■ ယနေ့ည ကစားမည့် ဥရောပဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ယနေ့ည ကစားမည့် ဥရောပဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 7 February 2025

■ FA ဖလား စတုတ္ထအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

မန်ယူ - လက်စတာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၈ ရက် နံနက် ၂:၃၀ နာရီ)

မန်ယူအသင်းရဲ့ ဂန္ထဝင်ကစားသမားဟောင်းတစ်ဦးဖြစ်သလို၊ မန်ယူအသင်းရဲ့ ယာယီနည်းပြဟောင်းလည်းဖြစ်ခဲ့ဖူးတဲ့ နစ္စတယ်ရွိုင်းအတွက် အသင်းဟောင်းနဲ့ ပြန်လည်ဆုံတွေ့ရမယ့် ပွဲဖြစ်တယ်။ ရူဘင်အာမိုရင်မ်အတွက်တော့ နည်းပြအဖွဲ့မှာ လက်မတွဲဖို့ ဆုံးဖြတ်ခဲ့တဲ့ နစ္စတယ်ရွိုင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲလည်းဖြစ်တယ်။ အိမ်ကွင်းမှာ ကစားရမယ့်ပွဲဖြစ်လို့ မန်ယူနိုက်တက်အတွက် အခွင့်အရေးကောင်းပါတယ်။ မန်ယူနိုက်တက်ပဲ ပဉ္စမအဆင့်ကို တက်သွားလိမ့်မယ်။  



■  လာလီဂါပွဲစဉ် (၂၃) ပွဲကြိုသုံးသပ်ချက် 

ဗယ်လက်ကာနို - ဗယ်လာဒိုလစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၈ ရက် နံနက် ၂:၃၀ နာရီ)

ဗယ်လာဒိုလစ်ရဲ့ လက်ရှိ အဝေးကွင်းကစားအားက အားရစရာ မရှိဘူး။ ပြီးတော့ အဝေးကွင်းဆိုရင် ဗယ်လာဒိုလစ်ရဲ့ခံစစ်ပိုင်းက အားနည်းလွန်းတယ်။ ဒီလိုအနေအထားနဲ့ အိမ်ကွင်းမှာ အမှားအယွင်းနည်းတဲ့ ဗယ်လက်ကာနိုကို တားဆီးနိုင်မယ့် ပုံမပေါ်ဘူး။ အိမ်ကွင်းမှာ နိုင်ပွဲဆက်နေတဲ့ ဗယ်လက်ကာနိုတို့ အနိုင်သေချာတဲ့ ပွဲမျိုး ဖြစ်တယ်။ ဗယ်လက်ကာနိုနဲ့ ဂိုးအများပဲ ရွေးထားရမယ့်ပွဲ ဖြစ်နေတယ်။



■ စီးရီးအေပွဲစဉ် (၂၄)  ပွဲကြိုသုံးသပ်ချက် 

ကိုမို - ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၈ ရက် နံနက် ၂:၁၅ နာရီ)

ဂျူဗင်တပ်စ်အနေနဲ့ အိမ်ကွင်းမှာ နိုင်ပွဲတွေဆက်လာပေမဲ့ အဝေးကွင်းတော့ စောင့်ကြည့်ရဦးမယ်။ ဂျူဗင်တပ်စ်အသင်း ဒီရာသီအဝေးကွင်း(၁၁)ပွဲမှာ တစ်ပွဲသာ အရေးနိမ့်ခဲ့ပေမဲ့ (၆)ပွဲအထိ သရေကျခဲ့ရတယ်။ ကိုမိုအသင်း နောက်ဆုံး(၄)ပွဲမှာ (၃)ပွဲ အရေးနိမ့်ခဲ့ပေမဲ့ ထိပ်သီးအသင်းတွေကို မမျှော်လင့်ဘဲ ဒုက္ခပေးတတ်တဲ့ အနေအထားရှိတယ်။ ဒါပေမဲ့ မူအာနီ ဂိုးမြူးနေတဲ့ ဂျူဗင်တပ်စ်ပဲ ကြိုက်တယ်။



■ ဘွန်ဒစ်လီဂါပွဲစဉ် (၂၁)  ပွဲကြိုသုံးသပ်ချက် 

ဘိုင်ယန်မြူးနစ် - ဝါဒါဘရီမင် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၈ ရက် နံနက် ၂:၀၀ နာရီ)

ဘိုင်ယန်မြူးနစ်အသင်းက အမှတ်ပေးပွဲ နောက်ဆုံး(၆) ပွဲဆက် အနိုင်ကစားထားတယ်။ ဟာရီကိန်း ဂိုးတွေဆက်တိုက် ပြန်ရနေတာကလည်း ဘိုင်ယန်အတွက် ပိုပြီးအားဖြစ်စေခဲ့ပါတယ်။ ဘိုင်ယန်အနေနဲ့ ဝါဒါဘရီမင်ကို ထိပ်တိုက်တွေ့ဆုံမှုတွေမှာ အပြတ်အသတ် အသာစီးရထားပေမဲ့ ပြီးခဲ့တဲ့ရာသီ မြူးနစ်ကွင်းမှာ အရေးနိမ့်ခဲ့ရတယ်။ အခုပွဲတော့ ဘိုင်ယန်ကိုပဲ ရွေးချယ်ချင်တယ်။



■ ပြင်သစ်လီဂူးပွဲစဉ် (၂၁) ပွဲကြိုသုံးသပ်ချက်

နန့်စ် - ဘရက်စ်  (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၈ ရက် နံနက် ၂:၃၀ နာရီ)

နန့်စ်က တန်းဆင်းဇုန်က လွတ်ဖို့ အားထည့်ကစားနေပြီး အိမ်ကွင်းမှာ အမှတ်ရအောင် ကစားလေ့ရှိတယ်။ ဘရက်စ်က ခြေစွမ်းမာကျောပြီး ဥရောပဝင်ခွင့်မှန်းနေတဲ့အသင်းပါ။ နန့်စ် အိမ်ကွင်းဖြစ်ပေမဲ့ ဘရက်စ်ကိုပဲ ကြိုက်တယ်။



PSG - မိုနာကို (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၈ ရက် နံနက် ၂:၃၀ နာရီ)

နှစ်သစ်မှာ မိုနာကိုရဲ့ခြေစွမ်းက အားရစရာ မရှိသေးဘူး။ အထူးသဖြင့် အဝေးကွင်းစွမ်းဆောင်ရည် တော်တော်လေး ကျဆင်းနေပြီး အဝေးကွင်းနောက်ဆုံး (၄) ပွဲဆက် နိုင်ပွဲပျောက်ထားတယ်။ PSG ကတော့ ၂၀၂၅ အစမှာ ပိုကောင်းလာပြီး ဒမ်ဘီလီ ဂိုးမြူးနေသလို တိုက်စစ်ပိုင်းကလည်း တော်တော်လေး တက်လာတယ်။ လက်ရှိ အဝေးကွင်း အားနည်းနေပုံမျိုး နဲ့ဆိုရင် မိုနာကိုအနေနဲ့ PSG အသင်းကို ယှဉ်နိုင်ဖို့ မလွယ်ဘူး။ ဒါ့ပြင် အစဉ်အလာအရလည်း မိုနာကိုအနေနဲ့ PSG ကွင်း မှာ ရုန်းကန်ရလေ့ရှိတယ်။ PSG အနိုင်သေချာပြီး နှစ်ဖက်သွင်း ဂိုးများနိုင်တယ်။

Most Read

Most Recent