၂၀၁၁ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဘာစီလိုနာက မန်ယူနိုက်တက်ကို (၃-၁) ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့တယ်။ အဲဒီအချိန်က ဘာစီလိုနာအသင်းက ဂွါဒီယိုလာရဲ့ အကောင်းဆုံးအသင်းလို့လည်း ပြောလို့ရတယ်။ မက်ဆီရဲ့ အကောင်းတကာ့အကောင်းဆုံးအချိန်တွေဖြစ်သလို ဘောလုံးလောကရဲ့ဂန္ထဝင်တွေအများကြီး မွေးထုတ်ပေးခဲ့တဲ့ အသင်းဖြစ်တယ်။ ဒီဂန္ထဝင်တွေရဲ့ အကောင်းဆုံးအချိန်လည်းဖြစ်တယ်။ ပွဲပြီးတော့ လန်ဒန်ကနေ ဘာစီလိုနာကို ပြန်လာပြီး အသင်းဖော်တွေက အောင်ပွဲခံအခမ်းအနားကို ကျင်းပနေတယ်။ အသင်းဖော်တွေအားလုံး အောင်ပွဲခံနေချိန်မှာ မက်ဆီက တခြားလူတွေနဲ့ မရောပဲ Play Station မှာ ဘောလုံးကန်ဖို့ပဲ စိတ်အားထက်သန်နေပြီး ဂိမ်းထဲက သူ့ကို အပြင်က သူက ကိုယ်တိုင် စီမံခန့်ခွဲတဲ့ အလုပ်နဲ့ အလုပ်ရှုပ်နေခဲ့တယ်။
■ ဗီဒီယိုဂိမ်းနဲ့ အားကစားသမား
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။