ဆန်မာရီနိုနဲ့ အဖိုးထိုက်သောအောင်မြင်မှု

ဆန်မာရီနိုနဲ့ အဖိုးထိုက်သောအောင်မြင်မှု
Photo : Getty Images
Photo : Getty Images
Published 9 September 2024
Phoe Thar

စက်တင်ဘာ (၅) ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၂၄-၂၅ ရာသီ UEFA Nations League League (D) ရဲ့ Group (1) အဖွင့်ပွဲစဉ်မှ ဆန်မာရီနိုအသင်းက လက်ချင်စတိန်အသင်းကို အိမ်ကွင်း San Marino Stadium မှာ (၁-ဝ)ဂိုးနဲ့အနိုင်ယူပြီး လက်ရွေးစင်အသင်းသမိုင်းရဲ့အခမ်းနားဆုံးနိုင်ပွဲတစ်ပွဲကိုပုံဖော် ထုဆစ်နိုင်ခဲ့တယ်။ ဒီပွဲအပြီးမှာပဲ ဆန်မာရီနိုကစားသမားတွေဟာ အခမ်းနားဆုံး ဆုဖလားတစ်ခုကို ပိုင်ဆိုင်ခွင့်ရသည့်နှယ်အကြီးအကျယ်အောင်ပွဲခံခဲ့ကြသလို ဆန်မာရီနိုမြို့အတွင်းမှာလည်း ပရိသတ်တွေရဲ့ ပျော်ရွှင်မှုပုံရိပ်တွေက ဖုံးလွှမ်းခဲ့ပါတယ်။ အကြောင်းကတော့ လက်ချင်စတိန်းကိုအနိုင်ရခဲ့တာဟာ ဆန်မာရီနိုအသင်းအတွက် နှစ်ပေါင်း (၂၀)အတွင်း နိုင်ငံတကာပွဲစဉ်တစ်ပွဲကို ပထမဆုံးအနိုင်ရရှိခဲ့ခြင်းအဖြစ်မှတ်တမ်းဝင်ခဲ့သလို ပွဲစဉ်ပေါင်း (၁၄၃)ပွဲမြောက်မှာမှ ပထမဆုံး နိုင်ငံတကာအဆင့်နိုင်ပွဲကိုရယူနိုင်ခြင်းဖြစ်ခဲ့ပါတယ်။ ဒီအတွက်လည်း ဆန်မာရီနိုနဲ့ သက်ဆိုင်သူအားလုံးဟာ အဖိုးထိုက်တန်လှတဲ့နိုင်ပွဲအပေါ် ပျော်ရွှင်ဂုဏ်ယူမဆုံး ဖြစ်နေခဲ့ကြတာပါ။

 

Most Read

Most Recent