■ ခရစ္စတီယန်လီရဲ့ တစ်ကျော့ပြန်အောင်ပွဲ မြင်ရမလား

■ ခရစ္စတီယန်လီရဲ့ တစ်ကျော့ပြန်အောင်ပွဲ မြင်ရမလား
Photo: ONE Championship
Photo: ONE Championship
Published 6 December 2024
AK

ခရစ္စတီယန်လီ The Warrior က (၂) နှစ်ကြာပွဲဝေးနေရာကနေ ချန်ပီယံကာကွယ်ပွဲဆင်နွှဲဖို့ အသင့်ရှိနေပါပြီ။ ဒီဇင်ဘာလ ၇ ရက်ကျရင် ကျင်းပမယ့် ONE Fight Night 26 မှာ လိုက်ဝိတ်တန်း MMA ကမ္ဘာ့ချန်ပီယံဆုအတွက် တူရကီဖိုက်တာ ရာဆူလော့ဗ်နဲ့ ထိုးရမှာပါ။ ရာဆူလော့ဗ်က သူ့ရဲ့ရှုံးပွဲမရှိရာဇဝင်ကို ONE မှာလည်း ထပ်ပြီးသက်တမ်းတိုးချင်နေတယ်။ "ကျွန်တော့်ဘဝမှာ အရှုံးဆိုတာရာဇဝင်မရှိပါဘူး"လို့ ရာဆူလော့ဗ် ကြွေးကြော်ပါတယ်။ ရာဆူလော့ဗ်က ပြိုင်ဘက်ကိုအညှာအတာမရှိ ပွဲသိမ်းတတ်ပါတယ်။ နပန်းကစားသမားဘဝကလာလို့ သူ့ရဲ့  takedown game က အားပါပြင်းထန်လွန်းပါတယ်။

 

Most Read

Most Recent