■ ပြင်သစ်သမ္မတ၊ အစ္စရေးဝန်ကြီးချုပ်နှင့် နေတိုးအဖွဲ့အကြီးအကဲတို့က ထရန့်ကို ဂုဏ်ပြုစကားပြောကြား ■ အမေရိကန်နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန် မျှော်လင့်ကြောင်း တရုတ်ပြောကြား

■ ပြင်သစ်သမ္မတ၊ အစ္စရေးဝန်ကြီးချုပ်နှင့် နေတိုးအဖွဲ့အကြီးအကဲတို့က ထရန့်ကို ဂုဏ်ပြုစကားပြောကြား ■ အမေရိကန်နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန် မျှော်လင့်ကြောင်း တရုတ်ပြောကြား
Published 6 November 2024
Ref :AFP

အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိပြီဟု ကြေညာခဲ့သည့် ဒေါ်နယ်ထရန့်ကို ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် နေတိုးအကြီးအကဲတို့က ဂုဏ်ပြုစကားပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မော်နင်းကလည်း တရုတ်-အမေရိကန်ဆက်ဆံရေးများကို အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုတို့အပေါ် အခြေခံပြီး ချဉ်းကပ်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

မက်ခရွန်က ယခင်ထရန့်၏ သမ္မတသက်တမ်း ၄ နှစ်တာကာလကကဲ့သို့ အမေရိကန်နှင့် လေးစားမှု၊ ပြင်းပြသောရည်မှန်းချက်များနှင့်အတူ လက်တွဲလုပ်ဆောင်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

ထရန့်နှင့် ဆက်ဆံရေးကို မိမိတို့၏ ခိုင်မာသည့်ခံယူချက်နှင့်အတူ ငြိမ်းချမ်းရေးနှင့် ချမ်းသာကြွယ်ဝရေးတို့အတွက် လုပ်ဆောင်သွားမည်ဟု မက်ခရွန်က X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကလည်း ထရန့် အာဏာပြန်ရလာခြင်းသည် အမေရိကန်-အစ္စရေး မဟာမိတ်အတွက် အလွန်အင်အားကြီးသည့် ယုံကြည်ချက်ပြန်ရလာခြင်းဖြစ်ကြောင်း ဂုဏ်ပြုပြောကြားခဲ့သည်။

ထို့ပြင် နေတိုးအဖွဲ့အကြီးအကဲ မာ့ခ် ရူတီကလည်း ထရန့်အနိုင်ရမှုကို ဂုဏ်ပြုစကားပြောကြားခဲ့ပြီး ထရန့်အာဏာပြန်ရလာမှုသည် နေတိုးအဖွဲ့ကို ခိုင်မာစေရန် အထောက်အကူဖြစ်စေလိမ့်မည်ဟု ပြောကြားခဲ့သည်။

Most Read

Most Recent