အင်အားပြင်းငလျင်ကြောင့် ထိခိုက်သေဆုံးသူ ၃၈၃၅ ဦးအထိ ရှိလာပြီး ဒဏ်ရာရရှိသူ ငါးထောင်ကျော်ရှိလာ

အင်အားပြင်းငလျင်ကြောင့် ထိခိုက်သေဆုံးသူ ၃၈၃၅ ဦးအထိ ရှိလာပြီး ဒဏ်ရာရရှိသူ ငါးထောင်ကျော်ရှိလာ
Published 2 May 2025

အင်အားပြင်းငလျင်ကြောင့် ထိခိုက်သေဆုံးသူ ၃၈၃၅ ဦးအထိရှိလာပြီး ဒဏ်ရာရရှိသူ ငါးထောင်ကျော်ရှိလာကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ထားချက်အရ သိရသည်။

ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ခြောက်ခုတို့တွင် မေ ၁ ရက်အထိ သေဆုံးသူ ၃၈၃၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၅ ဦးနှင့် ပျောက်ဆုံးသူ ၁၀၅ ဦးရှိကြောင်း ဖော်ပြထားသည်။

ထို့ပြင် အဆောက်အအုံများအတွင်း ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်ခဲ့ရာ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၇၇၉ ဦး ရှာဖွေပေးနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် လိုအပ်သည့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

Most Read

Most Recent