လက်ရှိ UFC ဝယ်လ်တာဝိတ်တန်းချန်ပီယံ ဘီလားမိုဟာမက်နှင့် ဆုံတွေ့ခဲ့လျှင် ဦးခေါင်းခွံကွဲအောင် ထိုးသတ်မည်ဟု မက်ဂရီဂေါ် ကြုံးဝါး

လက်ရှိ UFC ဝယ်လ်တာဝိတ်တန်းချန်ပီယံ ဘီလားမိုဟာမက်နှင့် ဆုံတွေ့ခဲ့လျှင် ဦးခေါင်းခွံကွဲအောင် ထိုးသတ်မည်ဟု မက်ဂရီဂေါ် ကြုံးဝါး
Photo: Daily Mail
Photo: Daily Mail
Published 19 October 2024

 

အိုင်ယာလန်နာမည်ကြီး MMA ကစားသမား ကော်နာမက်ဂရီဂေါ်က လက်ရှိ UFC ဝယ်လ်တာဝိတ်တန်း ချန်ပီယံ ဘီလားမိုဟာမက်ကို ဦးခေါင်းခွံကွဲအောင် ထိုးသတ်သွားမည်ဟု ကြုံးဝါးခဲ့သည်။

မက်ဂရီဂေါ်သည် ပြိုင်ဘက်က စားသမားကို လူမှုကွန်ရက်မှတစ်ဆင့် ခြိမ်းခြောက်ခဲ့ပြီး နောက်ပိုင်း၌ ယင်း Post ကို ပြန်ဖျက်သွားခဲ့ကြောင်း သိရသည်။ "ကျွန်တော့်ရဲ့ဘယ်ဝိုက်လက်သီးနဲ့ နားထင်ကိုထိုးပြီး Triple Crown ကို ရယူမှာပါ။ ကျွန်တော့်အဖို့ ဒါကို လွယ်ကူစွာနဲ့ပဲ ပြုလုပ်ပါလိမ့်မယ်။ ပြီးတော့ မြန်မြန်ပေါ့။ ဒီဦးခေါင်းခွံကို ကွဲအောင် ကျွန်တော် ထိုးသတ်မယ်။ Octagon ကို ကျွန်တော် ပြန်လာချိန် ရင်ဆိုင်ရတဲ့ အတားအဆီးတွေက နာကျင်စရာကောင်းပါတယ်။ ကျွန်တော့်ရဲ့ဇွန်လ(၂၉)ရက်ပွဲ ပျက်ပြယ်ခဲ့ရလို့လည်း အလွန်ဝမ်းနည်းမိပါတယ်"ဟု မက်ဂရီဂေါ်က လူမှုကွန်ရက် X တွင် ရေးသားခဲ့သည်။ 

မူဟာမက်သည် ပြီးခဲ့သည့်ဇူလိုင်လက လီအွန်အက်ဒ်ဝက်စ်နှင့် ထိုးသတ်ခဲ့သော လက်ဝှေ့ပွဲတွင် အနိုင်ရပြီး ဝယ်လ်တာဝိတ်တန်း ချန်ပီယံ ဖြစ်လာခဲ့သည်။ မက်ဂရီဂေါ်က ဘီလားမိုဟာမက်၏ အလဲထိုးပွဲနည်းမှုအပေါ်တွင်လည်း လှောင်ပြောင်မှုများ ပြုလုပ်ခဲ့သည်။ ဘီလားမိုဟာမက်အနေဖြင့် လာမည့်ဒီဇင်ဘာလ(၇)ရက်၌ ကာဇက်စတန်လက်ဝှေ့သမားဖြစ်သည့် ရက်မိုနော့ဗ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ကြောင်း UFC ဥက္ကဋ္ဌ ဒေနာဝှိုက်က အတည်ပြုကြေညာခဲ့သည်။  

မက်ဂရီဂေါ်သည် ၂၀၂၁ ခုနှစ် ဇူလိုင်လက ဒပ်စတင်ပိုရီယေးနှင့်ပွဲ၌ ခြေထောက်ကျိုးခဲ့သောကြောင့် ထွက်လိုက်ရခြင်းဖြစ်သည်။

Most Read

Most Recent