ဒီဘားလားကို ပွဲထွက်ခွင့်ပေးရန်  ရိုးမားနည်းပြ ဒီရော့ဆီကို ဂျူဗင်တပ်စ်ဂန္ထဝင် ဒယ်လ်ပီယာရိုတိုက်တွန်း

ဒီဘားလားကို ပွဲထွက်ခွင့်ပေးရန်  ရိုးမားနည်းပြ ဒီရော့ဆီကို ဂျူဗင်တပ်စ်ဂန္ထဝင် ဒယ်လ်ပီယာရိုတိုက်တွန်း
Photo: AFP & Getty Images
Photo: AFP & Getty Images
Published 7 September 2024

 

ဂျူဗင်တပ်စ်ဂန္ထဝင် ဒယ်လ်ပီယာရိုက ဒီဘားလားအား ပွဲထွက်အဖြစ် အသုံးပြုရန် ရိုးမားနည်းပြ ဒီရော့ဆီကို တိုက်တွန်းပြောကြားခဲ့သည်။ 

အသက် (၃၀) အရွယ်ရှိ အာဂျင်တီးနားတိုက် စစ်ကစားသမား ဒီဘားလားသည် ရိုးမားအသင်းတွင် ဆက်နေရန်အတွက် ဆော်ဒီမှ လစာမြောက်မြားစွာဖြင့်ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့သည်။ 

သို့သော် ဒီဘားလားသည် စက်တင်ဘာ (၁) ရက်က ကစားခဲ့သည့် စီးရီးအေပွဲစဉ် ဂျူဗင်တပ်စ် (၀-၀) ရိုးမားပွဲ$ ပွဲ ထွက်ခွင့်မရခဲ့ဘဲ ပွဲချိန် (၆၁) မိနစ်တွင် မှ လူစားဝင်ကစားခွင့်ရခဲ့သည်။  

ယခုအခါ ဒယ်လ်ပီယာရိုက ဒီဘားလားကို ပွဲထွက်ခွင့်မပေးပါက နည်းပြနှင့် ကစားသမားအကြား ပြဿနာတက်နိုင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဒယ်လ်ပီယာရိုက "ငွေကြေးမြောက် မြားစွာကို ငြင်းပယ်ခဲ့ပြီးမှ ဒီလိုဆက်ဆံရတာကို ဒီဘားလားမှ မဟုတ်၊ ဘယ်သူ့မှ လက်ခံမှာ မဟုတ်ပါဘူး။ သူ့ကို ပွဲထွက်ခွင့်ပေးသင့်တယ်။ အခု လိုဖြစ်နေမယ်ဆိုရင် ကစားသမားနဲ့ နည်းပြကြားသာမက အသင်းပါ ပြဿနာတက်နိုင်ပါတယ်"ဟု ဆိုခဲ့သည်။ 

Most Read

Most Recent