■ ယနေ့ည ကစားမည့် ဥရောပထိပ်တန်းလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ယနေ့ည ကစားမည့် ဥရောပထိပ်တန်းလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 8 November 2024

■  လာလီဂါပွဲစဉ် (၁၃) ပွဲကြိုသုံးသပ်ချက် 

ဗယ်လက်ကာနို - လက်စ်ပါမာစ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၉ ရက် နံနက် ၂:၃၀ နာရီ)

အက်သလက်တီကိုနဲ့ အဝေးကွင်းပွဲကို အင်အားချင်းကွာလို့ ရှုံးခဲ့ရပေမယ့် လက်စ်ပါမားစ်ကစားပုံ သိပ်မဆိုးလှဘူး။ ခုနောက်ပိုင်းလက်စ်ပါမားစ်ကစားပုံက တိုက်စစ်ဂိုးသွင်းနှုန်းလည်း တက်နေတယ်။ ဗယ်လက်ကာနိုကလည်း အိမ်ရှင်ဆိုပေမဲ့ ခြေစွမ်းကပုံမှန်သိပ်မရှိလှဘူး။ အမြန်ဆုံရအောင်လုပ်ရမှာပေါ့။



■ စီးရီးအေပွဲစဉ် (၁၂)  ပွဲကြိုသုံးသပ်ချက် 

လက်ချီ - အမ်ပိုလီ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၉ ရက် နံနက် ၂:၁၅ နာရီ)

လက်ချီက ပွဲကျပ်ကာလကို ဖြတ်သန်းခဲ့ရပြီး စီးရီးအေ နောက်ဆုံး (၆)ပွဲမှာ (၅)ပွဲအထိ ရှုံးခဲ့တယ်။ အမ်ပိုလီကတော့ ဒီရာသီအဝေးကွင်း ရှုံးပွဲတစ်ပွဲပဲရှိသေးတယ်။ ဒါပေမဲ့ လက်ချီ အနည်းဆုံး (၁)မှတ်ရမယ်။



■ ဘွန်ဒစ်လီဂါပွဲစဉ် (၁၀)  ပွဲကြိုသုံးသပ်ချက် 

အူန်ယွန်းဘာလင် - ဖရိုင်းဘတ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၉ ရက် နံနက် ၂:၀၀ နာရီ)

ဖရိုင်းဘတ်အသင်းရဲ့ခြေစွမ်းက မှန်းဆရပိုခက်နေတယ်။ အိမ်ကွင်း(၅)ပွဲဆက်တိုက် ရှုံးပွဲမရှိတဲ့ အူန်ယွန်းဘာလင်အသင်း သရေလောက်ပဲရမယ်။



■ ပြင်သစ်လီဂူးပွဲစဉ် (၁၁) ပွဲကြိုသုံးသပ်ချက်

မာဆေးလ် - အော်ဇေး (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၉ ရက် နံနက် ၂:၀၀ နာရီ)

မာဆေးလ်က နိုင်တစ်ခါ၊ ရှုံးတစ်လှည့်နဲ့ တည်ငြိမ်ဖို့ ကြိုးစားနေရတယ်။ ဒါပေမဲ့ သူတို့ရဲ့ တိုက်စစ်ပိုင်းကတော့ PSG ပြီးရင် ဂိုးအများဆုံးသွင်းထားတယ်။ အော်ဇေးက ကစားပုံမဆိုးပေမဲ့ မာဆေးလ်ပဲ နိုင်လိမ့်မယ်။

Most Read

Most Recent