■ UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 11 October 2024

ခရိုအေးရှား - စကော့တလန် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၂ ရက် ည ၁၀:၃၀ နာရီ)

စကော့တလန် လူအင်အားမဆိုးသလို၊ အသင်းလိုက်ကစားပုံလည်း ကောင်းပါတယ်။ ဒါပေမဲ့ ဒီအုပ်စုမှာ သူတို့ထက်ပို ကောင်းတဲ့အသင်း (၃) သင်းနဲ့ ကစားရတဲ့ အခြေအနေဖြစ်လို့ လာမယ့် Nations League မှာ League B ကို ပြန်ဆင်းရမယ့် အခြေအနေလည်း ဖြစ်တယ်။ ပေါ်တူဂီ၊ ခရိုအေးရှား၊ ပိုလန်တို့အားလုံး စကော့တလန်ထက်ပိုကောင်းပါတယ်။ ဒီပွဲလည်း ခရိုအေးရှားပဲ နိုင်လိမ့်မယ်။ 

ပိုလန် - ပေါ်တူဂီ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၃ ရက် နံနက် ၁:၁၅ နာရီ)

ပိုလန်က ဒီအုပ်စုမှာ တတိယအကောင်းဆုံးအသင်းပါ။ ပေါ်တူဂီနဲ့ ခရိုအေးရှားကို ကျော်နိုင်ဖို့ တော်တော်လေးခက်ခဲတယ်။ ဒါပေမဲ့ အသင်းမှာ ကစားသမားကောင်းတွေ အများကြီးပို်င်ဆိုင်ထားပြီး အိမ်ကွင်းမှာ အဆိပ်ရှိပါတယ်။ ပေါ်တူဂီအသင်းက ကစားသမားကောင်းတွေများပေမယ့် အသင်းလိုက်အနေနဲ့ အားပျော့တဲ့ အပိုင်းတွေရှိနေတယ်။ ပိုလန်မြေပေါ်မှာ ပေါ်တူဂီနိုင်ပွဲရဖို့ကတော့ တော်တော်လေး ခက်လိမ့်မယ်။



ဆားဘီးယား - ဆွစ်ဇာလန် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၃ ရက် နံနက် ၁:၁၅ နာရီ)

ဆားဘီးယားနဲ့ ဆွစ်ဇာလန်က ဥရောပရဲ့မာကျောတဲ့အသင်းကောင်းတွေ ဖြစ်တယ်။ ဆားဘီးယားအသင်းထက် ဆွစ်ဇာလန်က အရည်အသွေးပိုမြင့်သလို ထိပ်တန်းကစားသမားတွေလည်း ပိုများတယ်။ ဆွစ်ဇာလန်ရဲ့ခြေစွမ်းက အိမ်ကွင်းမှာ စိတ်ချရသလို အဝေးကွင်းမှာလည်း ကောင်းကောင်းထိန်းကစားနိုင်တဲ့ အသင်းမျိုးဖြစ်တယ်။ ဆားဘီးယားကိုလည်း အဝေးကွင်းဆိုပေမယ့် ဆွစ်ဇာလန် ဒုက္ခပေးနိုင်လိမ့်မယ်။ 

စပိန် - ဒိန်းမတ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၃ ရက် နံနက် ၁:၁၅ နာရီ)

ဒိန်းမတ်က ကစားသမားကောင်းတွေကို ပိုင်ဆို်င်ထားသလို ရလဒ်တွေလည်း ကောင်းနေတယ်။ ကက်စပါရှမိုက်ကယ်၊ အဲရစ်ဆင်တို့လို ၀ါရင့်ကစားသမားတွေအပြင် ယန်ဆန်၊ နော်ဂတ်၊ ဒမ်းစ်ဂတ်၊ ပေါလ်ဆန်တို့လို ကစားသမားကောင်းတွေနဲ့ အားကောင်းနေတယ်။ စပိန်ကတော့ အိမ်ကွင်းလည်းဖြစ်သလို၊ လက်ရှိဥရောပရဲ့အကောင်းဆုံးအနေအထားရှိနေတဲ့အသင်းပါ။ အိမ်ကွင်းမှာ ဒိန်းမတ်အနိုင်ကစားမယ်။ ဂိုးတော့ မပြတ်ဘူး ထင်တယ်။ 



■ အခြားပွဲစဉ်များ 

လစ်သူယေးနီးယား - ကိုဆိုဗို* (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၂ ရက် ည ၇:၃၀ နာရီ)

*ဘူလ်ဂေးရီးယား - လူဇင်ဘတ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၂ ရက် ည ၁၀:၃၀ နာရီ)

ဆိုက်ပရပ်စ် - ရိုမေးနီးယား* (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၃ ရက် နံနက် ၁:၁၅ နာရီ)

*ဘီလာရုဇ် - မြောက်အိုင်ယာလန် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၃ ရက် နံနက် ၁:၁၅ နာရီ)

Most Read