ရန်ကုန်တိုင်းဒေသကြီးအတွင်း (၁၀)နှစ်တာ ကာလအတွင်း မီးလောင်မှု အကြိမ် (၂၄၇၇) ကြိမ် ဖြစ်ပွားခဲ့ပြီး မီးလောင်မှု ဖြစ်စဉ်များကြောင့် ငွေကျပ် (၁၁၈) ဘီလီယံကျော်ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ ဝန်ကြီးချုပ်ပြောကြား

ရန်ကုန်တိုင်းဒေသကြီးအတွင်း (၁၀)နှစ်တာ ကာလအတွင်း မီးလောင်မှု အကြိမ် (၂၄၇၇) ကြိမ် ဖြစ်ပွားခဲ့ပြီး မီးလောင်မှု ဖြစ်စဉ်များကြောင့် ငွေကျပ် (၁၁၈) ဘီလီယံကျော်ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ ဝန်ကြီးချုပ်ပြောကြား
Published 6 May 2026

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၆ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ (၁၀)နှစ်တာ ကာလအတွင်း မီးလောင်မှု အကြိမ် (၂၄၇၇) ကြိမ် ဖြစ်ပွားခဲ့ပြီး မီးလောင်မှု ဖြစ်စဉ်များကြောင့် ငွေကျပ် (၁၁၈) ဘီလီယံကျော်ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ ဝန်ကြီးချုပ်ဦးအောင်နိုင်သူကပြောကြားခဲ့သည်

မေ ၅ ရက်၊ နံနက်ပိုင်းရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်၏ စစ်ရေးပြကွင်း၌ ပြုလုပ်ခဲ့သည့် နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ ဝန်ကြီးချုပ်ဦးအောင်နိုင်သူ တက်ရောက်မိန့်ခွန်းပြောကြားရာတွင် ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြောကြားရာတွင် ယနေ့ခေတ်မှာ မြိုပြ၏ လူမှုစီးပွားတိုးတက်မှုများ၊ စက်မှုလုပ်ငန်း တိုးတက်များပြားလာခြင်းနှင့်အတူ မီးဘေးအန္တရာယ်ဟာ တစ်ပါတည်း ဖြစ်ပေါ်လာသည့် စိန်ခေါ်မှု တစ်ရပ်ဖြစ်ပါကြောင်း၊  ရန်ကုန်တိုင်းဒေသကြီးမှာ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ (၁၀)နှစ်တာ ကာလအတွင်း မီးလောင်မှု အကြိမ် (၂၄၇၇)ကျော်  ဖြစ်ပွားခဲ့ပြီး ဆုံးရှုးမှုခန့်မှန်းတန်ဖိုး ငွေကျပ် (၁၁၈) ဘီလီယံကျော်ခန့်ရှိခဲ့ပါကြောင်း၊  နှစ်စဉ် မီးလောင်မှု (၂၄၇) ကြိမ်ခန့်ဖြစ်ပွားပြီး နှစ်စဉ်(၁၁)ဘီလီယံခန့် ဆုံးရှုးနေတာကို တွေ့ရှိရကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မီးလောင်မှုလျော့နည်းကျဆင်းစေရေး တွန်းအားပေး ဆောင်ရွက်စေခဲ့ရာ ၂၀၂၄ ခုနှစ်မှာ မီးလောင်မှု ၂၄၁ ကြိမ်၊ ၂၀၂၅ ခုနှစ်မှာ မီးလောင်မှု ၂၂၇ ကြိမ်ဖြစ်ပွားခဲ့သည့်အတွက် နှစ်အလိုက် မီးလောင်မှု အကြိမ်ရေနှင့် ဆုံးရှုးမှုတန်ဖိုး လျော့နည်းကျဆင်းလာခြင်းသည် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲဝင်များ၊ အရန်မီးသတ်တပ်ဖွဲဝင်များ၊ သီးသန့်မီးသတ် တပ်ဖွဲဝင်များ၏ မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်း များ ကြိုးစားဆောင်ရွက်မှုများအပေါ် အသိအမှတ်ပြု ဂုဏ်ယူပါကြောင်း ၊ မီးသတ်တပ်ဖွဲအနေနဲ့ သဘာဝဘေးအန္တရာယ်များနဲ့ အခြားသော ရုတ်တရက် ဖြစ်ပွားတတ်သည့် ဘေးအန္တရာယ်များမှာလည်း ကူညီ ကယ်ဆယ် ဆောင်ရွက်ရတာကြောင့် ယနေ့ခေတ် မီးသတ်တပ်ဖွဲဟာ မီးငြှိမ်းသတ်ရေးလုပ်ငန်း တစ်ခုတည်း သာမက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအပြင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် အ ရေးပေါ် ဆေးအကာအကွယ်ပေးခြင်းလုပ်ငန်းများစသည့်  ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများကို ချက်ချင်း တုံပြန်ဆောင်ရွက်ရတာ ဖြစ်သည့်အတွက် “မြန် ၃ မြန်”၊ “သင့် ၄ သင့်” ဆောင်ပုဒ်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားဖိုလည်း မှာကြားလိုကြောင်း ပြောကြားခဲ့သည်၊

မီးသတ်တပ်ဖွဲဝင်များ အနေဖြင့်မိမိတပ်ဖွဲရဲ့ ရပ်တည်ချက်များ ရည်မှန်းချက် တာဝန်များနှင့် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲဥပဒေပါ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်  အများပြည်သူဘေးကင်း လုံခြုံရေးအလိုငှာ အထပ်မြင့်အဆောက်အဦများ၊ စက်ရုံ/အလုပ်ရုံများ၊ ဟိုတယ်/မိုတယ်များ၊ Shopping Center ၊ ဈေး စသည့် အဆောက်အဦများ တည်ဆောက်ရာမှာလည်းကောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များ ဆောင်ရွက်ရာမှာလည်းကောင်း မီးဘေး လုံခြုံရေးနှင့်စပ်လျဉ်းပြီး လိုက်နာဆောင်ရွက်ရန် လိုအပ်တဲ့ မီးဘေး လုံခြုံရေးဆိုင်ရာစံချိန်စံညွှန်းသတ်မှတ်ချက်များ(၂၀၂၀)ကို ပြည်သူများအနေနှင့့် နားလည်သဘောပေါက်အောင် အသိပညာပေးစည်းရုံးဆောင်ရွက် သွားဖို လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်

 

Most Read

Most Recent