အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုက ဘယ်အချိန်ထိဝေးနေမှာလဲ။ မန်စီးတီး အားအကောင်းဆုံးအချိန်မှာ အာဆင်နယ်က အနီးဆုံးပြိုင်ဘက်အဖြစ် ရှင်သန်နိုင်ခဲ့တယ်။ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ အနီးစပ်ဆုံးအခြေအနေထိ ရောက်ခဲ့တာပါ။ လက်ရှိရာသီမှာ အာဆင်နယ်အသင်း ပရိသတ်တွေက ပရီးမီးယားလိဂ်ချန်ပီယံဆုကို အမျှော်လင့်ကြီး မျှော်လင့်ခဲ့ပါတယ်။ မန်စီးတီး တပ်ပျက်သွားချိန်ဖြစ်လို့လည်း အာဆင်နယ်အတွက် မျှော်လင့်ချက် ပိုရှိခဲ့တာပါ။ ဒါပေမဲ့ လီဗာပူးလ်ရဲ့ မထင်မှတ်တဲ့ လက်သီးပုန်းဒဏ်ကို ခံလိုက်ရတယ်။ အာဆင်နယ်က ကိုယ်တိုင်လုပ်အမှားတွေ ကျူးလွန်မိပြီး နောက်ဆုံး ဒုတိယလူဖြစ်ရပြန်တယ်။ အာဆင်နယ်ကဘာလို့များ ပရီးမီးယားလိဂ်ချန်ပီ ယံဆုနဲ့ ရေစက်မဆုံသေးတာလဲ။
အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုက ဘယ်အချိန်ထိဝေးနေမှာလဲ။ မန်စီးတီး အားအကောင်းဆုံးအချိန်မှာ အာဆင်နယ်က အနီးဆုံးပြိုင်ဘက်အဖြစ် ရှင်သန်နိုင်ခဲ့တယ်။ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ အနီးစပ်ဆုံးအခြေအနေထိ ရောက်ခဲ့တာပါ။ လက်ရှိရာသီမှာ အာဆင်နယ်အသင်း ပရိသတ်တွေက ပရီးမီးယားလိဂ်ချန်ပီယံဆုကို အမျှော်လင့်ကြီး မျှော်လင့်ခဲ့ပါတယ်။ မန်စီးတီး တပ်ပျက်သွားချိန်ဖြစ်လို့လည်း အာဆင်နယ်အတွက် မျှော်လင့်ချက် ပိုရှိခဲ့တာပါ။ ဒါပေမဲ့ လီဗာပူးလ်ရဲ့ မထင်မှတ်တဲ့ လက်သီးပုန်းဒဏ်ကို ခံလိုက်ရတယ်။ အာဆင်နယ်က ကိုယ်တိုင်လုပ်အမှားတွေ ကျူးလွန်မိပြီး နောက်ဆုံး ဒုတိယလူဖြစ်ရပြန်တယ်။ အာဆင်နယ်ကဘာလို့များ ပရီးမီးယားလိဂ်ချန်ပီ ယံဆုနဲ့ ရေစက်မဆုံသေးတာလဲ။
BBC က အဲဒီအကြောင်းကို အာဆင်နယ်အသင်းပရိသတ်တွေဆီ စစ်တမ်းကောက်ခဲ့ပါတယ်။ အာဆင်နယ်အသင်းပရိသတ်အများစုက အဆုံးသတ်သမားကောင်းမဝယ်လို့ဆိုပြီး တုံ့ပြန်တယ်။ အာဆင်နယ်အသင်းအားကစားဒါရိုက်တာဟောင်း အီဒူးနဲ့ နည်းပြ အာတီတာဟာ တစ်ကမ္ဘာလုံး သိမြင်တဲ့ အဆုံးသတ်သမားကောင်းလိုအပ်ချက်ကို မသိချင်ယောင်ဆောင်ခဲ့ပါတယ်။ ဒဏ်ရာသားကောင် ဂျေးဇူးကို မျက်လုံးမှိတ် ယုံကြည်ခဲ့တယ်။ စမစ်ရိုးနဲ့ အန်ကယ်တီယာ ထွက်သွားချိန်မှာ တိုက်စစ်ပိုင်းအတွက် မျှော်လင့်ချက်ပါးလျနေတဲ့ စတာလင်ကို အာတီတာ အားကိုးတကြီး ခေါ်ယူလိုက်တာ မဟာအမှားပါပဲ။
အာဆင်နယ်ရဲ့လူစာရင်းက Deep မဖြစ်ရတဲ့ကြားထဲ ဒဏ်ရာပြဿနာ ကြီးမားခဲ့တာကလည်း ပရီးမီးယားလိဂ်ချန်ပီယံမဖြစ်တဲ့ အဓိကအ ကြောင်းရင်းတစ်ခုပါပဲ။ ဆာကာ၊ မာတင်နယ်လီ၊ ဟာဗက်ဇ်၊ အော်ဒီဂွါ၊ ဂျေးဇူးတို့အားလုံး ဒဏ်ရာရခဲ့ကြတယ်။ အများစုက သုံးလ၊ လေးလလောက် အနည်းဆုံး နားခဲ့ကြရတာပါ။ ချန်ပီယံလိဂ်လို လခြားပြီးကစားရတဲ့ပြိုင်ပွဲမျိုးမှာ ဒဏ်ရာပြဿနာကို ထိန်းကျောင်းကျော်ဖြတ်ရတာ လွယ်ကူပေမဲ့ ပရီးမီးယားလိဂ်လို အပတ်စဉ်တိုင်း ဖိအားနဲ့ရှင်သန်ရတဲ့ ပြိုင်ပွဲမျိုးမှာ ဒဏ်ရာတွေကြောင့် ဟန်ချက်ပျက်တတ်ပါတယ်။ အာဆင်နယ်အသင်း ပရိသတ်တွေက လက်ရှိလူစာရင်းကို ထိပ်တန်းကစားသမား တချို့ ထပ်ဖြည့်စေချင်နေတာပါ။ အာဆင်နယ်က ဘဏ္ဍာရေးအကျပ်အတည်း ကြီးကြီးမားမား မရှိပေမဲ့ ကစားသမား မခေါ် တာ အံ့အားသင့်စရာ ကောင်းတယ်။
အာဆင်နယ်ကစားသမားတချို့ရဲ့အာရုံစူးစိုက်မှုကလည်း မတည်ငြိမ်တတ်ပါဘူး။ အမှတ်ရသင့်တဲ့ပွဲတွေ အမှတ်ပြန်လည်ဆုံးရှုံးရတာ၊ နိုင်သင့်တဲ့ပွဲတွေ မနိုင်တာက တိုက်ပွဲဝင်စိတ်ဓာတ် ပုံမှန်မရှိလို့ပါ။ ချန်ပီယံလိဂ်မှာပြသတဲ့ တိုက်ပွဲဝင်စိတ်ဓာတ်မျိုးနဲ့သာဆိုရင် အာဆင်နယ်က ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပိုပြီးမျှော်လင့်နိုင်ပါလိမ့်မယ်။ လက်ရှိရာသီမှာ အာတီတာက တည်ကန်ဘောတွေကို အလွန်အမင်းအားကိုးခဲ့ပါတယ်။ အာဆင်နယ်က ပရီးမီးယားလိဂ်ရဲ့တည်ကန်ဘော အကောင်းဆုံးအသင်း ဖြစ်ပေမဲ့ အခြားတစ်ဖက်မှာ Open Play ကနေဂိုးရတာ အတော်လေးနည်းသွားတယ်။ တစ်ဂိုးအသာလောက်နဲ့ နိုင်နေရင် ထိန်းကစားလွန်းတာကလည်း အားမလိုအားမရ ဖြစ်စေပါတယ်။ လက်ရှိရာသီမှာ ဒိုင်တွေရဲ့ ဆုံး ဖြတ်ချက်အမှားကြောင့်လည်း အာဆင်နယ် နစ်နာခဲ့ရတယ်။ အရေးကြီးတဲ့ပွဲစဉ်တချို့မှာ အာဆင်နယ်ကစားသမားတွေ အငြင်းပွားဖွယ်ရာ ထုတ်ပယ်ခံရတာ နစ်နာလွန်းပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို မန်စီးတီးနဲ့ လီဗာပူးလ် လွှမ်းမိုးခဲ့ပါတယ်။ အဲဒီလို လွှမ်းမိုးထားတာကို ပြောင်းလဲပစ်နိုင်တာ အာဆင်နယ်တစ်သင်းပဲရှိတာပါ။ အာဆင်နယ်က အဆုံးသတ်သမားကောင်းတစ်ဦးနဲ့ နောက်ထပ်ကြယ်ပွင့်ကစားသမားတစ်ဦးရရင် ပရီးမီးယားလိဂ်ချန်ပီယံဆု ရပါလိမ့်မယ်။ အဲဒီ ရည်မှန်းချက်အတွက် အာဆင်နယ်အသင်းက အပြောင်းအရွှေ့ဈေးကွက်ထဲ တန်ဖိုးမြင့် ခေါ် ယူမှုတွေ လုပ်ရပါမယ်။ ချန်ပီယံလိဂ်အောင်ပွဲက အာဆင်နယ်ရဲ့အနာဂတ်အတွက် သိပ်ပြီးအရေးပါတယ်။ ချန်ပီယံလိဂ်အောင်ပွဲရရင် အာတီတာရဲ့ အာဆင်နယ်ခေတ်တစ်ခေတ် စတင်ပါပြီ။ ကြယ်ပွင့်ကစားသမားတွေကို ပိုပြီးဆွဲဆောင်နိုင်ပါလိမ့်မယ်။ အသင်းကရှိပြီးသား ကြယ်ပွင့်ကစားသမားတွေကိုလည်း ထိန်းသိမ်းနိုင်ပါလိမ့်မယ်။ အာဆင်နယ်က လာမယ့်ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အမှန်တကယ်သိမ်းပိုက်နိုင်အောင် အခုကတည်းက မဟာဗျူဟာချမှတ်သင့်နေပါပြီ။
အာဆင်နယ်ကို ပရီးမီးယားလိဂ်ချန်ပီယံမဖြစ်အောင် ဖန်တီးခဲ့တဲ့ ပွဲ ၅ ပွဲ
အာဆင်နယ် ၁-၁ ဘရိုက်တန် (၂၀၂၄ သြဂုတ် ၃၁)
ဒီပွဲကို အာဆင်နယ်အသင်းပရိသတ်တွေ မေ့နိုင်မယ်မထင်ပါဘူး။ ရာသီအစ သြဂုတ်လ(၃၁) ရက်မှာကစားတဲ့ ဘရိုက်တန်အသင်းနဲ့ပွဲမှာ အာဆင်နယ်က မမျှတတဲ့ဆုံးဖြတ်မှုတွေနဲ့ ကြုံတွေ့ခဲ့ ရပါတယ်။ ပွဲချိန် (၄၉)မိနစ်မှာ အာဆင်နယ်ကွင်းလယ်လူ ဒက်ကလန်ရိုက်စ် အငြင်းပွားဖွယ် ထုတ်ပယ်ခံလိုက်ရတာပါ။ ပထမပိုင်းမှာ ဒက်ကလန်ရိုက်စ်က ဗဲ့လ်မန်းကို ပြစ်ဒဏ်ကျူးလွန်လို့ အဝါကတ်ပြသခံထားရပါတယ်။ ဒုတိယပိုင်းစတင်ပြီးလေးမိနစ်အကြာမှာ ဒက်ကလန်ရိုက်စ်ဟာ ဘရိုက်တန်က ဗဲ့လ်မန်း ပြစ်ဒဏ်ဘောကန်ဖို့ ဟန်ပြင်နေချိန်မှာ အနှောင့်အယှက် ပေးတယ်ဆိုပြီး အဝါကတ်ထပ်ပြခံရပြီး ထုတ်ပယ်ခံရတာပါပဲ။ ဗဲ့လ်မန်းက ဘရိုက်တန်အသင်း ကွင်းဘက်ခြမ်းမှာ ရတဲ့ ပြစ်ဒဏ်ဘောကို အလျင်အမြန်ကန်တင်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ ဘောလုံးကို ဗဲ့လ်မန်းက ရှေ့ ကိုလှိမ့်ပြီး ကန်ချိန်မှာ ကျောခိုင်းလှည့်ထွက်နေတဲ့ ဒက်ကလန်ရိုက်စ်ရဲ့နောက်ခြေနဲ့ ထိခဲ့တာပါ။ ဒက်ကလန်ရိုက်စ်မှာ အနှောင့်အယှက်ပေးလိုတဲ့ရည်ရွယ်ချက် မရှိပါဘူး။ ဒါပေမဲ့ သူက ဘောလုံးကို ကန်ထုတ်သလိုဖြစ်ခဲ့ပါတယ်။ အဲဒီလုပ်ရပ်ကြောင့်ပဲ ဒက်ကလန်ရိုက်စ်က ထုတ်ပယ်ခံရတာပါ။ တကယ်ဆိုရင် ပြစ်ဒဏ်ဘောကန်တင်ဖို့ ကြိုးစားချိန်မှာ ဗဲ့လ်မန်းရဲ့လုပ်ရပ်က ပိုပြီးရန်လိုခဲ့တယ်။ ပွဲကြည့်စင်က အာဆင်နယ်အသင်း ပရိသတ်တွေက ဗဲ့လ်မန်းကို အဝါကတ်ပြဖို့ အော်ဟစ်တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ကွင်းလယ်ဒိုင် ကာဗန်နာ့ဂျ်က ဒက်ကလန်ရိုက်စ်ကို ထုတ်ပယ်လိုက်လို့ အာဆင်နယ်ပရိသတ်တွေ ပေါက်ကွဲခဲ့ရတယ်။ လူတစ်ယောက် ထုတ်ခံရပြီးနောက် အာဆင်နယ် ချေပဂိုးပေးလိုက်ရပြီး တစ်ဂိုးစီသရေကျခဲ့တယ်။ အာဆင်နယ် အနိုင်ရသင်တဲ့ပွဲပါပဲ။ အာဆင်နယ်က လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ ကစားသမား ငါးဦးအထိ ထုတ်ပယ်ခံရပြီး ပရီးမီးယားလိဂ်အသင်းတွေထဲ အများဆုံးပါ။
ဘုန်းမောက် ၂-၀ အာဆင်နယ်(၂၀၂၄ အောက်တိုဘာ ၁၉)
အောက်တိုဘာလအတွင်းကစားတဲ့ ဘုန်းမောက်အသင်းနဲ့ပွဲမှာလည်း အာဆင်နယ်က ကစားသမားတစ်ဦးထုတ်ခံရပြီး ရှုံးပွဲတွေ့ခဲ့ပါတယ်။ အာဆင်နယ်ရဲ့လက်ရှိရာသီ ပရီးမီးယားလိဂ် ပထမဆုံး ရှုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။ အာဆင်နယ်နောက်ခံလူ ဆာလီဘာ ထုတ်ပယ်ခံရပြီးနောက် ဘုန်းမောက်က နောက်ကျဂိုးနှစ်ဂိုးနဲ့ အနိုင်ယူခဲ့တာပါ။ အာဆင်နယ်အတွက် ရှုံးပွဲအပြင် ပိုပြီး နစ်နာရတာက ဆာကာ ဒဏ်ရာရသွားတာပဲ ဖြစ်ပါတယ်။
နယူးကာဆယ် ၁-၀ အာဆင်နယ်(၂၀၂၄ နိုဝင်ဘာ ၂)
နိုဝင်ဘာလအတွင်းကစားတဲ့ နယူးကာဆယ်နဲ့ပွဲမှာ အာဆင်နယ် ရှုံးပွဲတွေ့ခဲ့ပြန်တယ်။ နယူးကာဆယ်က အဲဒီကာလမှာ ပရီးမီးယားလိဂ် ငါးပွဲဆက် နိုင်ပွဲပျောက်နေပြီး အာဆင်နယ်နဲ့တွေ့မှ နိုင်ပွဲပြန်ရတာပါ။ အာဆင်နယ်က ပွဲကို လွှမ်းမိုးနိုင်ပေမဲ့ နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ရဲ့ ဂိုးကြောင့် ရှုံးပွဲတွေ့ခဲ့ရတယ်။ နယူးကာဆယ်ကို ရှုံးပြီးနောက် အာဆင်နယ်က လီဗာပူးလ်အသင်းနဲ့ ရမှတ် (၈)မှတ် ကွာဟခဲ့ပါတယ်။
အာဆင်နယ် ၂-၂ အက်စတွန်ဗီလာ(၂၀၂၅ ဇန်နဝါရီ ၁၈)
နယူးကာဆယ်အသင်းကို နိုဝင်ဘာလအတွင်း ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်မှာ အာဆင်နယ်ရလဒ်တွေ တည်ငြိမ်လာပါတယ်။ အာဆင်နယ်က ဖေဖော်ဝါရီလနှောင်းပိုင်းအထိ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိခဲ့တာပါ။ ဒါပေမဲ့ အာဆင်နယ်က အဲဒီကာလအတွင်း သရေကျတာ ငါးပွဲအထိရှိလို့ ချန်ပီယံအိပ်မက် ထိခိုက်ခဲ့ရတယ်။ ဇန်နဝါရီလအတွင်းကစားတဲ့ ဗီလာအသင်းနဲ့ပွဲမှာလည်း အာဆင်နယ်က ဦးဆောင်ဂိုးနှစ်ဂိုး သွင်းယူနိုင်ပေမဲ့ ချေပဂိုးတွေပြန်ပေးရပြီး အမှတ်လျော့ခဲ့တာပါ။ (၈)မိနစ်အတွင်း နှစ်ဂိုးပြန်ပေးလိုက်ရတာ စိတ်ပျက်စရာကောင်းပြီး ဟာဗက်ဇ်ရဲ့သွင်းဂိုးတစ်ဂိုး ငြင်းပယ်ခံရလို့လည်း ကံဆိုးခဲ့ပါတယ်။
အာဆင်နယ် ဝ-၁ ဝက်စ်ဟမ်း(၂၀၂၅ ဖေဖော်ဝါရီ ၂၂)
ဖေဖော်ဝါရီလအတွင်းကစားတဲ့ ဝက်စ်ဟမ်းအသင်းနဲ့ပွဲမှာ အာဆင်နယ်ရှုံးပြီး ချန်ပီယံအိပ်မက် အဆုံးသတ်လုနီးပါး ဖြစ်ခဲ့ရတယ်။ တကယ်လို့များ ဝက်စ်ဟမ်းကို အနိုင်ရမယ်ဆိုရင် အာဆင်နယ်က ဦးဆောင်သူ လီဗာပူးလ်နဲ့ ရမှတ်ငါးမှတ်အထိ နီးကပ်သွားမှာဖြစ်ပေမဲ့ အခွင့်အရေးမယူနိုင်ခဲ့ဘူး။ အခုပွဲမှာလည်း အာဆင်နယ်က လူးဝစ်ဆကယ်လီ အငြင်းပွားဖွယ်ရာ ထုတ်ပယ်ခံရတာ စိတ်ပျက်စရာကောင်းခဲ့ပါတယ်။















