်တွင် အမြင့် ၂၀၂ မီတာရှိ ခရစ္စမတ်သစ်ပင်ကို အလှဆင်နေ သည့်အလုပ်သမားများ အလျင်အမြန်ပြေး ဆင်းလာသည့် ဗီဒီယိုဖိုင်တစ်ခုလူမှုမီဒီယာတွင်ပျံ့နှံ့နေပြီး ကာဆီက ထိုဖြစ်စဉ်ကိုအ တည်ပြုထားသည်။
အခြားမျက်မြင်တွေ့ရှိသူများက ၎င်းင်းတို့ သည် စာသင်ကျောင်းများ၊ ရုံးအဆောက်အ အုံများနှင့် စျေးဝယ်စင်တာများမှ လူများပြေး ထွက်လာကြသည်ကို မြင်တွေ့ခဲ့ကြောင်းပြော ပြခဲ့သည်။
ငလျင်လှုပ်ခတ်မှုကြောင့် အသေးစား ပျက်စီးမှုအချို့ရှိနိုင်သည်ဟု ၎င်းတို့ကပြောပြ ခဲ့သည်။
လျှပ်စစ်ဓာတ်အားလိုင်းနှင့် ဆက်သွယ် ရေးလိုင်းများ ပျက်စီးမှုရှိပြီး အာဏာပိုင်များ က အချို့နေရာများရှိ အပျက်အစီးများကိုပြန် လည်ပြုပြင်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု ဒါဗောင်းအရှေ့ဘက်ပြည်နယ်မှ ရဲအရာရှိဒိုင် ရာနီလိုကော်ဒါက ပြောပြခဲ့သည်။
နောက်ထပ်သတိပေးချက်မထုတ်ပြန် ခင်အချိန်အထိ စာသင်ကျောင်းများဖွင့်လှစ် မှုကို ဆိုင်းငံ့ထားကာ မရှိမဖြစ်မလိုအပ်သော အစိုးရဝန်ထမ်းများကို နေအိမ်များသို့ပြန် လွှတ်ခဲ့ကြောင်း ပြည်နယ်အစိုးရက ပြောပြ ခဲ့သည်။
မာနေးဒေသအနီး ကွမ်ပေါ့စ်တယ်လာ မြို့တွင်နေထိုင်သည့် ဆရာမတစ်ဦးဖြစ်သူ ခရစ်တင်းဆီအာတီကအင်အားပြင်းငလျင်လှုပ်ခတ်ချိန်တွင် သူသည်အွန်လိုင်းမှအစည်း အဝေးပြုလုပ်နေချိန်ဖြစ်ကြောင်းပြောပြခဲ့သည်။
“ပထမပိုင်းတော့ ဖြေးဖြေးလေးလှုပ်နေ ပြီး နောက်ပိုင်းအားပြင်းလာပါတယ်။ကျွန်မ ဘဝမှာ အကြာဆုံးငလျင်လှုပ်ခတ်မှုပါ။လှုပ် တာအားပြင်းလွန်းလို့ အဆောက်အအုံထဲက ချက်ချင်းလမ်းလျှောက်ထွက်လို့တောင်မရ ပါဘူး”ဟု ၎င်းကဆိုသည်။
“ရုံးခန်းမျက်နှာကျက်အချို့ပြုတ်ကျလာ ပေမယ့်ကံကောင်းလို့ဒဏ်ရာရသူမရှိပါဘူး” ဟုလည်းပြောပြခဲ့သည်။
Ref; AFP















