၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာနပေါင်း ၈၁၇ ခုရှိပြီး ဖြေဆိုရန် စာရင်းရှိလူဦးရေ ၂၂၀၈၄၃ ဦးအနက် မြန်မာစာဖြေဆိုခဲ့သူ ၂၀၈၈၈၉ ဦးရှိပြီး ပျက်ကွက်သူ ၁၁၉၅၄ ဦးရှိ

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာနပေါင်း ၈၁၇ ခုရှိပြီး ဖြေဆိုရန် စာရင်းရှိလူဦးရေ ၂၂၀၈၄၃ ဦးအနက် မြန်မာစာဖြေဆိုခဲ့သူ ၂၀၈၈၈၉ ဦးရှိပြီး ပျက်ကွက်သူ ၁၁၉၅၄ ဦးရှိ
Published 18 March 2025

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာနပေါင်း ၈၁၇ ခုရှိပြီး ဖြေဆိုရန် စာရင်းရှိလူဦးရေ ၂၂၀၈၄၃ ဦးအနက် မြန်မာစာဖြေဆိုခဲ့သူ  ၂၀၈၈၈၉ ဦးရှိပြီး ပျက်ကွက်သူ ၁၁၉၅၄ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ကို မတ် ၁၇ ရက်က စတင်ကျင်းပရာ နိုင်ငံခြားစာစစ်ဌာနအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြန်မာစာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၀၈၈၈၉ ဦးရှိကြောင်း သိရသည်။

ယခုနှစ်တွင် နိုင်ငံခြားစာစစ်ဌာန ၁၃ ခုနှင့် ပြည်တွင်းစာစစ်ဌာန ၈၀၄ ခု စာစစ်ဌာန စုစုပေါင်း ၈၁၇ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၂၂၀၈၄၃ ဦးရှိပြီး စာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ်လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၀၈၈၈၉ ဦး၊ ပျက်ကွက် ၁၁၉၅၄ ဦးရှိကာ ဖြေဆိုသူ ၉၄ ဒသမ ၅၉ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့သည်။

အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၇ ရက်က မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုပြီး မတ် ၁၈ ရက် အင်္ဂါနေ့တွင် အင်္ဂလိပ်စာဘာသာရပ်၊ မတ် ၁၉ ရက် ဗုဒ္ဓဟူးနေ့တွင် သင်္ချာဘာသာရပ်၊ မတ် ၂၀ ရက် ကြာသပတေးနေ့တွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်၊ မတ် ၂၁ ရက် သောကြာနေ့တွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်၊ မတ် ၂၂ ရက် စနေနေ့တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent