မိမိအနာဂတ်ကို လက်ရှိအချိန်မဟုတ်ဘဲ ရာသီကုန်မှသာ ဆုံးဖြတ်ရန် အဲရစ်တန်ဟက်ဂ် တုံ့ပြန်ပြောကြား

မိမိအနာဂတ်ကို လက်ရှိအချိန်မဟုတ်ဘဲ ရာသီကုန်မှသာ ဆုံးဖြတ်ရန် အဲရစ်တန်ဟက်ဂ် တုံ့ပြန်ပြောကြား
Photo: AFP
Photo: AFP
Published 6 October 2024

 

မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က မိမိအနာဂတ်ကို လက်ရှိအချိန်မဟုတ်ဘဲ ရာသီကုန်မှသာ ဆုံးဖြတ်ရန် ပြောကြားခဲ့သည်။

"အခုအချိန်မှာ ကျွန်တော်တို့ကို မဆုံးဖြတ်ပါနဲ့ဦး။ ရာသီကုန်မှ ကျွန်တော်တို့ကို ဆုံးဖြတ်ပါ။ ကျွန်တော်တို့က လုပ်ငန်းစဉ်ထဲ ရောက်နေပြီး တိုးတက်အောင် လုပ်ရပါမယ်။ ကျွန်တော်တို့ နှစ်ရာသီဖြတ်သန်းခဲ့ပြီး ဗိုလ်လုပွဲတွေရောက်ခဲ့တယ်။ အဲဒါကြောင့် စောင့် ပါဦး။ ဒီအသင်း တိုးတက်လာအောင် ကျွန်တော်တို့ လုပ်ရမယ်။ ကျွန်တော်တို့ အလုပ် ဆက်လုပ်မယ်။ ပြီးတော့ တိုက်ပွဲဝင်သွားမှာပါ။ ကစားသမားတွေ၊ အသင်းနဲ့ ဝန်ထမ်းတွေ ကြားမှာ အတူရှိနေတဲ့ ချိတ်ဆက်မှုနဲ့ စိတ်ဓာတ်ပိုင်းကို ခင်ဗျားတွေ့မှာပါ။ သူတို့က အောင်မြင်မှုရချင်ကြတယ်။ ကျွန်တော်တို့ ဆီမှာ ကောင်းမွန်တဲ့ စိတ်ဓာတ်ပိုင်းရှိတယ်။ ဒါပေမဲ့ ခံစစ်ပိုင်းကစားပုံတချို့ကိုတော့ မြှင့်တင်ရဦးမယ်" ဟု တန်ဟက်က ဆိုသည်။

မန်ယူအသင်းသည် ပရီးမီးယားလိဂ် နောက်ဆုံးငါးပွဲတွင် တစ်ပွဲသာ အနိုင်ရထားသလို ပြိုင်ပွဲစုံ နောက်ဆုံးလေးပွဲဆက် နိုင်ပွဲ ပျောက်ဆုံးထားသည်။ ထို့ကြောင့် ထုတ်ပယ်ခံရနိုင်သည့်နည်းပြများ ရေပန်းစားမှုစာရင်းတွင် တန်ဟက်ဂ်က အလေးပေးမှု ၁/၂ ဖြင့် ရေပန်းအစားဆုံး သတ်မှတ်ခံထားရသည်။

Most Read

Most Recent