မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်နေအိမ် ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းများ ယူဆောင်သွား

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်နေအိမ် ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းများ ယူဆောင်သွား
Published 10 September 2024

မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ်တွင် ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်နေအိမ် ဓားပြတိုက်ခံရမှု ယနေ့(စက်တင်ဘာ ၁၀ ရက်) နံနက် ၈နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ချမ်းအေးသာစံမြို့နယ် လမ်း၃၀ မင်္ဂလာစျေးအနီးဖွင့်ထားလှစ်ထားသည့် ချောင်ချောင်ရွှေဆိုင် ပိုင်ရှင်သည် ချမ်းမြသာစည်မြို့နယ် ၊ ၁၀၁ ဘီလမ်းနှင့် ၇၁ လမ်းရှိ နေအိမ်တွင် ရွှေဆိုင်သို့ သွားရောက်ရန် ပြင်ဆင်နေစဉ် ရွှေများထည့်ထားသည့် ခြင်းများအား သေနတ်ကိုင်ထားပြီး မျက်နှာဖုံးများအုပ်ထားသည့် လူခြောက်ဦးခန့်က  နေအိမ်ရှေ့တွင် ဓားပြတိုက်ယူသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

" ရွှေထည်တွေကတော့ တော်တော်များတယ် ။ ဆိုင်ဖွင့်မယ့် ရွှေထည်တွေထည့်ထားတဲ့ ခြင်းတွေအကုန်ယူသွားတာ"ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရွှေများကိုယူပြီးနောက် ကားဖြင့်ပြန်လည်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တွင် ရွှေဆိုင်များ နှင့် ဘဏ်အချို့တွင် မကြာခဏ ဓားပြတိုက်ခံရမှု ယခုနှစ် မေ လအတွင်းက မန်းမြို့စျေးအတွင်းရှိ ဆယ်သန်းရွှေဆိုင်တွင် လည်းကောင်း၊ ဇန်နဝါရီလ အတွင်းက မန်းမြို့စျေးအပြင်တန်းရှိ ဆယ်သန်းရွှေဆိုင်တွင် လည်း နှစ်ကြိမ်ဓားပြတိုက်ခံရမှု ဖြစ်ပွားခဲ့သည်။

 

 

Most Read

Most Recent