■ နောက်အလုပ်သည် ဘောလုံးနှင့် မသက်ဆိုင်သည့် အလုပ်လည်းဖြစ်နိုင်သည်ဟု အင်္ဂလန်လက်ရွေးစင်နည်းပြဟောင်း ဆောက်ဂိတ်ဆို     

■ နောက်အလုပ်သည် ဘောလုံးနှင့် မသက်ဆိုင်သည့် အလုပ်လည်းဖြစ်နိုင်သည်ဟု အင်္ဂလန်လက်ရွေးစင်နည်းပြဟောင်း ဆောက်ဂိတ်ဆို     
Published 13 September 2024

အင်္ဂလန်လက်ရွေးစင်အသင်း၏ နည်းပြဖြစ်သူ ဂါရက်ဆောက်ဂိတ်က မိမိ နောက်လုပ်မည့် အလုပ်သည် ဘောလုံးလောကအတွင်းက အလုပ်ဖြစ်နိုင်သလို ဘောလုံးလောက ပြင်ပအလုပ်လည်း ဖြစ်နိုင်သည် ဟု ပြောကြားခဲ့သည်။

    

ဆောက်ဂိတ်သည် BBC က ဦး ဆောင်ကျင်းပသည့် 9/11 ဖြစ်ရပ်ဆိုး (၂၃) နှစ်ပြည့်အခမ်းအနား ရန်ပုံငွေပွဲသို့ တက်ရောက်လာခဲ့ချိန်တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံရာ၌ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"အင်္ဂလန်လက်ရွေးစင်အသင်းနည်း ပြရာထူးမှာ ကျွန်တော် အရမ်းပျော်စရာကောင်းတဲ့ (၈) နှစ်တာ အချိန်တွေကို ဖြတ်သန်းခဲ့ရပါတယ်။ အခုအချိန်မှာတော့ ကျွန်တော့်ရဲ့အနာဂတ်အတွက် အားပြန်မွေးပြီး ဖန်တီးမှုအသစ်တွေအတွက် ပြန်ဖြည့်နေတဲ့ အချိန်ပါ။ ဘောလုံးလောကထဲ အလောတကြီး ပြန်ဝင်ဖို့ မရှိသေးပါဘူး။ အခုအချိန်မှာ ကျွန်တော် နောက်လုပ်မယ့် အလုပ်က ဘောလုံးလောကအတွင်း ရှိနေနိုင်သလို ဘောလုံးလောက ပြင်ပမှာ လည်း ဖြစ်နေနိုင်ပါတယ်။ ကျွန်တော် မဆုံးဖြတ်ရသေးပါဘူး"ဟု ဆောက်ဂိတ်က ပြောကြားခဲ့သည်။ 

ဆောက်ဂိတ်သည် ပြီးခဲ့သည့်နွေရာသီက မန်ယူအသင်းနည်းပြသစ် ဖြစ်လာရန် ရေပန်းစားခဲ့သလို၊ လက်ရှိအချိန်တွင်လည်း မန်ယူနည်းပြ တန်ဟက်ဂ်မှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရာ ဆောက်ဂိတ်သည် မန်ယူနည်းပြဖြစ်လာဖွယ်ရှိသည်ဟု ဗြိတိန်မီဒီယာများက သုံးသပ်ဖော်ပြနေကြသည်။ 

Most Read

Most Recent