■ ထိုင်းနိုင်ငံရှိ ကွန်ဒိုဝယ်ယူမှုတွင် မြန်မာနိုင်ငံသားများဝယ်ယူမှုမှာ ၁၁၉ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး တရုတ်ဝယ်လက်များမှာ နှေးကွေးလာ

■ ထိုင်းနိုင်ငံရှိ ကွန်ဒိုဝယ်ယူမှုတွင် မြန်မာနိုင်ငံသားများဝယ်ယူမှုမှာ ၁၁၉ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး တရုတ်ဝယ်လက်များမှာ နှေးကွေးလာ
Published 1 September 2025

ထိုင်းနိုင်ငံရှိ ကွန်ဒိုဝယ်ယူမှုတွင် မြန်မာနိုင်ငံသားများဝယ်ယူမှုမှာ ၁၁၉ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး တရုတ်ဝယ်လက်များမှာ နှေးကွေးလာသည်ဟု The Nation သတင်းတွင် ဖော်ပြထားသည်။

၂၀၂၅ ခုနှစ် ပထမနှစ်ဝက်ကာလအတွင်း နိုင်ငံခြားသားဝယ်ယူသူများမှာ ထိုင်းဘတ်ငွေ ၂၈ ဒသမ ၇၁ ဘီလျံရှိ ကွန်ဒိုတိုက်ခန်းပေါင်း ၇၁၆၇ ခန်းကို ဝယ်ယူခဲ့ပြီး ၈၀ ရာခိုင်နှုန်းမှာ ဘန်ကောက်နှင့် ချောင်ဘူရီရှိ အခန်းများဖြစ်သည်ဟု အိမ်ခြံမြေသတင်းအချက်အလက်စင်တာ (REIC) ကို ကိုးကားပြီး သတင်းတွင် ဖော်ပြခဲ့သည်။

ထိုင်းကွန်ဒိုဝယ်ယူမှုတွင် တရုတ်ဝယ်လက်များမှာ ထိပ်ဆုံးတွင် တည်ရှိနေသော်လည်း ၄င်းတို့၏ ဝယ်ယူနိုင်စွမ်းမှာ လေးလပတ်အတွင်း ကျဆင်းခဲ့ကြောင်း၊ တရုတ်ဝယ်လက်များ၏ ဝယ်ယူမှုတန်ဖိုးမှာ ထိုင်းဘတ်ငွေ ၆ ဒသမ ၁၁ ဘီလျံရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံသားများ ဝယ်ယူမှုမှာ မျှော်လင့်ထားသည်ထက် ပိုမိုတိုးတက်လာခဲ့ပြီး ပထမ ခြောက်လပတ်အတွင်း အခန်းပေါင်း ၅၃၃ ခန်းဝယ်ယူခဲ့ကာ တန်ဖိုးအားဖြင့် ထိုင်းဘတ်ငွေ ၁ ဒသမ ၃၄ ဘီလျံရှိခဲ့ကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ၁၁၉ ရာခိုင်နှုန်းအထိ တိုးလာခဲ့ကာ ဒုတိယနေရာတွင် ရပ်တည်လျက်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသားဝယ်လက်များ တိုးလာခြင်းမှာ အင်အားပြင်းငလျင်ကြီး လှုပ်ခတ်မှုအပြီးတွင် အရန်အဖြစ် ဝယ်ယူခဲ့ခြင်းကြောင့်ဖြစ်သည်ဟု သတင်းတွင် သုံးသပ်ထားသည်။

သဘာဝဘေးဒဏ်ကြောင့် အစပြုရာမှ ဘန်ကောက်၊ ချင်းမိုင်၊ ချောင်ဘူရီ အစရှိသည့်နေရာများတွင် ဝယ်ယူခဲ့ကြခြင်းဖြစ်ကာ နယ်စပ်ဖြတ်ကျော်ပိုင်ဆိုင်မှုရွှေ့ပြောင်းရေးဖြစ်ခဲ့သည်ဟု သတင်းတွင် ရေးသားထားသည်။

ထိုင်းနိုင်ငံတွင် ပထမခြောက်လပတ်အတွင်း ကွန်ဒိုဝယ်ယူမှုအများဆုံးအဖြစ် တရုတ်နိုင်ငံက ၈၉၉ ခန်း၊ မြန်မာက ၅၃၃ ခန်း၊ ရုရှားက ၂၇၂ ခန်း၊ ထိုင်ဝမ်က ၁၈၁ ခန်း၊ ပြင်သစ်က ၁၇၀ ခန်း၊ အမေရိကန်က ၁၂၄ ခန်း၊ ဗြိတိန်နှင့် ဂျာမနီက ၁၀၈ ခန်း၊ အိန္ဒိယက ၆၆ ခန်း၊ ဂျပန်က ၃၈ ခန်း အစရှိသဖြင့် အစဉ်လိုက် ရပ်တည်လျက်ရှိသည်။

Most Read

Most Recent