■ ဒုတိယလူ ဘယ်သူဖြစ်မလဲ  

■ ဒုတိယလူ ဘယ်သူဖြစ်မလဲ  
Photo: Getty Images
Photo: Getty Images
Published 6 December 2024
Wai Yan Aung

ဂွါဒီယိုလာရဲ့ ဦးဆောင်မှုနဲ့ မန်စီးတီးအသင်း ပရီးမီးလိဂ်ကို စိုးမိုးခဲ့ချိန်မှာ မန်စီးတီးကို ကျော်ဖြတ်နိုင်တဲ့အသင်းက လီဗာပူးလ်တစ်သင်းသာရှိခဲ့သလို၊ ဒုတိယနေရာရပ်တည်နိုင်တာလည်း မန်ယူ၊ လီဗာပူးလ်နဲ့ အာဆင်နယ် (၃) သင်းသာရှိပါတယ်။ လက်ရှိရာသီမှာ လီဗာပူးလ်က ဦးဆောင်သူနေရာ ရယူထားတာကြောင့် ကျန်နှစ်သင်းနဲ့ မန်စီးတီးကိုသာ ချိန်ထိုးရမယ့် အနေအထားပါ။ လောလောဆယ် မန်စီးတီးက ကစဉ့်ကလျားဖြစ်နေပြီး မန်ယူကလည်း နည်းပြသစ် အာမိုရင်မ်နဲ့ တည်ဆောက်နေရဆဲ အဆင့်မှာသာ ရှိပါသေးတယ်။ ဒါကြောင့် အာဆင်နယ်အသင်းက ဒုတိယနေရာအတွက် တစ်နည်းအားဖြင့် လီဗာပူးလ်ကို ဖိအားပေးဖို့အတွက် အလားအလာအကောင်းဆုံးလို့ သတ်မှတ်ကြတာပါ။

 

Most Read

Most Recent