ဒီနေ့ ကျင်းပမယ့် Ballon d'Or ဆုပေးပွဲအခမ်းအနားမှာ ရော်နယ်လ်ဒင်ဟို ဆုချီးမြှင့်မယ်

ဒီနေ့ ကျင်းပမယ့် Ballon d'Or ဆုပေးပွဲအခမ်းအနားမှာ ရော်နယ်လ်ဒင်ဟို ဆုချီးမြှင့်မယ်
Photo: X
Photo: X
Published 22 September 2025

နာမည်ကျော် ဘရာဇီးလ်ဂန္ထဝင်ဘောလုံးသမား ရော်နယ်လ်ဒင်ဟိုဟာ ဒီနေ့ကျင်းပမယ့် Ballon d'Or ဆုပေးပွဲအခမ်းအနားမှာ Ballon d'Or ဆုရရှိသူကို ဆုချီးမြှင့်သွားမယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ်အတွက် Ballon d'Or ဆုပေးပွဲကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ဒီနေ့ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး မြန်မာစံတော်ချိန်အားဖြင့် ည ၁း၃၀ နာရီမှာ စတင်သွားမှာဖြစ်ပါတယ်။

ရော်နယ်လ်ဒင်ဟိုဟာ Ballon d'Or ဆုကို ဘာစီလိုနာအသင်းမှာ ကစားစဉ် ၂၀၀၅ ခုနှစ်တုန်းက ရရှိခဲ့ဖူးသူဖြစ်ပြီး အခု နှစ်(၂၀)အကြာမှာတော့ ဆုချီးမြှင့်ရမယ့်သူတစ်ဦး ဖြစ်လာခဲ့တာပါ။

ဒီနှစ် Ballon d'Or ဆုကို ဖလားသုံးလုံးချန်ပီယံ PSG အသင်းက ပြင်သစ်တိုက်စစ်ကစားသမား ဒမ်ဘီလီ ရရှိလိမ့်မယ်လို့ ရေပန်းစားနေပေမဲ့ ပြင်သစ်ဘောလုံးမဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ်ဖြစ်တဲ့ ဗင်းဆင့်ဂါစီယာကတော့ ဆုရရှိမယ့်သူကို သူကလွဲရင် ဘယ်သူမှ ကြိုမသိသေးဘူးလို့ ပြောကြားခဲ့ပါတယ်။

Ballon d'Or ဆုကို ပြင်သစ်ဘောလုံးမဂ္ဂဇင်း (France Football)ရဲ့ ကြီးမှူးမှုနဲ့ ၁၉၅၆ ခုနှစ်ကတည်းက ချီးမြှင့်လာခဲ့တာဖြစ်ပြီး မက်ဆီက အများဆုံးအဖြစ် (၈)ကြိမ်ရရှိထားပါတယ်။

 

Most Read

Most Recent