ခါဘိက UFC ရဲ့ဂန္ထဝင်ဖိုက်တာပါ။ သူ့ရဲ့ ခမ်းနားကြီးကျယ်မှုက ကြယ်ရောင်လရောင်လို ဖြစ်ခဲ့ပါတယ်။ UFC သမိုင်းတစ်လျှောက် နိုင်ပွဲ ၂၉ ပွဲ ယူပြီး ရှုံးပွဲမရှိချန်ပီယံအဖြစ် ၂၀၂၀ ခုနှစ်မှာ အနားယူခဲ့သူ ခါဘိကို UFC လောကရဲ့ GOAT အဖြစ်သတ်မှတ်ထားတယ်။ အခု အစ္စလာမ်မာခါချက်ဗ်ကို ခါဘိနဲ့ နှိုင်းယှဉ်နေပါပြီ။ GOAT အသစ်အဖြစ် အမွှမ်းတင်နေပါတယ်။ အစ္စလာမ်မာခါချက်ဗ် က UFC 311 မှာ ရီနာတိုမွိုင်ကာနိုကို အနိုင်ယူပြီး လိုက်ဝိတ်တန်းချန်ပီယံခါးပတ်ကာကွယ်နိုင်ခဲ့တယ်။ သူက လိုက်ဝိတ် တန်းချန်ပီယံခါးပတ်ကို စံချိန်တင်လေးကြိမ်ဆက် ကာကွယ်နိုင်ခဲ့တာပါ။ UFC လိုက်ဝိတ်တန်း သမိုင်းတစ်လျှောက် ချန်ပီယံခါးပတ်ကိုလေးကြိမ်ဆက် ကာကွယ်နိုင်သူ မရှိခဲ့ပါဘူး။ UFC ရဲ့ Pound-for-Pound ရပ်တည်မှုမှာလည်း မာခါချက်ဗ်က ထိပ်ဆုံး ဖြစ်နေပါတယ်။ ရီနာတိုမွိုင်ကာနိုကို ပထမအချီ အစောပိုင်းမှာပဲ Brabo Choke နဲ့ အသက်ရှုမှားစေခဲ့တာပါ။ အဲဒီလိုပွဲသိမ်းတာမျိုးလုပ်ချင်နေတာကြာပြီလို့လည်း မာခါချက်ဗ် ကြွေးကြော်လိုက်ပါတယ်။ ပြီးတော့ မာခါချက်ဗ်က UFC ၀ိတ်တန်း သုံးခုချန်ပီယံ ဖြစ်ချင်တယ်လို့လည်းကြုံးဝါးခဲ့တယ်။
ခါဘိနဲ့ မာခါချက်ဗ်၊ UFC လိုက်ဝိတ်တန်းရဲ့ GOAT ဘယ်သူလဲ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
8 hours ago














