■ ရမည်းသင်း မြို့နယ်အတွင်း မိုးသည်းထန်စွာရွာပြီး ရေကြီးရေလျှံမှုကြောင့် ၁၀ ဦးသေဆုံးပြီး ၅၀၀၀၀ ကျော် ရေဘေးသင့် 

■ ရမည်းသင်း မြို့နယ်အတွင်း မိုးသည်းထန်စွာရွာပြီး ရေကြီးရေလျှံမှုကြောင့် ၁၀ ဦးသေဆုံးပြီး ၅၀၀၀၀ ကျော် ရေဘေးသင့် 
■ ဓာတ်ပုံ-မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန
■ ဓာတ်ပုံ-မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန
Published 12 September 2024
■ သက်ထွန်းအောင်

မန္တလေးတိုင်းဒေသကြီး၊ ရမည်သင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်မှုပွားကာ လူ ၁၀ ဦးသေဆုံးပြီး လူ ၅၀၀၀၀ ကျော် ရေဘေးသင့်နေကြောင်း စက်တင်ဘာလ ၁၂ ရက်နေ့ တွင် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ရမည်သင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်/ကျေးရွာအုပ်စုများမှ အိမ်ထောင်စု ၁၅၁၁၃ စု၊ ကျား ၂၃၉၉၅ ဦး၊ မ ၂၉၉၇၇ ဦး၊ စုစုပေါင်း ၅၃၉၇၂ ဦး ရေဘေးသင့်ခဲ့သည်။

ဆည်ကြီးကျေးရွာအုပ်စုအတွင်း ဆည်ကြီးကျေးရွာမှ ကျား ၁ ဦး၊ ညောင်အိုင်ကျေးရွာမှ မ ၁ ဦး၊ မြင်းနားကျေးရွာအုပ်စုအတွင်း ကံသာအေးကျေးရွာမှ ကျား ၂ ဦး၊ မ ၄ ဦး၊ ရွှေနန်းပေါ်ကျေးရွာမှ မ ၁ ဦး၊ ဝါးဖြူတောင်ကျေးရွာအုပ်စုအတွင်း ချောင်းဖျားကျေးရွာမှ မ ၁ ဦး၊ စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကနဦးသတင်းအရ သိရှိကြောင်း သတင်းထုတ်ပြန်ထားပါသည်။

ရေဘေးသင့်ပြည်သူများကို ရမည်းသင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ သီလဝခန်းမ၊ သာသနာ့ဗိမာန်၊ ဘုန်းကြီးကျောင်း၊ ရွာတန်းခန်းမ၊ ကိုးခန်းကြီးဓမ္မာရုံ၊ ရန်ကြီးအောင်ကျောင်း စသည့်ရေဘေးရှောင်နေရာများနှင့် နီးစပ်ရာဆွေမျိုးထံ ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများဆောင်ရွက်ပေးကြောင်း သတင်းရရှိပါသည်။

Most Read

Most Recent