ပေါ်တူဂီကို ရှုံးခဲ့တဲ့ပွဲက မိမိတို့အတွက် အညံ့ဆုံးပွဲတွေထဲက တစ်ပွဲလို့ ကင်မစ်ချ် ပြောကြား

ပေါ်တူဂီကို ရှုံးခဲ့တဲ့ပွဲက မိမိတို့အတွက် အညံ့ဆုံးပွဲတွေထဲက တစ်ပွဲလို့ ကင်မစ်ချ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 5 June 2025

ဂျာမနီလက်ရွေးစင်အသင်းခေါင်းဆောင် ကင်မစ်ချ်က ပေါ်တူဂီကို ရှုံးခဲ့တဲ့ပွဲဟာ မိမိတို့အတွက် အညံ့ဆုံးပွဲတွေထဲက တစ်ပွဲလို့ ပြောကြားခဲ့ပါတယ်။

ဂျာမနီနဲ့ ပေါ်တူဂီအသင်းက ၂၀၂၄-၂၅ ရာသီ Nations League ဆီမီးဖိုင်နယ်အဖြစ် ဇွန် ၄ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး အိမ်ကွင်းမှာ ဂျာမနီအသင်း (၁-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။

အဲဒီပွဲမှာ ကင်မစ်ချ်က ဂျာမနီလက်ရွေးစင်ကစားသမား ပွဲ(၁၀၀)ပြည့်ခဲ့ပေမဲ့ ရှုံးပွဲကြောင့် စိတ်ပျက်ခဲ့ရပါတယ်။ 

သူက '' ဒီရှုံးပွဲက တကယ်ထိုက်တန်ပါတယ်။ ကျွန်တော်တို့ ဘောလုံးရှိချိန်မှာရော ဘောလုံးမရှိချိန်မှာပါ ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး။ ဒါဟာ ကျွန်တော်တို့ရဲ့ အညံ့ဆုံးပွဲတွေထဲက တစ်ပွဲပါ။ ကျွန်တော်တို့အနေနဲ့ ၁၀၀ ရာခိုင်နှုန်း မစွမ်းဆောင်နိုင်ဘူးဆိုရင် ထိပ်တန်းအသင်းတစ်သင်းကို ရင်ဆိုင်နိုင်မှာမဟုတ်ဘူးဆိုတာ နားလည်ဖို့ လိုပါတယ်'' လို့ ဆိုခဲ့ပါတယ်။

ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုကတော့ ဂျာမနီနဲ့ ဆုံတွေ့တိုင်း ရှုံးပွဲနဲ့သာ ရင်ဆို်င်နေရတဲ့မှတ်တမ်းဆိုးကို ဒီပွဲမှာ အဆုံးသတ်နိုင်ခဲ့ပါတယ်။

စီရော်နယ်လ်ဒိုက ဒီပွဲမတိုင်ခင် ဂျာမနီနဲ့ ဆုံတွေ့တဲ့ (၅)ပွဲစလုံး ရှုံးနိမ့်ခဲ့တာပါ။

Most Read

Most Recent