■ ယနေ့ညကစားမည့် ဥရောပထိပ်တန်းလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ယနေ့ညကစားမည့် ဥရောပထိပ်တန်းလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 20 September 2024

■  လာလီဂါပွဲစဉ် (၆) ပွဲကြိုသုံးသပ်ချက် 

အလာဗတ်စ် - ဆီဗီလာ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၁ ရက် နံနက် ၁:၃၀ နာရီ)

ပြီးခဲ့တဲ့ရာသီကလည်း အလာဗတ်စ်ကို ဆီဗီလာတို့ (၂) ကျော့စလုံး အရေးနိမ့်ထားတယ်။ လက်ရှိရာသီဖွင့် ခြေစွမ်းတွေအရလည်း ဆီဗီလာက အနည်းငယ်အားနည်းနေပြီး အလာဗတ်စ်ကတော့ အိမ်ကွင်းမှာဆိုရင် ကစားအားပါပိုကောင်းလေ့ရှိတဲ့ အသင်းဖြစ်နေတယ်။ ဒါကြောင့်အခုလည်း ဆီဗီလာတို့ မလွယ်လောက်ပါဘူး။ အလာဗတ်စ်နဲ့ ဂိုးအနည်းပဲ ရွေးထားချင်တယ်။

■ စီးရီးအေပွဲစဉ် (၅)  ပွဲကြိုသုံးသပ်ချက် 

ကာဂလီယာရီ - အမ်ပိုလီ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၀ ရက် ည ၁၁:၀၀ နာရီ)

ကာဂလီယာရီက နောက်ဆုံး (၄)ပွဲမှာ (၃)ပွဲအထိ ဂိုးမသွင်းနိုင်ခဲ့ဘူး။ ဒါပေမဲ့ နာပိုလီ၊ ရိုးမားတို့လိုအသင်းတွေနဲ့ ကာဂလီယာရီအသင်းရင်ဆိုင်ခဲ့ရတာပါ။ အမ်ပိုလီက ရလဒ်ကောင်းနေပေမဲ့ ကာဂလီယာရီ အမှတ်ရနိုင်ပါတယ်။



ဗီရိုနာ - တိုရီနို (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၁ ရက် နံနက် ၁:၁၅ နာရီ)

လက်ရှိခြေစွမ်းအရ (၂)သင်းအကြား ကွာဟမှုကျဉ်းမြောင်းပါတယ်။ တိုရီနိုက ပိုသာပေမဲ့ ဗီရိုနာရဲ့ တိုးတက်လာတဲ့ ကွင်းတွင်းခြေစွမ်းကလည်း အားရစရာပါ။ သရေကျဖို့ များပါတယ်။

■ ဘွန်ဒစ်လီဂါပွဲစဉ် (၄)  ပွဲကြိုသုံးသပ်ချက် 

အော့စ်ဘတ် - မိန့်ဇ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၁ ရက် နံနက် ၁:၀၀ နာရီ)

အော့စ်ဘတ်အသင်း နောက်ဆုံးပွဲမှာ ဘွန်ဒစ်လီဂါနိုင်ပွဲ စယူထားတယ်။ ဒီပွဲလည်း အော့စ်ဘတ်တို့ အနိမ့်ဆုံးသရေကစားလိမ့်မယ်။

■ ပြင်သစ်လီဂူးပွဲစဉ် (၅) ပွဲကြိုသုံးသပ်ချက်

နိုက်စ် - စိန့်အက်တီယန် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၁ ရက် နံနက် ၁:၁၅ နာရီ)

နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ နိုင်ပွဲရခဲ့တဲ့ စိန့်အက်တီယန်တို့ အခုပွဲလည်း အမှတ်ရဖို့ အားကုန်ထုတ်လာဦးမှာပါ။ နိုက်စ်က အိမ်ကွင်းခြေမဆိုးပေမယ့် ရာသီအစမှာ အထလေးသလိုဖြစ်နေတယ်။ စိန့်အက်တီယန် သရေမျှော်လင့်နိုင်ပါတယ်။ ဂိုးတော့ နည်းမယ်။

Most Read

Most Recent