■ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်(တတိယအဆင့်) ပွဲကြိုသုံးသပ်ချက်

■ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်(တတိယအဆင့်) ပွဲကြိုသုံးသပ်ချက်
Photo: VietNamNet
Photo: VietNamNet
Published 10 September 2024

♦ အင်ဒိုနီးရှား - သြစတြေးလျ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၀ ရက် ညနေ ၆:၃၀ နာရီ)

၂၀၂၄ အာရှဖလားပြိုင်ပွဲ (၁၆)သင်းအဆင့်မှာ ဆုံတွေ့ခဲ့ကြတဲ့ (၂)သင်း ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပြီး အဲဒီတုန်းကတော့ သြစတြေးလျအသင်းက ဂိုးပြတ်အနိုင်ယူထားခဲ့တယ်။ ပွဲစဉ်-၁မှာတော့ သြစတြေးလျအသင်းက အိမ်ကွင်းမှာတောင် ဘာရိန်းအသင်းကို အရေးနိမ့်ပြီး အင်ဒိုနီးရှားကတော့ ဆော်ဒီကွင်းမှာ သရေခံကစားနိုင်ခဲ့တယ်။ သြစတြေးလျအသင်းအနေနဲ့ ဂျပန်၊ ဆော်ဒီအာရေဗျတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေလို့ ထပ်အ မှားခံလို့မရတော့တဲ့ အခြေအနေပါပဲ။ ဒီပွဲသာ အမှတ်ထပ်လျော့ရင် သြစတြေးလျအသင်း ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ဖို့ ပို ခက်သွားလိမ့်မယ်။ အင်ဒိုနီးရှားအသင်းကတော့ ပြည်ပဖွားကစားသမားတွေနဲ့ အသင်းကို ဆက်လက်တည်ဆောက်နေပြီး အရှိန်လည်း အတော်လေးရနေတာ တွေ့ရတယ်။ အမှတ်လိုနေတဲ့ သြစတြေးလျပဲ အနိုင်ရဖို့များတယ်။

♦ တရုတ် - ဆော်ဒီအာရေဗျ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၀ ရက် ညနေ ၆:၃၀ နာရီ)

တရုတ်အသင်းကတော့ ဂျပန်ကို (၇)ဂိုးပြတ် အရေးနိမ့်ပြီး အရှက်တကွဲဖြစ်ခဲ့ရတယ်။ ဆော်ဒီအာရေဗျအနေနဲ့ အင်ဒိုနီးရှားကို သရေကျခဲ့တာ အတော်လေးနစ်နာပါတယ်။ တရုတ်ကွင်းမှာ ဆော်ဒီ ဂိုးပြတ်နိုင်ဖို့ မဖြစ်နိုင်ဘူး။

♦ မြောက်ကိုရီးယား - ကာတာ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၀ ရက် ညနေ ၆:၃၀ နာရီ)

အခုပွဲကို ကြားကွင်း လာအိုမှာ ကစားမှာဖြစ်ပြီး အဖွင့်ပွဲအရှုံးကို ချေဖျက်ပြနိုင်ဖို့ ကြိုးပမ်းမယ့် ကာတာအသင်းကိုပဲ ရွေးချယ်ချင်တယ်။

♦ အိုမန် - တောင်ကိုရီးယား (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၀ ရက် ည ၈:၃၀ နာရီ)

တောင်ကိုရီးယားအသင်း အဖွင့်ပွဲမှာ နာမည်ကြီးကစားသမားတွေ ပါဝင်ပေမဲ့ ပါလက်စတိုင်းကိုတောင် အနိုင်မရခဲ့ပါဘူး။ အိုမန် ခံကစားဖို့ရှိနေလို့ တောင်ကိုရီးယားအသင်း ဂိုးပြတ်ဖို့ခက်မယ်။

♦ ဘာရိန်း - ဂျပန် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၀ ရက် ည ၁၀:၃၀ နာရီ)

ဂျပန်က အဖွင့်ပွဲအရှိန်ကို ဆက်လက်ထိန်းထားဖို့ များပါတယ်။ ဘာရိန်းအသင်းကလည်း သြစတြေးလျအသင်းကို အဝေးကွင်းမှာ အနိုင်ကစားခဲ့လို့ ယုံကြည်မှုမြင့်မားနေမှာ သေချာပါတယ်။ ဘာရိန်းနဲ့ပဲ စွန့်စားချင်တယ်။   

♦ ယူအေအီး - အီရန် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၀ ရက် ည ၁၀:၃၀ နာရီ)

ယူအေအီးအသင်းက အာရှချန်ပီယံ ကာတာအသင်းကို အဝေးကွင်းမှာ အနိုင်ကစားထားတယ်။ အီရန်ကလည်း အဖွင့်ပွဲမှာ အနိုင်ရထားပေမဲ့ အားရစရာတော့ မရှိသေးဘူး။ အိမ်ရှင်ကို ပိုကြိုက်တယ်။

◘ အခြားပွဲစဉ်များ

ကာဂျစ္စတန်    -    ဥဇဘက်ကစ္စတန်* (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၀ ရက် ည ၈:၃၀ နာရီ)        

ပါလက်စတိုင်း    -    ဂျော်ဒန်* (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၀ ရက် ည ၈:၃၀ နာရီ)

*ကူဝိတ်        -    အီရတ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၁ ရက် နံနက် ၀၀:၃၀ နာရီ)

Most Read

Most Recent