■ ဆီနီဂေါကို ရှုံးနိမ့်ခဲ့ပေမဲ့ စိတ်မပူဘူးလို့ အင်္ဂလန်နည်းပြ တူဟယ်လ် ပြောကြား

■ ဆီနီဂေါကို ရှုံးနိမ့်ခဲ့ပေမဲ့ စိတ်မပူဘူးလို့ အင်္ဂလန်နည်းပြ တူဟယ်လ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 11 June 2025

အင်္ဂလန်လက်ရွေးစင်နည်းပြ တူဟယ်လ်က ခြေစမ်းပွဲမှာ ဆီနီဂေါအသင်းကို ရှုံးနိမ့်ခဲ့ပေမဲ့ စိတ်မပူဘူးလို့ ပြောကြားခဲ့ပါတယ်။ 

အင်္ဂလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အသင်းငယ်လေး အန်ဒိုရာကို အဝေးကွင်းမှာ (၁-၀) ဂိုးနဲ့ ကပ်နိုင်ခဲ့ပြီး ဇွန် (၁၀) ရက်က ကစားခဲ့တဲ့ ခြေစမ်းပွဲမှာတော့ ဆီနီဂေါအသင်းကို (၁-၃) ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။ 

အင်္ဂလန်အသင်းအနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် အုပ်စု (K) မှာ (၃) ပွဲကစား၊ (၃) ပွဲနိုင်နဲ့ ရာနှုန်းပြည့်အနိုင်ရထားပေမဲ့ အန်ဒိုရာ၊ ဆီနီဂေါအသင်းတွေနဲ့ ကစားခဲ့တဲ့ပွဲတွေမှာ အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ 

ဒါပေမဲ့ အင်္ဂလန်နည်းပြ တူဟယ်လ်ကတော့ အဲဒီအတွက် စိတ်မပူကြောင်း၊ သူ့အနေနဲ့ အသင်းကို တိုးတက်အောင် လုပ်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့တာပါ။ 

တူဟယ်လ်က "ပွဲတွေ မကစားရတာကြာတော့ နည်းနည်းလေးနေသလိုပါပဲ။ ဒါပေမဲ့ ခြေစမ်းပွဲမှာ ရှုံးနိမ့်တာဖြစ်လို့ ကျွန်တော်တို့ စိတ်ပူဖို့ မလိုပါဘူး။ ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ (၃) ပွဲကစားရာမှာ ရာနှုန်းပြည့်အနိုင်ရထားပြီး (၉) မှတ်ရထားပါတယ်။ ဒီတော့ စိုးရိမ်စရာ မရှိပါဘူး။ ကျွန်တော်က ရှုံးတာကို မကြိုက်ပါဘူး။ ဒါပေမဲ့ ကမ္ဘာ့ဖလား ကျင်းပဖို့က တစ်နှစ်လောက် လိုသေးတာပါ။ ကျွန်တော်တို့အနေနဲ့ ပြင်ဆင်ချိန် ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ပိုကောင်းလာမယ်လို့ ယုံကြည်ပါတယ်"လို့ ပြောကြားခဲ့တာပါ။ 

အင်္ဂလန်လက်ရွေးစင်အသင်းသည် လာမယ့် စက်တင်ဘာ နိုင်ငံတကာရက်သတ္တပတ်မှာ အန်ဒိုရာ၊ ဆားဘီးယားအသင်းတွေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ 

Most Read

Most Recent