■ တရုတ်နိုင်ငံတွင်ဖမ်းဆီးထားသည့် ကိုးကန့်မြီမိသားစုအပါအ၀င် အဖွဲ့ဝင် ၁၆ ဦးကို တရုတ်တရားရုံးက သေဒဏ်ချမှတ်

■ တရုတ်နိုင်ငံတွင်ဖမ်းဆီးထားသည့် ကိုးကန့်မြီမိသားစုအပါအ၀င် အဖွဲ့ဝင် ၁၆ ဦးကို တရုတ်တရားရုံးက သေဒဏ်ချမှတ်
Published 29 September 2025

တရုတ်နယ်စပ်ရှိ မြန်မာနိုင်ငံ၏ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်ရေးစင်တာများကို ထူထောင်ထားပြီး ရာဇဝတ်မှုများ ကျူးလွန်သည့် မြီမိသားစုအပါအဝင် ဂိုဏ်း၏အဖွဲ့ဝင် ၁၆ ဦးကို စက်တင်ဘာ ၂၉ ရက်တွင် တရုတ်တရားရုံးက သေဒဏ်ချမှတ်ခဲ့သည်။

ယင်းသေဒဏ်ချမှတ်ခံရသူများထဲမှ ငါးဦးကို နှစ်နှစ်ပြစ်ဒဏ်ရွှေ့ဆိုင်းပေးခဲ့ပြီး နောက်ထပ်သံသယရှိသူ ၂၃ ဦးကို ထောင်ဒဏ်ငါးနှစ်မှ တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်များချမှတ်ခဲ့သည်။

မြီမိသားစု စီမံခန့်ခွဲနေသော ရာဇဝတ်အဖွဲ့အစည်းသည် ၂၀၁၅ ခုနှစ်မှစ၍ ဆိုက်ဘာလိမ်လည်မှု၊ မူးယစ်ဆေးဝါးမှောင်ခိုမှု၊ ပြည့်တန်ဆာအဖြစ်စည်းရုံးမှု၊ လောင်းကစားရုံများဖွင့်မှု၊ အခြားရာဇဝတ်မှု ကျူးလွန် ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်ဟု Wenzhou Inermediate People’s Court က စက်တင် ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

ကိုးကန့်မြီမိသားစုသည် ကိုးကန့်​ဒေသ၌ ကျားဖြန့်လုပ်ကိုင်သည့် ခြံဝင်းအများအပြားကို ထူထောင်ရန် လက်နက်ကိုင်တပ်ဖွဲ့ကို အားကိုးခဲ့သည်ဟု တရားရုံးကထုတ်ပြန်ခဲ့သည်။ 

ကိုးကန့်အဖွဲ့သည် အဖွဲ့မှထွက်ပြေးရန်ကြိုးစားသူ သို့မဟုတ် စီမံခန့်ခွဲမှုကို မလိုက်နာသူ ၁၀ ဦးအပါအဝင် ၁၄ ဦးကို သတ်ခဲ့သည်ဟု တရားရုံးက ပြောကြားခဲ့သည်။

ကျားဖျန့်ခြံဝင်းတစ်ခုက လူများကို တရုတ်သို့လွှဲပြောင်းပေးခြင်းကို တားဆီးရန်  ထိုလူများကို ပစ်ခတ်ခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာတုန်းကဖြစ်ရပ်ကိုလည်း တရားရုံးက ဖော်ပြခဲ့သည်။

ကိုးကန့်အဖွဲ့၏စစ်ဆင်ရေးများက ငွေ ကြေးထောက်ပံ့သူအများအပြားကို ဆွဲဆောင်ခဲ့ပြီး ငွေကြေးထောက်ပံ့ပေးသူများအား ကိုးကန့်အဖွဲ့ကလက်နက်ဖြင့် အကာအကွယ်ပေးခဲ့ပြီး ယွမ်ငွေ ၁၀ ဘီလျံကျော်(အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ)ပါဝင်ပတ်သက်ခဲ့သည်ဟု တရားရုံးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ နယ်စပ်ဒေသရှိ  ​နေရာအချို့တွင် ကျားဖြန့်လုပ်ငန်းများလုပ်ကိုင်​နေသည့် ခြံဝင်းများပေါများလျက်ရှိပြီး အဆိုပါခြံဝင်းများတွင် နိုင်ငံခြားသားများကို ခန့်အပ်ထားပြီး အများစုသည်

တရုတ်နိုင်ငံသားများဖြစ်သည်။ နိုင်ငံခြားသားများမှာ လူမှောင်ခိုကူးခံရသူများဖြစ်ပြီး အခြားသူများကို အွန်လိုင်းတွင် လိမ်ရန်ခိုင်းစေခံရသူများ ဖြစ်သည်ဟုဆိုသည်။ 

ထို့ကြောင့် အဆိုပါ ကျားဖျန့်လုပ်ငန်းများသည် ဒေါ်လာဘီလျံချီရရှိသော တရားမဝင်လုပ်ငန်းဖြစ်လာသည်။

တရုတ်နိုင်ငံက ကျားဖျန့်ကိုနှိမ်နင်းရန် အရှေ့တောင်အာရှနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် လွန်ခဲ့သောလများတွင် ကျားဖျန့်လုပ်ငန်းများကို နှိမ်နင်းမှုများ ပိုမိုလုပ်ဆောင်ခဲ့ပြီး တရုတ်နိုင်ငံသားများကို တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

■ Ref: AFP

Most Read

Most Recent