■ ပါတေးနဲ့ပတ်သက်ပြီး အာဆင်နယ်အနေနဲ့ မှန်ကန်တဲ့လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ခဲ့တယ်လို့ အာတေတာ ယုံကြည်

■ ပါတေးနဲ့ပတ်သက်ပြီး အာဆင်နယ်အနေနဲ့ မှန်ကန်တဲ့လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ခဲ့တယ်လို့ အာတေတာ ယုံကြည်
Photo: Getty Images
Photo: Getty Images
Published 22 July 2025

အာဆင်နယ်အသင်းနည်းပြ အာတေတာက အာဆင်နယ်အသင်းအနေနဲ့ ပါတေး ကလပ်မှာကစားခဲ့ချိန် မှန်ကန်တဲ့လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ခဲ့တယ်လို့ ရာနှုန်းပြည့်ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။

ဂါနာလက်ရွေးစင်ကွင်းလယ်လူ ပါတေးဟာ မုဒိမ်းမှု ငါးခု၊ လိင်အကြမ်းဖက်မှု တစ်ခုနဲ့ စွဲချက်တင်ခံရတာဖြစ်တယ်။

ပါတေးဟာ အာဆင်နယ်အသင်းနဲ့ အခုလအစောပိုင်းက စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီး လေးရက်အကြာမှာ တရားစွဲဆိုခံခဲ့ရပါတယ်။

စွပ်စွဲချက်တွေဟာ အမျိုးသမီးသုံးဦးနဲ့ ဆပ်စပ်ပတ်သက်နေတာဖြစ်ပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အကြားမှာ ဖြစ်ခဲ့တာပါ။

ပါတေးကတော့ စွပ်စွဲချက်အားလုံးကို ငြင်းဆန်ခဲ့ပါတယ်။

ပါတေးအနေနဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လကလည်း မုဒိမ်းမှုသံသယနဲ့ ဖမ်းဆီးခံခဲ့ရဖူးပါတယ်။

Most Read

Most Recent