တားမြစ်ဆေးပြဿနာအတွက် တာဝန်ရှိသော်လည်း မိမိသည် လိမ်ညာတတ်သူမဟုတ်ကြောင်း ပေါ့ဘာ ဖွင့်ဟ

တားမြစ်ဆေးပြဿနာအတွက် တာဝန်ရှိသော်လည်း မိမိသည် လိမ်ညာတတ်သူမဟုတ်ကြောင်း ပေါ့ဘာ ဖွင့်ဟ
Photo: X
Photo: X
Published 17 October 2024

ဂျူဗင်တပ်စ်အသင်းကွင်းလယ်လူ ပေါလ်ပေါ့ဘာက တားမြစ်ဆေးပြဿနာအတွက် တာဝန်ရှိသော်လည်း မိမိသည် လိမ်ညာတတ်သူမဟုတ်ကြောင်း ဖွင့်ဟခဲ့သည်။

ပေါ့ဘာ (၃၁ နှစ်) သည် စွမ်းဆောင်ရည်မြှင့်တင်ပေးသည့် ဟော်မုန်းဆေးသုံးစွဲမှုကြောင့် အီတလီနိုင်ငံရှိ အမျိုးသားတားမြစ်ဆေးတိုက်ဖျက်ရေးခုံရုံး(NADO)က ပြီးခဲ့သည့် ဖေဖော်ဝါရီတွင် လေးနှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့သည်။

၎င်းက အားကစားခုံရုံး(CAS) ထံ အယူခံဝင်ရာ အောင်မြင်မှုရခဲ့ပြီး ၁၈ လသို့ လျှော့ချပေးကြောင်း အောက်တိုဘာ ၄ ရက်တွင် ကြေညာခဲ့သည်။

သို့ဖြစ်ရာ ပေါ့ဘာအနေဖြင့် ဇန်နဝါရီတွင် လေ့ကျင့်မှုများ စတင်ပြုလုပ်၍ မတ်လတွင် ပြန်လည်ကစားခွင့်ရမည်ဖြစ်သည်။

ဗြိတိန်အခြေစိုက် Sky Sports သတင်းဌာနနှင့်ပြုလုပ်သည့် အင်တာဗျူးအစီအစဉ်တွင် ပေါ့ဘာက ''အဲဒါက ကျွန်တော်မဟုတ်ပါဘူး။ ကျွန်တော်က လိမ်ညာတတ်သူ မဟုတ်ပါဘူး။ ကျွန်တော်က ကိုယ့်ရဲ့အားကစားကို ချစ်တဲ့သူပါ။ ကျွန်တော်က ကစားပွဲတွေကို နှစ်သက်ပြီး ဘယ်တော့မှ မလိမ်တတ်ပါဘူး။ ကျွန်တော်က မျှတစွာ အနိုင်ယူရတာကို ကြိုက်ပါတယ်။ ကျွန်တော်က အရှုံးသမား ဆိုပေမဲ့ လိမ်ညာတတ်သူတော့ မဟုတ်ပါဘူး။ ကျွန်တော်က ဖြည့်စွက်စာကို စားခဲ့တာဖြစ်လို့ တာဝန်တချို့တော့ ယူရပါမယ်။ ကျွန်တော် စစ်ဆေးမှုသုံးကြိမ် မလုပ်ခဲ့ပါဘူး။ အဲဒါက ပရော်ဖက်ရှင်နယ်တစ်ယောက်ဆီက ရလာတာလို့ ပြောခဲ့ရင်တောင်မှပေါ့။ ကျွန်တော်အပြစ်ပေးခံရရင်လည်း အဆင်ပြေပါတယ်။ ဒါပေမဲ့ လေးနှစ်ဆိုတာတော့ လုံးဝ မဖြစ်သင့်ပါဘူး'' ဟု ပြောကြားသည်။

ဂျူဗင်တပ်စ်နှင့် ပေါ့ဘာ၏စာချုပ်မှာ ၂၀၂၆ ခုနှစ်အထိ ကျန်ရှိနေသော်လည်း စာချုပ်ဖျက်သိမ်းရန်  ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

Most Read

Most Recent