မန်စီးတီးဂန္ထဝင်တိုက်စစ်မှူး အဂွဲရိုးက ပြိုင်ပွဲစုံ (၄)ပွဲဆက်ရှုံးနိမ့်ပြီး ရုန်းကန်နေရသည့် မန်စီးတီးကစားသမားများအနေဖြင့် နိုင်ပွဲများပြန်လည်ရယူရန်အတွက် အသင်းနည်းပြ ဂွါဒီယိုလာလိုစိတ်ထားမျိုး ထားရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ၂၀၀၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြိုင်ပွဲစုံ (၄) ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ် (၁၁) အပြီးတွင် အမှတ်ပေးဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်းနှင့် (၅) မှတ်အထိ ကွာဟသွားခဲ့သည်။
သို့သော် အသင်းဂန္ထဝင်ကစားသမား အဂွဲရိုးက နည်းပြ ဂွါဒီယိုလာရှိနေသည့်အတွက် မန်စီးတီးအသင်းအနေဖြင့် စိတ်ပူစရာမရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အဂွဲရိုးက ''မန်စီးတီး အခုလို အောင်မြင်နေတာ ဂွါဒီယိုလာကြောင့်ပါ။ ဂွါဒီယိုလာဟာ နိုင်ပွဲဆာလောင်စိတ်ကို ဘယ်လိုထိန်းထားရမလဲဆိုတာကို ကောင်းကောင်းသိပါတယ်။ သူက မန်စီးတီးရဲ့အဓိကလူဖြစ်ပြီး သူ့ကြောင့် ကစားသမားတွေ အောင်ပွဲဆာလောင်နေကြတာပါ။ ဂွါဒီယိုလာဟာ အမြဲတမ်း ငါတို့နိုင်ရမယ်လို့ နှိုးဆော်နေတတ်သူဖြစ်ပြီး သူဟာ ကစားသမားတွေကို ဘယ်တော့မှအနားမပေးသူပါ''ဟု ပြောကြားခဲ့သည်။
နိုင်ပွဲများပြန်လည်ရယူရန်အတွက် ဂွါဒီယိုလာစိတ်ထားမျိုး ထားကြရန် မန်စီးတီးကစားသမားများကို အဂွဲရိုး တိုက်တွန်း
Photo: beIN SPORTS