အနာဂတ်အသစ်ကို ရပ်ရှ်ဖို့ဒ်စဉ်းစားထားပြီးပြီလား

အနာဂတ်အသစ်ကို ရပ်ရှ်ဖို့ဒ်စဉ်းစားထားပြီးပြီလား
Photo : AFP
Photo : AFP
Published 19 December 2024
AK

မန်ယူနိုက်တက်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်က စိန်ခေါ်မှုအသစ်တွေရင်ဆိုင်ဖို့အသင့်ရှိနေပြီလို့ ပြောလိုက်ပါတယ်။ မန်ယူနိုက်တက်နည်းပြ အာမိုရင်မ်က ရပ်ရှ်ဖို့ဒ်ရဲ့ပေးဆပ်လိုစိတ်ကို သဘောမကျပါဘူး။ ဒါကြောင့်လည်းမန်ချက်စတာ ဒါဘီမှာ ရပ်ရှ်ဖို့ဒ်ကို လူစာရင်းထဲမထည့်ဘဲ ချန်လှပ်ခဲ့တယ်။ အဲဒီဆုံးဖြတ်ချက်ကြောင့် ရပ်ရှ်ဖို့ဒ်နဲ့ မန်ယူနိုက်တက်ကြား အနာဂတ်လှုပ်ခတ်လာပါတယ်။ အာမိုရင်မ်က မန်ချက်စတာဒါဘီမှာရပ်ရှ်ဖို့ဒ်ကို လူစာရင်းကနေချန်လှပ်ခဲ့တာဟာ စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာကြောင့်မဟုတ်ဘဲ ရပ်ရှ်ဖို့ဒ်ရဲ့ကွင်းတွင်းကွင်းပြင် အပြုအမူတွေပိုကောင်းလာစေချင်လို့ဆိုပြီး ပြောခဲ့ပါတယ်။

 

Most Read

Most Recent