■ လူငယ်တစ်ယောက်ရဲ့အိပ်မက်ကောက်ကြောင်း

■ လူငယ်တစ်ယောက်ရဲ့အိပ်မက်ကောက်ကြောင်း
Photo: Getty Images
Photo: Getty Images
Published 18 October 2024
AK

ကျွန်တော်  ဂိုးသွင်းယူပြီးတိုင်း အမေက ဖုန်းဆက်လေ့ရှိတယ် ဘောလုံးကဂိုးပိုက်ကို ထိပြီးတာနဲ့ ကျွန်တော့်ဖုန်းသံ မြည်နေလိမ့်မယ်။ သူ ဘရာဇီးလ်မှာပဲရှိရှိ၊ ကျွန်တော် ကစားတဲ့ပွဲကို ကွင်းထဲလာကြည့်တာပဲဖြစ်ဖြစ်ပေါ့။ သူက ကျွန်တော့်ဆီ အမြဲတမ်းဖုန်းခေါ်လိမ့်မယ်။ ကျွန်တော်ကလည်း ထောင့်ကန်ဘောအလံတိုင်အနားသွား၊ ဖုန်းဆက်တဲ့ဟန်ပန်ပြုလုပ်ပြီး ဟယ်လိုမေမေလို့ နှုတ်ဖျားကနေ ရေရွတ်အောင်ပွဲခံပါလိမ့်မယ်။ ဒါဟာ ကျွန်တော်တို့သားအမိကြားက သိပ်ပြီးလှပတဲ့ ဆက်ထုံးလေးပါပဲ။ ကျွန်တော့်ရဲ့ အသင်းဖော်တွေက ဘာလို့ အဲဒီလိုလုပ်တာလဲဆိုပြီး မေးကြတယ်။ ကျွန်တော့်အတွက် အဖြေကမခက်ပါဘူး။ အမေက ငါ့ကို သိပ်ချစ်လို့ဆိုပြီး ခပ်ပြတ်ပြတ်တုံ့ပြန်လိုက်တယ်။ ဒီထက်ပိုပြီး အသေးစိတ်ဆန်ဆန်ပြောရရင် အိပ်မက်အရှည်ကြီး မြင်ရပါလိမ့်မယ်။ ကျွန်တော်  ဖြတ်သန်းခဲ့ရာအိပ်မက်ရှည်ကြီးပေါ့လေ။