ပရီးမီးယားလိဂ်နှင့် လာလီဂါတို့အကြား ကွာခြားချက်ကို အာဆင်နယ်ကွင်းလယ်ကစားသမား မယ်ရီနို ဖွင့်ဟ

ပရီးမီးယားလိဂ်နှင့် လာလီဂါတို့အကြား ကွာခြားချက်ကို အာဆင်နယ်ကွင်းလယ်ကစားသမား မယ်ရီနို ဖွင့်ဟ
Photo: Metro UK
Photo: Metro UK
Published 12 October 2024

 

အာဆင်နယ်ကွင်းလယ်ကစားသမား မယ်ရီနိုက ပရီးမီးယားလိဂ်နှင့် လာလီဂါတို့အကြား ကွာခြားချက်ကို ပြောကြားခဲ့သည်။ 

ဆိုစီဒက်အသင်းတွင် (၆) ရာသီကြာ ကစားခဲ့သူ စပိန်ကွင်းလယ်ကစားသမား မယ်ရီနို(၂၈ နှစ်)သည် ပြီးခဲ့သည့်နွေကမှ အာဆင်နယ်အသင်းထံသို့ Add-ons ကြေးအပါအဝင် ပေါင် (၄၂.၃)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ 

၎င်းသည် အာဆင်နယ်အသင်းတွင် ဒဏ်ရာကြောင့် အနားယူခဲ့ရပြီး ပရီးမီးယားလိဂ်(၁) ပွဲသာ ကစားရသေးသည်။ 

မယ်ရီနိုက "ပရီးမီးယားလိဂ်က ကစားခွင့်ရတာ မကြာသေးလို့ သိပ်မသိသေးပါဘူး။ ဒါပေမဲ့ ပရီးမီးယားလိဂ်က ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ဦးစားပေးပြီး လာလီဂါကတော့ နည်းစနစ်ကို အားပေးပါတယ်။ လိဂ်နှစ်လိဂ်လုံးက ထိပ်တန်းလိဂ်တွေပါပဲ"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent