တောင်ဆူဒန်တွင် ရေဘေးသင့်ပြည်သူ ၈၉၀၀၀၀ ကျော်ရှိကြောင်း ကုလသမဂ္ဂ ပြောကြား

တောင်ဆူဒန်တွင် ရေဘေးသင့်ပြည်သူ ၈၉၀၀၀၀ ကျော်ရှိကြောင်း ကုလသမဂ္ဂ ပြောကြား
Photo-AFP
Photo-AFP
Published 12 October 2024

တောင်ဆူဒန်တွင် ရေဘေးသင့်ပြည်သူ ၈၉၃၀၀၀ ကျော်ရှိပြီး ဘေးလွတ်ရာရွှေ့ပြောင်းနေထိုင်သူ ၂၄၁၀၀၀ ကျော်ရှိကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအေဂျင်စီ OCHA ကအောက် တိုဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဒဏ် ကို ခံနိုင်ရည်အားနည်းသော တောင်ဆူဒန် သည် ဆယ်စုနှစ်ပေါင်းများစွာကြာ ၎င်းင်း၏အဆိုးရွားဆုံး ရေကြီးမှုနှင့် ကြုံတွေ့နေရသည် ဟု အကူအညီပေးရေးအေဂျင်စီများက သတိပေးထားသည်။

“နိုင်ငံတစ်ဝန်းတွင် ရေကြီးရေလျှံမှုဆက် လက်ဖြစ်ပွားနေပြီး ရွှေ့ပြောင်းနေထိုင်သူတွေ ထပ်မံမြင့်တက်လာပါတယ်”ဟုကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးက ထုတ်ပြန်ခဲ့သည်။

“မိုးသည်းထန်စွာရွာသွန်းမှုနဲ့ရေကြီးရေလျှံမှုတွေက ပင်မထောက်ပံ့ရေးလမ်းကြောင်း ၁၅ ခုမှာ ဖြတ်သန်းသွားလာခွင့်ကန့်သတ်ထားပါတယ်”ဟု ၎င်းကဆိုသည်။

တောင်ဆူဒန်၏ ကောင်တီ ၇၈ ခုနှင့်ဂျူဘားနှင့် ခါတွန်မြို့နှစ်မြို့လုံးတည်ရှိသည့် အငြင်းပွားဖွယ် ဇုန်တစ်ခုဖြစ်သောအက်ဘ်ရိုင်အုပ်ချုပ်ရေးခရိုင်အပါအဝင် ၄၂ ခု၌ ရေဘေးသင့်ပြည်သူ ၈၉၃ဝဝဝခန့် ရှိသည် ဟု OCHA ကဆိုသည်။

ကောင်တီ ၁၆ ခုတွင် ရွှေ့ပြောင်းနေထိုင် သူ ၂၄၁၀၀၀ ကျော်ရှိပြီး အက်ဘ်ရိုင်ဒေသ  ခံများသည် ပိုမိုမြင့်သည့်နေရာတွင် ယာယီခို လှုံနေထိုင်ရန် ကြိုးပမ်းနေကြောင်း OCHA က ထပ်မံပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ်တွင် ဆူဒန်နိုင်ငံမှလွတ်လပ် ရေးရရှိခဲ့သည့် ကမ္ဘာ့သက်တမ်းအငယ်ဆုံး တောင်ဆူဒန်နိုင်ငံသည် ကာလကြာရှည် မ တည်ငြိမ်မှုများ၊ အကြမ်းဖက်မှုများနှင့်စီးပွား ရေးတန့်နေသည့်အပြင် မိုးခေါင်မှုနှင့်ရေကြီး မှုကဲ့သို့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများ နှင့် ကြုံတွေ့နေရသည်။

နောက်ဆုံးအကြိမ်ဖြစ်ပွားသည့် ရေကြီး ရေလျှံမှုများသည် ဆိုးရွားသော အစားအစာ ဖူလုံမှုမရှိခြင်း၊ စီးပွားရေးကျဆင်းခြင်း၊ပဋိပက္ခ  ဆက်လက်ဖြစ်ပွားနေခြင်း၊ ရောဂါကူးစက် ဖြစ်ပွားခြင်းနှင့် ဆူဒန်ပဋိပက္ခ၏ဂယက်ရိုက် မှုများကြောင့် အရေးပါသော လူသားချင်းစာ နာထောက်ထားမှုအခြေအနေကို ပိုမိုဆိုးရွား သွားစေခဲ့ကြောင်း ကမ္ဘာ့ဘဏ်ကအောက်တို ဘာ ၁ ရက်တွင် ထုတ်ပြန်ထားသည်။

ဒုက္ခသည်များအပါအဝင် ပျမ်းမျှလူကိုး သန်းခန့် ၂၀၂၄ ခုနှစ်တွင် အရေးပေါ်လိုအပ်ချက်များ ရှိလာလိမ့်မည်ဟုဆိုသည်။

ဆူဒန်တွင်ဖြစ်ပွားသောပဋိပက္ခသည် စက်တင်ဘာလအထိ ဒုက္ခသည် ၇၉၇၀၀၀ ကျော်ကို တောင်ဆူဒန်အတွင်းသို့ဝင်ရောက် လာစေကြောင်း ကမ္ဘာ့ဘဏ်ကပြောကြားခဲ့ ပြီး ၎င်းင်းတို့ထဲမှ ၈၀ ရာခိုင်နှုန်းနီးပါးသည် တောင်ဆူဒန်သို့ နေရပ်ပြန်လာကြသူများဖြစ် သည်။

တောင်ဆူဒန်သည် လူလေးသိန်းနီးပါး သေဆုံးခဲ့သော ငါးနှစ်ကြာပြည်တွင်းစစ်အပါအဝင် အကျပ်အတည်းတစ်ခုပြီးတစ်ခုရင် ဆိုင်ကြုံတွေ့ခဲ့ရသည်။

၂၀၁၈ ခုနှစ်တွင် ငြိမ်းချမ်းရေးသဘော တူစာချုပ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သော် လည်း အစိုးရနှင့် အတိုက်အခံအဖွဲ့များအ ကြား ဆိုးရွားသော အကြမ်းဖက်မှုများဆက် တိုက်ဖြစ်ပေါ်လျက်ရှိပြီး နိုင်ငံ၏ဥပဒေစိုးမိုး မှုမရှိသော နေရာများတွင် ပြိုင်ဘက်မျိုးနွယ် စုအဖွဲ့များအကြား ပဋိပက္ခများကြောင့်အရပ် သားသေဆုံးသူအရေအတွက် မြင့်တက်လာ ခဲ့သည်။

တောင်ဆူဒန်နိုင်ငံတွင် လွန်ခဲ့သည့်နှစ် သြဂုတ်လနှင့် ဒီဇင်ဘာလအတွင်းဖြစ်ပွား သည့် အဓိကရုဏ်းများကြောင့် အရပ်သား ၆၀၀ နီးပါးသေဆုံးခဲ့သည်ဟု ကုလသမဂ္ဂက လွန်ခဲ့သည့်နှစ်ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ပြန် ခဲ့ပြီး ပြည်သူ့ စစ်များက လိင်ကျွန်ပြုမှုများနှင့် အဆင်အခြင်မဲ့တိုက်ခိုက်မှုများပြုလုပ်ခဲ့သည် ဟုစွပ်စွဲ ပြောကြားခဲ့သည်။

Ref;AFP

Most Read

Most Recent