ငလျင်ကြောင့် ပိတ်ထားခဲ့သည့် နေပြည်တော်နှင့် မန္တလေးအပြည်ပြည်ဆိုင် ရာလေဆိပ်များကို ဧပြီ ၄ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။
“ဧပြီလ ၄ ရက်နေ့ကစတင်ပြီး နေပြည် တော်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တွေ ပြန်လည်ဖွင့်လှစ်ပြီး ခရီးသည် တင်လေယာဉ်တွေ ပြန်လည်ပျံသန်းနေပါပြီ”ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတင်းရရှိသည်။
လက်ရှိတွင် နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ နိုင်ငံပိုင် မြန်မာအမျိုး သားလေကြောင်းလိုင်းကလည်းကောင်း၊ မန္တ လေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာအမျိုး သားလေကြောင်းလိုင်းနှင့် အပြည်ပြည်ဆိုင်ရာမြန်မာ လေကြောင်း (MAI) အပါအဝင် ပြည်တွင်းလေကြောင်း လိုင်း အသီးသီးက ပုံမှန်လေကြောင်း ခရီးစဉ် များကို ဧပြီ ၄ ရက်တွင် စတင်ပျံသန်းနေပြီ ဖြစ်ကြောင်း သိရသည်။
“အပြည်ပြည်ဆိုင်ရာမြန်မာ လေ ကြောင်း (MAI) အနေနဲ့ ဧပြီ ၄ ရက်ကစပြီး ရန်ကုန်-မန္တလေး ခရီးစဉ်ကို ပြန်လည်ပျံ သန်းနေပါပြီ။ ခုလတ်တလောတော့ ငလျင်ကြောင့် ခရီးစဉ်ရွှေ့ဆိုင်း ခဲ့ရတဲ့ ခရီးသည်တွေကို ဦးစားပေးပြီး ပြန်လည်ပြေး ဆွဲနေတာဖြစ်ပါတယ်’’ဟု အပြည်ပြည် ဆိုင်ရာမြန်မာ လေ ကြောင်း (MAI) မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
လတ်တလောကြုံတွေ့ခဲ့ရသော ပြင်းထန် သည့် မြေငလျင်သဘာဝဘေးအန္တရာယ် ကြောင့် မြန်မာအမျိုး သားလေကြောင်းလိုင်း နှင့် အပြည်ပြည်ဆိုင်ရာမြန်မာ လေ ကြောင်း (MAI) တို့က ၂၀၂၅ခုနှစ်၊ မတ်လ ၂၈ ရက် နေ့မှ စ ၍ နေပြည်တော်နှင့် မန္တလေး ခရီးစဉ်များအား ဖျက်သိမ်းထားပြီး ခရီးသည် များအတွက် လုံခြုံ စိတ်ချ ရသည့် အခြေအ နေသို့ပြန်လည် ရောက်ရှိ မှသာ သက်ဆိုင် ရာအာဏာပိုင်များ၏ ခွင့်ပြု ချက်ဖြင့် ပြန်လည် ပြေးဆွဲသွားမည်ဟုသတင်းထုတ် ပြန်ခဲ့သည်။ လက်မှတ် ဝယ်ယူထားသော ခရီးသည်များ အနေဖြင့် ခရီးသွားရက်ပြောင်း လဲခြင်းတစ် ကြိမ် အခမဲ့(ခရီးစဉ်များ ပြန်လည်ပျံသန်းသည့် ရက်မှ တစ်ပတ်အတွင်း)၊ ဝယ်ယူထားသည့် တန်ဖိုးအတိုင်း ငွေအပြည့်ပြန်အမ်းခြင်း တို့အား ပြုလုပ်ပေးသွားမည်ဟု သိရသည်။
စစ်ကိုင်းမြို့ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အား ပြင်းငလျင် လှုပ်ခတ်မှုကြောင့် မန္တလေးနှင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့တွင် ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။
အင်အားပြင်းငလျင်ကြောင့် မန္တလေးလေဆိပ် အဆောက်အအုံအတွင်းပိုင်းရှိ မျက်နှာ ကျက်များ ပြိုကျခြင်း၊ အအောက်အအုံထိခိုက်ပျက်စီးမှုအချို့ ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ငလျင်လှုပ်နေစဉ်အတွင်း လေ ယာဉ်စီးခရီးသည်များ လေဆိပ်အဆောက်အ အုံမှ ဝေးရာသို့ ထွက်ပြေးရပြီး ဘေးကင်းလုံခြုံ ရေးအတွက် လေယာဉ်ပြေးလမ်းအနီးတွင် စုရပ်၍ စောင့်ဆိုင်းမှုများ ရှိခဲ့ပြီး လေယာဉ်ခရီး စဉ်များလည်း ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။
ထို့ပြင် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်လည်း ငလျင်ကြောင့် ထိခိုက်ဆုံး ရှုံးမှုများ ရှိခဲ့ကြောင်း သိရသည်။
ယင်းပြင် နေပြည်တော်လေဆိပ်ရှိ တာဝါတိုင် ပြိုကျမှု ရှိခဲ့ပြီး လေကြောင်းထိန်းဝန်ထမ်းအချို့ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။















