ကလပ်ဘရုဂေး နှင့် အက်စတွန်ဗီလာ
အက်စတွန်ဗီလာအသင်းက ဒီရာသီချန်ပီယံလိဂ်မှာ ရာနှုန်းပြည့် နိုင်ပွဲရထားတဲ့ အသင်းနှစ်သင်းထဲက တစ်သင်းဖြစ်တယ်။ အကောင်းဆံုံးပုံစံကို ပြသထားတယ်။ ဘိုင်ယန်မြူးနစ်လိုအသင်းမျိုးကို နိုင်ထားတယ်။ ကလပ်ဘရုဂေးကို နိုင်ရင် ၄ ပွဲ ကစား ၄ ပွဲနိုင်ဆိုတဲ့ ရလဒ်က ဗီလာကို အနည်းဆုံးနောက် တစ်ဆင့်တက်ဖို့ သေချာသွားစေမယ်။ ခြေစွမ်းလည်းကောင်းနေလို့ ဗီလာကိုပဲ ကြိုက်တယ်။
ဇဗက်ဒါ နှင့် ဘာစီလိုနာ
အကောင်းဆုံး တိုက်စစ်ပုံစံကို ပြသနေတဲ့ ဘာစီလိုနာအသင်းအတွက် နောက်ထပ် ဂိုးမိုးရွာဦးမလားဆိုတာကို စောင့်ကြည့်ရမယ့် ပွဲစဉ် တစ်ပွဲဖြစ်တယ်။ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဘိုင်ယန်မြူးနစ်ကို ဂိုးပြတ် အနိုင်ကစားသွားတာ ချီးကျူးစရာကောင်းသလို တိုက်စစ်ကလည်း တကယ်ထက်မြက်ပါတယ်။ ဇဗက်ဒါက ဘာစီလိုနာကို အိမ်ကွင်းမှာ ကစားရမယ်ဆိုတဲ့အချက်ကလွဲပြီး အခြားမျှော်လင့်စရာဘာမှလည်း မရှိဘူး။ ဘာစီလိုနာကိုလည်း ထိန်းချုပ်နိုင်မှာမဟုတ်ဘူး။ ဘာစီလိုနာဂိုးပြတ်မယ်။
ဘိုင်ယန်မြူးနစ် နှင့် ဘင်ဖီကာ
ဘိုင်ယန်မြူးနစ်က နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဘာစီလိုနာ အသင်းကို ဂိုးပြတ်ရှုံးခဲ့သလို ၃ ပွဲစလုံးရလဒ်ကို ကြည့်ရင်လည်း တစ်ပွဲနိုင် ၂ပွဲ ရှုံးနဲ့ အဆင့် ၂၃ နေရာအထိ ရောက်နေတယ်။ ဒါပေမဲ့ ဘာစီလိုနာကို ဂိုးပြတ်ရှုံးပြီးနောက် ပြည်တွင်းမှာ ကစားခဲ့တဲ့ ပွဲစဉ် ၃ ပွဲစလုံးဂိုးပြတ်နိုင်ပွဲတွေ ယူနိုင်ခဲ့တယ်။ ဘင်ဖီကာကိုယ်တိုင်လည်း ဖီယင်နုကို ရှုံးခဲ့တဲ့ပွဲမှာ ကစားခဲ့တဲ့ ခြေစွမ်းက စိတ်ပျက်စရာပါ။ ပြည်တွင်းမှာတော့ နိုင်ပွဲတွေ ပြန်ယူထားတယ်။ ဒီပွဲကတော့ ဘိုင်ယန်မြူးနစ်ပွဲပါ။
အင်တာမီလန် နှင့် အာဆင်နယ်
အာဆင်နယ်က ချန်ပီယံလိဂ်မှာ ၃ ပွဲကစားပြီး ၇ မှတ်ရထားတယ်။ အဖွင့်ပွဲတုန်းက အီတလီမြေမှာ လာကစားခဲ့ဖူးပြီး အတ္တလန်တာနဲ့ သရေကျခဲ့တယ်။ အဲ့ဒီပွဲမှာ အာဆင်နယ်ရုန်းကန်ခဲ့ရပြီး၊ ဒုတိယပွဲဖြစ်တဲ့ PSG နဲ့ပွဲမှာအာဆင်နယ်ကစားပုံအတော်လေးကောင်းခဲ့တယ်။ နောက်ဆုံးပွဲမှာတော့ ရှက်တာဒိုးနက်ကို အိမ်ကွင်းမှာ ကပ်နိုင်ခဲ့တယ်။ အင်တာမီလန်က ထိပ်ဆုံး ၈ သင်းထဲမှာ ရှိနေတဲ့အသင်းဖြစ်တယ်။ အဖွင့်ပွဲတုန်းက အင်္ဂလန်ထိပ်တန်းအသင်းတစ်သင်းဖြစ်တဲ့ မန်စီးတီးအသင်းရဲ့ကွင်းမှာ လာကစားခဲ့ပြီး သရေကျခဲ့တယ်။ ခြေစွမ်းပြခဲ့တယ်။ အခြားပွဲတွေမှာလည်း နိုင်ပွဲတွေယူနိုင်ခဲ့တာတွေ့ရတယ်။ လက်ရှိခြေ စွမ်းအရရော၊ အစဉ်အလာ၊ အတွေ့အကြုံအရရော အင်တာမီလန်ကို ကြိုက်တယ်။
PSG နှင့် အက်သလက်တီကို
PSG က ဒီရာသီ အုပ်စုပတ်လည်မှာ အဆင့် ၁၉ နေရာကို ရောက်ရှိနေပြီး အခြေအနေ မကောင်းသလို၊ အက်သလက်တီကို မက်ဒရစ်ရဲ့ အခြေအနေကလည်း အဆင့် ၂၇ နေရာမှာ ပြိုင်ပွဲက လှည့်ပြန်ရမယ့် အုပ်စုထဲရောက်နေတာ တွေ့ရတယ်။ PSG အသင်းရဲ့ လက်ကျန်ပွဲစဉ်တွေကို ကြည့်ရင်လည်း ဘိုင်ယန်မြူးနစ်၊ မန်စီးတီး၊ စတုဂတ်တို့လို အသင်းကြီးတွေကျန်နေလို့ ဒီပွဲမှာ နိုင်ဖို့က တော်တော်အရေးကြီးပါတယ်။ အိမ်ကွင်းလည်းဖြစ်နေလို့ ကပ်နိုင်မယ်ထင်တယ်။
စတုဂတ် နှင့် အတ္တလန်တာ
အထင်ကြီးစရာ ကစားပုံကို ပြသနေတဲ့အသင်းနှစ်သင်းပါ။ စတုဂတ်က တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးထားပြီး ၃ ပွဲစလုံး ပုံစံကောင်းပြသနိုင်ခဲ့တယ်။ ရီးယဲလ်ကို ရှုံးခဲ့တဲ့ပွဲမှာတောင် ကစားပုံအရမ်းကောင်းခဲ့တယ်။ အတ္တလန်တာကလည်း ချန်ပီယံလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့ အသင်းအနည်းငယ်ထဲက တစ်သင်းပါ။ ဒါပေမဲ့ ၁ ပွဲနိုင်၊ ၂ ပွဲသရေဖြစ်နေတယ်။ ဒီပွဲလည်း စတုဂတ်ကွင်းမှာ အတ္တလန်တာမရှုံးအောင်ကစားနိုင်တယ်။
အခြားပွဲစဉ်များ
ရှက်တာဒိုးနက် - ယန်းဘွိုင်းစ်*
*ဖီယင်နု - ဆာလ်ဇ်ဘာ့ဂ်
စပါတာပရပ်ဂ် - ဘရက်စ်*