မြန်မာနိုင်ငံဟာ တရားဥပဒေစိုးမိုးရေး နေရာစုံမှာ လျော့ရဲမှုတွေ ရှိလာတယ်လို့ သုံး သပ် မှုတွေ နဲ့အတူ ရန်ကုန်မြို့နေလူထုအနေနဲ့ မလုံခြုံမှုတွေကို နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရ ပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့မှာ နေ့စဉ် ခါးပိုက်နှိုက်တာတွေ၊ လုယက်တာတွေကစလို့ အနုကြမ်းစီးတာတွေ၊ ဓားပြတိုက်တာတွေ ဖြစ်ပွားနေပါတယ်။
ဒီရက်ပိုင်းအတွင်း ရန်ကုန်မြို့မှာ အနုကြမ်း စီးမှုတွေ၊ လုယက်မှု ဖြစ်စဉ်တွေကြောင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့အထိ ဖြစ်လာသလို လူသေဆုံးတာတွေလည်း ခပ် စိပ်စိပ် ဖြစ်ပွားလာပါတယ်။
ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးနေရာတွေ မှာသာမက မြို့လယ်ကောင်လို နေရာမျိုးမှာပါ လုယက်မှုဖြစ်စဉ်တွေ၊ အနုကြမ်းစီးတဲ့ဖြစ်စဉ် တွေကြောင့် မြို့နေလူထုရဲ့ နေ့စဉ်ဘဝနေ ထိုင်မှုမှာ လုံခြုံမှုမရှိတော့ပါဘူး။
တရားဥပဒေစိုးမိုးရေး လျော့ရဲလာတဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ လူသတ်ပြီး အနုကြမ်းစီးမှုတွေ၊ အသက်အန္တရာယ် ခြိမ်း ခြောက်ပြီး လုယက်တဲ့ဖြစ်စဉ်တွေကြောင့် မြို့ နေလူထုဟာ ကျီးလန့်စာစားနေရတဲ့ အခြေ အနေကို ရောက်ရှိလို့လာပါတယ်။
ရန်ကုန်မြို့ရဲ့ လက်ရှိအခြေအနေဟာ လမ်းပေါ်ထွက်လိုက်တာ နဲ့ လုယက်ခံရနိုင် သလို လိုင်းကား စီးရင်းနဲ့လည်း လုယက်တာ ကို ခံရနိုင်တဲ့ အခြေအနေမျိုးပါ။
နောက်ပြီး အိမ်ထဲမှာ နေရင်းနဲ့လည်း အနုကြမ်းစီးပြီး အသတ်ခံရနိုင်သလို ဆိုင်ထဲ မှာ အလုပ်လုပ်နေရင်းနဲ့လည်း ဓားပြတိုက်ခံရ ပြီး အသက်အန္တရာယ် သေဆုံးနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။
ဒီဖြစ်စဉ်တွေဟာ မြန်မာနိုင်ငံရဲ့ စီးပွား ရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ကြီးမှာ လက်ရှိ ဖြစ်ပျက်နေတာတွေပါ။
တစ်နေ့တခြား ခိုးဆိုးလုနှိုက်တွေ ပေါ များလာတဲ့ ရန်ကုန်မြို့မှာ မြို့နေလူထုရဲ့ လုံခြုံ မှုကတော့ မေးခွန်းထုတ်စရာတွေ ဖြစ်နေပါ တယ်။
အခုနောက်ပိုင်း ရန်ကုန်မြို့မှာ ဖြစ်ပွား လာတဲ့ ခိုးဆိုးလုနှိုက်တွေဟာ အရင်လို တုတ် ဓားလိုမျိုး လက်နက်တွေနဲ့ မဟုတ်တော့ဘဲ သေနတ်ကိုင်ပြီး လုယက်တဲ့ပုံစံမျိုးတွေ ဖြစ် လာပါပြီ။
လက်ရှိမှာတော့ လူနေအိမ်တွေ၊ ဆိုင် တွေအပြင် လုံခြုံရေးအပြည့်ယူထားတဲ့ ဘဏ် တွေ၊ ရွှေဆိုင်တွေကိုပါ သေနတ်နဲ့ ဓားပြတိုက် တဲ့ဖြစ်စဉ်တွေက ရန်ကုန်မြို့မှာ ခပ်စိပ်စိပ်ဖြစ် ပွားလာတာကို တွေ့ရပါတယ်။
ကြည်မြင်တိုင် ကမ်းနားလမ်းက သေနတ်နဲ့ ပစ်သတ်မှု
ကြည့်မြင်တိုင်မြို့နယ် စျေးကလေးရပ် ကွက် ကမ်းနားလမ်းနဲ့ ဗားကရာလမ်းထောင့် ကမ်းနားလမ်းပေါ်မှာ အမျိုးသားတစ်ယောက် ဇန်နဝါရီ ၆ ရက် ညနေပိုင်းက သေနတ်နဲ့ ပစ် သတ်ခံခဲ့ရပါတယ်။
ကမ်းနားလမ်းမှာ တပ်ဆင်ထားတဲ့ ဃဃ -ွှဠ မှတ်တမ်းအရ ကမ်းနားလမ်းဘေးမှာရပ် နေတဲ့ အမျိုးသားတစ်ယောက်က သေနတ်ကို ပီနံအိတ်နဲ့စွပ်ပြီး ကမ်းနားလမ်းလယ် ဘ လောက်တုံးပေါ်မှာ လမ်းလျှောက်နေတဲ့ အမျိုး သားကို နောက်ကနေ ပစ်ခတ်ပြီး ထွက်ပြေး ခဲ့တာ တွေ့ရပါတယ်။
သေဆုံးသူ အမျိုးသားရဲ့ ဘေးလွယ် အိတ်ထဲက ဦးအောင်ရှိန်အမည်ပါ ဗ့ဗ ဘဏ်စာအုပ်ကို တွေ့ရှိပေမဲ့ အဲဒီအမျိုးသား ဘယ်မှာနေထိုင်တယ်၊ ဘာအလုပ်လုပ်တယ်။ သေနတ်နဲ့ပစ်သွားတဲ့ အမျိုးသားနဲ့ ဘယ်လို ဘယ်အကြောင်းတွေ ရှိတယ်ဆိုတာကိုတော့ မသိပါဘူး။
ဒါပေမဲ့ လမ်းဖြတ်ကူးနေတဲ့ လူတစ်ဦး ကို သေနတ်နဲ့ ပစ်သတ်ဖို့က ဒီလောက်အထိ လွယ်ကူနေပြီလားဆိုတာ မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။
အဲဒီလူနှစ်ယောက်ကြားမှာ ဘယ်လိုအ ငြိုးတွေရှိရှိ၊ ဘယ်လိုအမုန်းတရားတွေရှိရှိ၊ ကားတွေသွားလာနေတဲ့ လူမြင်ကွင်းလမ်းမ ကြီးပေါ်မှာတော့ လူတစ်ယောက်ကို ကြက် ကလေး ငှက်ကလေးသတ်သလို သေနတ်နဲ့ ပစ်သတ်သွားတာကတော့ လုံခြုံရေးအရ မေး ခွန်းထုတ်ရမယ့်ကိစ္စလည်း ဖြစ်ပါတယ်။
မြို့လယ်ကောင်က ရွှေဆိုင်လုယက်ခံရမှု
ဇန်နဝါရီ ၈ ရက်က ပန်းဘဲတန်းမြို့နယ် လမ်း ၃၀ အလယ်ဘလောက်မှာ ဖွင့်ထားတဲ့ ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံခဲ့ရပါတယ်။
ဖြစ်စဉ်က ဒီလိုပါ။ ဇန်နဝါရီ ၈ ရက် မနက်ပိုင်းမှာ အမျိုးသားသုံးယောက်က လမ်း ၃၀ အလယ်ဘလောက် ပထမထပ်မှာ ဖွင့်ထား တဲ့ ရွှေချစ်သူ စိန်ရွှေရတနာဆိုင်ထဲကို ဝင်လာ ပြီး သေနတ်တစ်လက်နဲ့ ခြိမ်းခြောက်ကာ ပိုက်ဆံ နဲ့ ရွှေထည်တွေကို လုယူသွားခဲ့တာပါ။
ဒီလိုလုပြီးတဲ့အခါမှာ ဆိုင်ပိုင်ရှင်နဲ့ ဝန် ထမ်းတွေကို ရေချိုးခန်းထဲ ပိတ်လှောင်ခဲ့တယ် လို့ သိရပါတယ်။
ဒီဖြစ်စဉ်မှာ ထူးဆန်းတာက ခိုးဆိုးလု နှိုက်တွေဟာ အရင်ကလို နေရာမရွေးတော့ တာပါပဲ။
လမ်း ၃၀ ဆိုတာ ရန်ကုန်မြို့ရဲ့ မြို့လယ် ကောင်လို နေရာမျိုးပါ။
လူနေသိပ်သည်းသလို လူသွားလူလာ လည်း ရှုပ်ပါတယ်။
ဒါပေမဲ့ ဒီလိုနေရာမျိုးမှာ ဖွင့်ထားတဲ့ ရွှေ ဆိုင်ကို လူသုံးယောက်က သေနတ်တစ်လက်နဲ့ ဓားပြတိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ခိုးဆိုးလုနှိုက်တွေသာ လုပ် ချင်တယ်ဆိုရင် ဘယ်နေရာမှာဖြစ်ဖြစ် လုယက် ခံရနိုင်တယ်ဆိုတဲ့ အခြေအနေမျိုးနဲ့လည်း ရန်ကုန်မြို့နေ လူထုက ကြုံတွေ့နေရပါတယ်။
တာမွေမြို့နယ် အနုကြမ်းစီးမှု
မတ် ၁၀ ရက်က တာမွေမြို့နယ် မေတ္တာ ညွန့်ရပ်ကွက်က တိုက်ခန်းတစ်ခန်းမှာ အနု ကြမ်းစီးမှု ဖြစ်ပွားခဲ့ပါတယ်။
ဒီတစ်ခါ အလုခံရသူကတော့ အမျိုးသ မီးတစ်ဦးလည်း ဖြစ်ပါတယ်။
ဖြစ်စဉ်က ဒီလိုပါ။ အဲဒီအမျိုးသမီးက သူ့တိုက်ခန်းကနေ သူ့သမီးကို သွားကြိုဖို့အ ထွက် တံခါးကို သော့ပိတ်နေတဲ့အချိန်မှာပဲ လူ တစ်ယောက် <ကပ်<ကပ်အိတ်နဲ့ ခေါင်းကိုစွပ်ပြီး လည်ပင်းကို ဓားနဲ့ထောက်ခဲ့တာပါ။
ပြီးတော့ သော့ပြန်ဖွင့်ခိုင်းပြီး အိမ်ထဲ ရောက်တာနဲ့ အမျိုးသမီးရဲ့ခေါင်းကို ထုလိုက် ပါတယ်။
အမျိုးသမီး သတိမေ့သွားတော့မှ အိမ် ထဲက ပိုက်ဆံနဲ့ အတွင်းပစ္စည်းတွေ၊ ဖုန်းတွေ ကို ယူသွားတာပါ။
ဒီဖြစ်စဉ်မှာလည်း လူနေထူထပ်တဲ့ တာ မွေလိုနေရာ မေတ္တာညွန့်ရပ်ကွက်မှာ ဖြစ် သွားတာကို တွေ့ရပါတယ်။
မလုံခြုံတော့ဘူး
ဒီဖြစ်စဉ်တွေကြောင့် ရန်ကုန်မှာ ဘယ် နေရာဖြစ်ဖြစ် မလုံခြုံတော့ဘူးဆိုတာကို ပြသ နေတာလည်း ဖြစ်ပါတယ်။
ဒီလိုဖြစ်စဉ်တွေဟာ အခုမှ ဖြစ်လာတာ မဟုတ်ပါဘူး။ ရန်ကုန်မှာ ဒီလိုုဖြစ်စဉ်မျိုးတွေ ဖြစ်နေခဲ့တာ ကြာခဲ့ပါပြီ။
တရားဥပဒေစိုးမိုးရေးက နေရာတိုင်းမှာ လျော့ရဲလာတဲ့အတွက်ကြောင့်လည်း မြန်မာ နိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်လို နေရာမျိုးမှာတောင် နေ့ခင်းကြောင်တောင် အနုကြမ်းစီး၊ ဓားပြတိုက်တဲ့ အမှုမျိုးတွေက ဖြစ်ပွားနေတာပါ။
နောက်ပြီး ခိုးဆိုးလုနှိုက်ဖြစ်စဉ်တွေမှာ အဓိက ပြောင်းလဲလာတဲ့အရာက လက်နက် ပဲဖြစ်ပါတယ်။
လက်ရှိ ခိုးဆိုးလုနှိုက်တွေဟာ အရင်က လိုမျိုး တုတ်ဓားလက်နက်လောက်နဲ့ အနုကြမ်း စီး၊ ဓားပြတိုက်တဲ့ခေတ် မဟုတ်တော့ပါဘူး။
အနုကြမ်းစီး ဓားပြတိုက်ရာမှာ အနည်း ဆုံး ပစ္စတိုတစ်လက်လောက်တော့ ခိုးဆိုးလု နှိုက်တွေဆီမှာ ပါလာတာကို တွေ့ရပါတယ်။
ဒါဆို ဒီလက်နက်တွေက ဘယ်ကရသ လဲဆိုတာ မေးခွန်းထုတ်ရမယ့် အခြေအနေ ပါ။ ဒီလို ခိုးဆိုးလုနှိုက်တွေရဲ့ လက်ထဲကို သေနတ်တွေက ဘယ်လိုရောက်လာသလဲ ဆိုတာ အတော်လေးကို စိတ်ဝင်စားစရာ ကောင်းပါတယ်။
ဒီလိုသာ ခိုးဆိုးလုနှိုက်တွေရဲ့ လက်ထဲ မှာ သေနတ်တွေ ပေါများလာမယ်ဆိုရင် ပြည် သူတွေအတွက်က ဘယ်လိုမှ လုံခြုံနိုင်မယ့် အခြေအနေမျိုး မရှိတော့ပါဘူး။
အချိန်မရွေး နေရာမရွေး အနုကြမ်းစီး ခံရနိုင်သလို ဓားပြလည်း အတိုက်ခံရနိုင်ပါ တယ်။
ရန်ကုန်မြို့မှာ ခါးပိုက်နှိုက်တာတွေ၊ လု ယက်တာတွေ၊ အနုကြမ်းစီးတာတွေနဲ့ ဓားပြ တိုက်တာတွေက နေ့စဉ်နီးပါး ဖြစ်ပွားနေပါ တယ်။
မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး လျော့ရဲလာသလို ရှိလာတာကြောင့် တော ကြောင်တွေ လက်ခမောင်းခတ်နေတဲ့အတွက် နေရာအနှံ့အပြားမှာ ခိုးဆိုးလုနှိုက်တွေက ဖြစ်ပွားနေခဲ့တာလို့ သုံးသပ်မှုတွေ ရှိနေပါ တယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန် ကုန်မှာဆိုရင် လိုင်းကားပေါ်မှာ နေ့ခင်း ကြောင်တောင်ကြီးတောင် အုပ်စုလိုက် ဓား ထောက်ပြီး လူယက်မှုဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ တာလည်း ရှိခဲ့ပါတယ်။
ဒီလို လမ်းပေါ်မှာ၊ ကားပေါ်မှာ အုပ်စုဖွဲ့ လုယက်မှုဖြစ်စဉ်တွေ ကြောင့် မြို့နေလူထုဟာ မလုံခြုံမှုတွေကို အချိန်နဲ့အမျှ ခံစားနေရပါ တယ်။
တောကြောင်တွေက အုပ်စုဖွဲ့ပြီး ဓား ထောက်လုယက်တာတွေ၊ ရိုက်နှက်လုယက် တာတွေရှိလာတဲ့အတွက်ကြောင့်လည်း မလုံ ခြုံတော့ဘူးဆိုတဲ့ အသံတွေက ပြည်သူတွေ ကြားမှာ ကျယ်ကျယ်လောင်လောင်ထွက် ပေါ်နေပါတယ်။
ဒီလိုအခြေအနေမှာပဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လုံခြုံမှုမရှိရင် အထုပ် ပိုက်ပြီး ကင်းစောင့်အိပ်ရမယ်လို့ ၂၀၂၂ ခုနှစ် ကတည်းက ပြောဆိုထားပါတယ်။
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်က လုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “တိုင်း ပြည်သာယာဝပြောတယ်ဆိုတာ ငွေချမ်းသာ ဖို့လည်း ရှိလိမ့်မယ်။ စိတ်ချမ်းသာဖို့လည်း လို တယ်။ ငွေချမ်းသာဖို့၊ စိတ်ချမ်းသာဖို့လိုတယ်။ တရားဥပဒေစိုးမိုးရေးဖြစ်ဖို့လည်း လိုတယ်။ ဒါမှ တိုင်းပြည်သာယာဝပြောမှာပေါ့။ ဒါမှ မဟုတ်ရင် ကျွန်တော်တို့က တပူပူနဲ့။ ငွေက တော့ ချမ်းသာပါတယ်။ လုံခြုံမှုမရှိလို့ရှိရင် အထုပ်ပိုက်ပြီးတော့ ကင်းစောင့်ပြီး အိပ်နေရ မှာပေါ့။ ငါ့ပစ္စည်း ဘယ်အချိန်ဘာလုမလဲ ဆိုပြီး ဖြစ်နေရမှာ။ ဒါတွေကျလည်း ရှိသေး တာပေါ့” လို့ ပြောကြားခဲ့ပါတယ်။
နစကဥက္ကဋ္ဌက ဒီလိုပြောကြားခဲ့ပေမဲ့ လည်း ဒုစရိုက်မှုအပြည့်နဲ့ ရန်ကုန်ကတော့ အခုထက်ထိ လုံခြုံမှု မရှိသေးပါဘူး။
လက်ရှိဖြစ်ပျက်နေတာတွေနဲ့ ပတ်သက် ပြီး ဘယ်လိုတားဆီးမလဲဆိုတာကို လုံခြုံရေး ပိုင်းဆိုင်ရာ အစိုးရတာဝန်ရှိသူတွေအနေနဲ့ အစီအစဉ်တွေရေးဆွဲပြီး လက်တွေ့လုပ် ဆောင်ဖို့ လိုနေပါပြီ။ နေ့စဉ်နဲ့အမျှ အောက် ခြေက ပြည်သူတွေအနေနဲ့ မလုံခြုံမှုတွေနဲ့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့အတွက်ကြောင့် လည်း ဒီအတိုင်းသာဆက်ပြီးလွှတ်ထားမယ် ဆိုရင် ဒီထက်ပိုဆိုးဖို့ပဲ ရှိပါလိမ့်မယ်။










