ရန်ကုန် - ပုသိမ်လမ်းမကြီးတွင် ခရီးသည်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားပြီး ခရီးသည်အချို့ ဒဏ်ရာရရှိ

ရန်ကုန် - ပုသိမ်လမ်းမကြီးတွင် ခရီးသည်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားပြီး ခရီးသည်အချို့ ဒဏ်ရာရရှိ
Published 21 October 2024

ရန်ကုန် - ပုသိမ်လမ်းမကြီးတွင် ခရီးသည်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားပြီး ခရီးသည်အချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းတွင် ရန်ကုန်-ပုသိမ်လမ်းမကြီး၊ ပုသိမ်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် ကံထူးအောင် ခရီးသည်တင်ယာဉ်မှာ ပန်တိုင်နှင့် မဲဇလီကြားတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပုသိမ်ကနေ ရန်ကုန်ကို မောင်းလာတဲ့ခရီးသည်တင်ကားပါ။ ပန်တိုင်နဲ့ မဲဇလီကြားထဲက ကွေ့မှာ မှောက်တာ။ ယာဉ်ပေါ်မှာ ခရီးသည်လေးဆယ်လောက်တော့ပါတယ်” ဟု အခင်းဖြစ်ရာသို့ ရောက်ရှိခဲ့သည့် ကရုဏာကမ်းလက်လူမှုကူညီကယ်ဆယ်ရေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည်အချို့ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာများမှာ ပြင်းထန်ခြင်းမရှိကြောင်း သိရသည်။

အခင်းဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ လာရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent