နွေအပူဒဏ်နှင့် ကျန်းမာရေး အသိ၊ ကျန်းမာရေး သတိ

နွေအပူဒဏ်နှင့် ကျန်းမာရေး အသိ၊ ကျန်းမာရေး သတိ
Published 23 March 2025

(၁)

ပြီးခဲ့သည့် ရက်ပိုင်းက ကမ္ဘာ့အပူဆုံး မြို့ ၁၅ မြို့တွင် မြန်မာနိုင်ငံက မြို့နှစ်မြို့ ပါဝင် ခဲ့သည်။

ကမ္ဘာ့မိုးလေဝသအခြေအနေများကို ထုတ်ပြန်ပေးနေသည့် eldoradoweather ၏ မတ် ၁၇ ရက် မွန်းလွဲပိုင်းဖော်ပြချက်အရ ကမ္ဘာ့အပူဆုံး မြို့ ၁၅ မြို့တွင် မြန်မာနိုင်ငံမှ ချောက်မြို့နှင့် မကွေးမြို့တို့ ပါဝင်ခဲ့ခြင်းလည်း ဖြစ်သည်။

ကမ္ဘာ့အပူဆုံး မြို့ ၁၅ မြို့အနက် မကွေး တိုင်းဒေသကြီး ချောက်မြို့သည် အဆင့် ၂ နေရာ တွင် ရှိနေကြောင်း eldoradoweather ၏ ဖော်ပြမှုအရ သိရသည်။

မကွေးမြို့မှာမူ အဆင့် ၁၃ နေရာတွင် ရပ်တည်ခဲ့သည်။

ချောက်မြို့သည် အပူချိန် ၄၄ ဒသမ ၃ ဒီဂရီစင်တီဂရိတ်ဖြင့် အဆင့် ၂ နေရာတွင် ရပ်တည်ခဲ့ပြီး ကမ္ဘာ့အပူဆုံးမြို့ဖြစ်သည့် နိုက် ဂျာနိုင်ငံ တီလာဘီရီမြို့ထက် အပူချိန်အနည်း ငယ်သာ လျော့နည်းသည်ကို တွေ့ရသည်။

ထို့အတူ မကွေးမြို့သည်လည်း အပူချိန် ၄၃ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ဖြင့် အဆင့် ၁၃ နေရာတွင် ရပ်တည်ခဲ့သည်။

ကမ္ဘာ့အပူဆုံး မြို့ ၁၅ မြို့တွင် နိုက်ဂျာ နိုင်ငံမှ လေးမြို့၊ မြန်မာနိုင်ငံက နှစ်မြို့၊ မာလီ နိုင်ငံက နှစ်မြို့၊ ဘာကီနာဖာဆိုနိုင်ငံ သုံးမြို့၊ ဆီနီဂေါနိုင်ငံက နှစ်မြို့၊ တိုဂိုနိုင်ငံနှင့် ကင်မ ရွန်းနိုင်ငံက တစ်မြို့စီ ပါဝင်သည်။

          မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနကလည်း နေ့အပူချိန်များနှင့်ပတ် သက်၍ မတ် ၁၉ ရက်က ထုတ်ပြန်ခဲ့သည်။

          မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ နေ့အပူချိန် များတွင် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်တိုင်းဒေသကြီးအောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည် နယ်  (မြောက်ပိုင်း) တို့တွင် မတ်လ၏ ပျှမ်းမျှ အပူချိန်ထက် သုံးဒီဂရီဆဲလ်စီးယပ်နှင့် နေ ပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ကယားပြည် နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်  နယ် (တောင်ပိုင်း) တို့တွင် မတ်လ၏ ပျှမ်းမျှ အပူချိန်ထက် နှစ်ဒီဂရီဆဲလ်စီးယပ် ပိုခဲ့ကြောင်း၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မတ် လ၏ ပျှမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ကြောင်း သိရသည်။

          မတ် ၁၈ ရက်တွင် ဖြစ်ပေါ်ခဲ့သော ထူး ခြားသည့် နေ့အပူချိန်များတွင် ချောက်မြို့ နယ်$ ၄၄ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်၊ မြင်းခြံ မြို့နှင့် မင်းဘူးမြို့တို့၌ ၄၂ ဒီဂရီဆဲလ်စီးယပ််၊ ဆင်ဖြူကျွန်းမြို့၌  ၄၁ ဒသမ ၇ ဒီဂရီဆဲလ်စီး ယပ်၊ မကွေးမြို့၌ ၄၁ ဒသမ ၈ ဒီဂရီဆဲလ်စီး ယပ်၊ ညောင်ဦးမြို့၌ ၄၁ ဒသမ ၇ ဒီဂရီဆဲလ်စီး ယပ််၊ တောင်တွင်းကြီးမြို့$ ၄၁ ဒီဂရီဆဲလ်စီး ယပ််၊ မန္တလေးမြို့ တံတားဦး (လေကြောင်းမိုး လေဝသ)နှင့် စစ်ကိုင်းမြို့တို့$ ၄၀ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ််နှင့် အောင်လံမြို့နှင့် မြင်းမူ မြို့တို့၌  ၄၀ ဒသမ ၇ ဒီဂရီဆဲလ်စီးယပ််တို့ရှိ ခဲ့ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

           သို့သော် နေပြည်တော် အပါအဝင် တိုင်းခုနစ်ခုတွင် ၄၀ ဒီဂရီစင်တီဂရိတ်အထိ အပူချိန်များ မြင့်တက်လာနိုင်သော်လည်း အပူလှိုင်းဖြတ်ခြင်း၊ ထူးခြားသည့်အပူချိန်မြင့် တက်ခြင်းများမဟုတ်ဟု မိုးလေဝသ လေ့လာ စောင့်ကြည့်သူ ဦးဝင်းနိုင်က ပြောကြားထား သည်။

          “မတ် ၁၄ ရက်မှ ၂၀ ရက်အတွင်း ရန် ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ နေပြည် တော်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်း တိုင်း (အောက်ပိုင်း) ဒေသတွေမှာ နေ့အပူချိန် တွေ ၃၉ဒီဂရီ စင်တီဂရိတ် နှင့် ၄ဝဒီဂရီ စင်တီ ဂရိတ်အထက်အထိ ဆက်လက်မြင့်တက်လာ နိုင်ပါမယ်။ နွေရာသီကာလ (မတ်လမှ မေလ အတွင်း) မှာ ဒီဒေသတွေအတွင်း ပုံမှန်မြင့် တက်နေတဲ့ အပူချိန်တွေလဲ ဖြစ်တာကြောင့် ထူးခြားသော အပူချိန်မြင့်တက်ခြင်းမဟုတ်၊ အပူလှိုင်းဖြတ်ခြင်းလည်း မဟုတ်ပါ” ဟု ဦး ဝင်းနိုင်က ၎င်းင်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

         

          (၂)

          ထိုသို့ အပူချိန်များ မြင့်တက်လာသည့် အတွက် အပူဒဏ်ကို ကြိုတင်ကာကွယ်နိုင် ရန် ကျန်းမာရေးဝန်ကြီးဌာနက သတိပေးချက် များ ထုတ်ပြန်ခဲ့သည်။

          အပူဒဏ်ကို ကြိုတင်ကာကွယ်နိုင်ရန် အရိပ်ရ၍ အေးမြသောနေရာများတွင် နေ ရန်၊ မိမိ၏ အသားကို နေရောင်ခြည်နှင့် တိုက် ရိုက်မထိတွေ့စေရန် လက်၊ လည်ပင်းနှင့် ပခုံး တို့ကို လုံခြုံသော အရောင်ဖျော့သည့် ပွပွ ချောင်ချောင်အထည်များ ဝတ်ဆင်ရန်၊ နေ့ လယ်နေ့ခင်း အပြင်သွားပါက ထီးနှင့် ဦးထုပ် ဆောင်းရန်၊ ရေများများ သောက်ရန် စသည့်  အချက်များကို လိုက်နာဆောင်ရွက်ရန် ကျန်း မာရေးဝန်ကြီးဌာနက သတိပေးထားသည်။

          ထို့ပြင် ရှောင်ကြဉ်ရန် အချက်များအနေ ဖြင့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ကြရန်၊ ပူပြင်းသည့် နေရောင်အောက်တွင် အလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားပြုလုပ်ခြင်းတို့ကို တတ်နိုင် သမျှ ရှောင်ကြဉ်ကြရန်၊ နေပူထဲမှ ပြန်လာပြီး ချက်ချင်းရေချိုးခြင်းကို ရှောင်ကြဉ်ရန်၊ ပူပြင်း သော နေရောင်အောက်မှ အလွန်အေးသော အခန်းနှင့် ကားအတွင်းသို့ ချက်ချင်းဝင်ရောက် ခြင်း၊ အလွန်အေးသောအခန်းနှင့် ကားအတွင်း မှ ပူပြင်းသော နေရောင်ထဲသို့ ချက်ချင်းထွက် ခြင်းတို့ကို ရှောင်ကြဉ်ရန်နှင့် အရက်သေစာ သောက်စားခြင်းကို ရှောင်ကြဉ်ရန် ကျန်းမာ ရေးဝန်ကြီးဌာနက သတိပေးထားသည်။

          ထို့ပြင် အပူဒဏ်အန္တရာယ်ကို သတိပြု ရမည့်သူများတွင် သက်ကြီးဘိုးဘွားများနှင့် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့ တိုက်မိခင်များ၊ ဆီးချို၊ နှလုံး၊ သွေးတိုး စသဖြင့်  နာတာရှည်ရောဂါရှိသူများနှင့် စိတ်ကျန်းမာ ရေးချို့ယွင်းသူများ၊ ကာယလုပ်သားများ၊ အားကစားသမားများ၊ ဝလွန်းသောသူများ၊ အရက်စွဲသောသူများနှင့် မူးယစ်ဆေးသုံးစွဲ သူများ ပါဝင်သည်။

          ထို့ပြင် သတိပြုရမည့် အပူဒဏ်အန္တရာယ် များနှင့်ပတ်သက်၍လည်း ကျန်းမာရေးဝန် ကြီးဌာနက သတိပေးချက် ထုတ်ပြန်ခဲ့သည်။

          အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း နှင့် သတိလစ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ကို ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထား သည်။

          အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း တွင် ဂနာမငြိမ်ခြင်း၊ ခေါင်းမူးနောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ တစ်ကိုယ်လုံး နုံးချည့်ပျော့ခွေ ခြင်းနှင့်  ကြွက်တက်ခြင်း၊ ချွေးအလွန်အကျွံ ထွက်ခြင်းကြောင့် ခန္ဓာကိုယ်အရေပြားအေး ၍ စိုစွတ်ခြင်း၊  ခန္ဓာကိုယ် အပူချိန်မြင့်တက် ခြင်း စသည့်လက္ခဏာများ ဖြစ်ပေါ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

          အပူဒဏ်ကြောင့် သတိလစ်ခြင်းတွင် ခန္ဓာကိုယ် အပူချိန် အလွန်အကျွံမြင့်တက်လာ ခြင်း၊ အရေပြားပူ၍ ခြောက်သွေ့ခြင်း (သို့မ ဟုတ်) ချွေးခန်းခြောက်ခြင်း၊ ကယောင်က တမ်းဖြစ်ခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီး    ဌာနက ထုတ်ပြန်ထားသည်။

          အပူဒဏ်အန္တရာယ်ကျရောက်သည့် လူနာကို အရေးပေါ်ရှေးဦးပြုစုနည်းအဖြစ် လူနာကို အရိပ်ရပြီး အေးမြသောနေရာသို့ ရွေ့ထားခြင်း၊ လေပန်ကာ၊ လေအေးပေးစက် ဖွင့်ပေးခြင်းနှင့် မရှိပါက ယပ်ခတ်ပေးခြင်း၊ လူနာ၏ ခြေရင်းဘက်ကို မြှင့်ထားပေး၍ ပက်လက်အနေအထားဖြင့်ထားခြင်း၊ လူနာ ၏ အဝတ်အစားများကို ချွတ်ခြင်း၊ လူနာ၏ လည်ပင်း၊ ချိုင်းနှစ်ဖက်၊ ပေါင်နှစ်ဖက်တို့ကို ရေပတ်တိုက်ခြင်း၊ လူနာကောင်းစွာ သတိရ ပါက ရေအေးအေး (သို့မဟုတ်) ဓာတ်ဆား ရည်တိုက်ခြင်းတို့ကို ပြုလုပ်ပေးရမည်ဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆို သည်။

          အပူဒဏ်ကြောင့် သတိလစ်ခြင်းဖြစ်ပွား မည့် လက္ခဏာများ ပေါ်ပေါက်ပါက အသက် အန္တရာယ်ထိခိုက်နိုင်သဖြင့် နီးစပ်ရာ ဆေးရုံ ဆေးခန်းသို့ ချက်ချင်းပို့ဆောင်သင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

         

          (၃)

          အပူချိန်မြင့်တက်လာသည်နှင့်အမျှ ခရမ်း လွန်ရောင်ခြည်အန္တရာယ်မှာလည်း လူသား များအပေါ်တွင် သက်ရောက်မှုရှိသည်။

          ခရမ်းလွန်ရောင်ခြည်သည် သာမန် မျက်စိနှင့် မမြင်နိုင်သော ဓာတ်ရောင်ခြည် တစ်မျိုးဖြစ်သည်။

          လူသားများ မြင်နိုင်သည့် ခရမ်းရောင် ထက် ကြိမ်နှုန်းနှင့် လှိုင်းအလျားတို့ သာလွန် နေသည့်အတွက်ကြောင့် ခရမ်းလွန်ရောင် ခြည်ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။

           ခရမ်းလွန်ရောင်ခြည် ခေါ်  ultraviolet ကို အင်္ဂလိပ်လို  အတိုကောက်အားဖြင့် UV ဟု ခေါ်ဝေါ်ကြသည်။

          ထူးခြားချက်အနေဖြင့် ခရမ်းလွန်ရောင် ခြည်ကို မိကျောင်းများနှင့် ငှက်ငယ်အများစု ကသာ မြင်နိုင်သည််။

          ခရမ်းလွန်ရောင်ခြည်သည် နေရောင် ခြည်ထဲတွင် ပါဝင်သည့် ဓာတ်ရောင်ခြည် တစ်မျိုးဖြစ်ပြီး ပိုးမွှားများကိုလည်း သေစေနိုင် သည့်အတွက် ခရမ်းလွန်ရောင်ကြည်ဓာတ် အနည်းငယ်သာ ပါဝင်မှုရှိမည်ဆိုလျှင် အကျိုး ရှိနိုင်သော်လည်း ပါဝင်မှုများလွန်းပါက လူ ကို အန္တရာယ်ဖြစ်စေနိုင်သည်။

          ကမ္ဘာ့လေထု၏ အမြင့်ဆုံးအပိုင်း$ ရှိ သည့် အိုဇုန်းလွှာသည် ခရမ်းလွန်ရောင်ခြည် အများအပြားကို စုပ်ယူထားပေးနိုင်ပြီး မြေ ပြင်$ နေထိုင်သည့် လူနှင့် သတ္တဝါများ တိုက် ရိုက်ထိတွေ့နိုင်မူကို လျှော့ချပေးသည်။

          သို့သော်နောက်ပိုင်းတွင် မော်တော်ယာဉ် များနှင့် စက်မူလုပ်ငန်းများက ထုတ်လွှင့်သည့် ဓာတ်ငွေ့များကြောင့် အိုဇုန်းလွှာ ပျက်စီးလာ ပြီး ကမ္ဘာပေါ်ကို ခရမ်းလွန်ရောင်ခြည် ကျ ရောက်မူနှုန်းမှာ မြင့်တက်လာနေကြောင်းသိပ္ပံပညာရှင်များက ဆိုထားသည်။

          ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း မြင့် မားစွာရှိနေသည့်အချိန်များတွင် ခရမ်းလွန် ရောင်ခြည်နှင့် ထိတွေ့မှုကြောင့် နေလောင် ခြင်း၊ အသားရောင် ညိုမည်းလာခြင်းတို့ကို ဖြစ်စေနိုင်သည်။

          ထိုသို့ ထိတွေ့မှု ကြာလာသည့်အခါတွင် မျက်စိတိမ်စွဲခြင်း၊ အရေပြားများ အရွယ်မ တိုင်မီ အိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်း လာခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်း စသည့် ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ကြောင်း ကျန်း မာရေးဝန်ကြီးဌာနက သတိပေးထားသည်။

     ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင် မည့်နည်းလမ်းများအဖြစ် (၁) ခရမ်းလွန် ရောင်ခြည် မြင့်မားစွာကျရောက်နိုင်သည့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်းတွင် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်ရန်၊ (၂) အပြင်ထွက် ပါက မိမိအသားကို နေရောင်ခြည်နှင့် တိုက် ရိုက်မထိတွေ့မိစေရန် မျက်နှာ၊ လည်ပင်းနှင့် ပခုံးတို့ကိုပါ လုံခြုံသော ထီး၊ ဦးထုပ်စသည် တို့ကို ဆောင်းသွားရန်၊ ခရမ်းလွန်ရောင်ခြည် အလွယ်တကူ မဖောက်နိုင်သော ချည်သား ထူထူပွပွ အဝတ်အထည်များကို ဝတ်ဆင်ရန်၊ ခရမ်းလွန်ရောင်ခြည်သည် မျက်စိကိုလည်းထိခိုက်စေနိုင်သဖြင့် ခရမ်းလွန်ရောင်ခြည်ကို ၉၉ ရာခိုင်နှုန်းအထိ အကာအကွယ်ပေးနိုင် သည့် နေကာမျက်မှန်ကို တပ်ဆင်ရန်၊ (၃) အဝတ်ကင်းလွတ်နေသောလက်၊ လည်ပင်း နှင့် ပခုံး စသည့်နေရာများကို သနပ်ခါးထူ ထူ (သို့မဟုတ်) SPF 15+ ပါဝင်သောနေ ရောင်ခံလိမ်းဆေးကို နေရောင်ခြည်ထဲ မ ထွက်မီ ၁၅ မိနစ်ခန့် ကြိုလိမ်းရန်၊ နေရောင် ခံလိမ်းဆေး တစ်ခါလိမ်းပြီး နှစ်နာရီ ကြာပြီး တိုင်း တစ်ခါထပ်၍ လိမ်းပေးရန်၊ (၄) ကလေး ငယ်များနှင့် သက်ကြီးဘိုးဘွားများသည် ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို ပိုမိုခံစား ရနိုင်သဖြင့် အထူးဂရုပြုဆင်ခြင်ရန် လိုအပ် ပြီး အသက်တစ်နှစ်အောက် ကလေးငယ်များ ကို နေပူထဲသို့ခေါ်ဆောင်ခြင်းမပြုနှင့် ကလေး များကို အရိပ်ထဲတွင်သာ ကစားစေရန် ကျန်း မာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

          မည်သို့ပင်ဆိုစေကာမူ လက်ရှိတွင် နွေ ရာသီရောက်ရှိလာပြီး အပူချိန်မြင့်တက်လာ မှုများကြောင့် အသွားအလာကို သတိနှင့်ယှဉ် နိုင်ရန် တိုက်တွန်းရေးသားလိုက်ရပါသည်။

Most Read

Most Recent