အမေရိကန်သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသည့် ဒေါ်နယ်ထရန့်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ဥက္ကဋ္ဌ အင်ဖန်တီနိုက ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။
ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရန့်သည် ဒီမိုကရက်သမ္မတလောင်း ကာမာလာဟားရစ်ကို ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ကြောင်း ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် တရားဝင်ကြေညာခံခဲ့ရခြင်းဖြစ်သည်။
''ဂုဏ်ယူဝမ်းမြောက်ပါတယ် Mr. President ။ အမေရိကန်မှာ ကြီးကျယ်ခမ်းနားတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ပွဲနဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ တစ်ပွဲ ကျင်းပဖို့ ရှိနေပါတယ်။ ဘောလုံးက ကမ္ဘာကြီးကို စုစည်းညီညွတ်စေပါတယ်''ဟု အင်ဖန်တီနိုက သူ၏ Instagram တွင် ဗုဒ္ဓဟူးနေ့နံနက်ပိုင်းက ရေးသားခဲ့သည်။
အင်ဖန်တီနိုသည် ဒေါ်နယ်ထရန့် ပထမအကြိမ် သမ္မတသက်တမ်း တာဝန်ထမ်းဆောင်သည့်ကာလအတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲအကြောင်းနှင့် FIFA ရုံးချုပ်ကို အမေရိကန်တွင် ဖွင့်လှစ်ရန်အတွက် ကြိမ်ဖန်များစွာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုစသည့် နိုင်ငံပေါင်း သုံးနိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်ပြီး ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီးနောက် မြောက်အမေရိကတိုက်တွင် ပြန်လည်ကျင်းပခွင့် ရရှိထားခြင်းဖြစ်သည်။
ထို့ပြင် ပုံစံသစ်ဖြင့် ကျင်းပမည့် ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း လာမည့်နှစ်နွေရာသီတွင် အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသည့် ဒေါ်နယ်ထရမ့်ကို FIFA ဥက္ကဋ္ဌ အင်ဖန်တီနို ဂုဏ်ယူဝမ်းမြောက်ကြောင်းစကားဆို
Photo: X