လားရှိုးမြို့ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ပြန်လည်ဖွင့်လှစ်ပြီဖြစ်ပြီး တောင်သူများအနေဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးနိုင်

လားရှိုးမြို့ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ပြန်လည်ဖွင့်လှစ်ပြီဖြစ်ပြီး တောင်သူများအနေဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးနိုင်
Published 9 June 2025

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို ဇွန်လ ၆ ရက်နေ့ ကပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းကြောင့် လားရှိုးခရိုင်အတွင်းရှိ တောင်သူ များအနေဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ချေးယူနိုင်ပြီဖြစ်ပြီး စပါးစိုက်ဧက တစ်ဧကလျှင် တစ်သိန်းငါးသောင်းကျပ်၊ အခြားသီးနှံစိုက်ပျိုးခြင်းများအတွက် တစ်ဧကလျှင် တစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးမည်ဖြစ်ကြောင်းသိရသည်။

စိုက်ပျိုးစရိတ်ချေးငွေများ ချေးယူနိုင်ရန်အတွက် ချေးငွေစိစစ်ရေးအဖွဲ့ထောက်ခံချက်ဖြင့် ပုံစံ(၇)မူရင်းများအပ်နှံ၍ ချေးယူနိုင်ကြောင်း သိရသည်။

Most Read

Most Recent