အစ္စရေးနှင့် ဟားမာ့စ်တို့ အပစ်အခတ်ရပ်စဲရေးအတွက် ရာခိုင်နှုန်း ၉၀ သဘောတူညီချက်ရရှိထားဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

အစ္စရေးနှင့် ဟားမာ့စ်တို့ အပစ်အခတ်ရပ်စဲရေးအတွက် ရာခိုင်နှုန်း ၉၀ သဘောတူညီချက်ရရှိထားဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
ဟေတီခရီးစဉ်အပြီး ပို့အော်ပရင့်လေဆိပ်၌ သတင်းစာရှင်းလင်းပွဲ လုပ်နေသည့် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်ကို စက်တင်ဘာ ၅ ရက်တွင်တွေ့ရစဉ်(Photo:AFP)
ဟေတီခရီးစဉ်အပြီး ပို့အော်ပရင့်လေဆိပ်၌ သတင်းစာရှင်းလင်းပွဲ လုပ်နေသည့် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်ကို စက်တင်ဘာ ၅ ရက်တွင်တွေ့ရစဉ်(Photo:AFP)
Published 7 September 2024

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က အစ္စရေးနှင့်ဟားမာ့စ်တို့ ဂါဇာအပစ်အခတ်ရပ်စဲရေးကို အချောသတ် ဆောင်ရွက်ရန် စက်တင်ဘာ ၅ ရက်တွင် တိုက်တွန်းပြောကြားလိုက်ပြီး သဘောတူညီချက်၏ ၉၀ ရာခိုင်နှုန်းသည် အဆင်သင့်ဖြစ် နေပြီဟူသော အမေရိကန် အကဲဖြတ်ချက်များသည် ခိုင်ခိုင်မာမာရှိနေပြီဟု ဆိုသည်။

အမေရိကန်ပြည်ထောင်စုသည် သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် မျှော်လင့်ချက်များဖြင့် ကြားဝင်စေ့စပ်ပေးသော အီဂျစ်၊ကာတာတို့မှတစ်ဆင့် နောက်ထပ် အယူအဆများကို လာမည့်ရက်ပိုင်းအတွင်းတွင် ကမ်းလှမ်းလိမ့်မည်ဟု ဘလင်ကင်က ပြောကြားခဲ့သည်။

သဘောတူညီချက်၏  ၉၀ ရာခိုင်နှုန်းသည် အဆင်သင့်ဖြစ်နေပြီဟူသော အမေရိကန်၏ တရားဝင် အကဲဖြတ်ချက်များကို စက်တင်ဘာ ၅ ရက်တွင် Fox News သတင်းဌာနနှင့် အင်တာဗျူး၌ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ငြင်းပယ်ခဲ့ပြီး ပြီးပြတ်မှုမရှိသေးဟု ပြောကြားခဲ့သည်။

သို့ရာတွင် ဘလင်ကင်က ဟေတီကို သွားသည့်ခရီးစဉ်အတွင်း ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ အမေရိကန် အစိုးရ၏ စိစစ်အကဲဖြတ်ချက်များ အကြောင်းကိုထပ်လောင်း ပြောကြားခဲ့သည်။

“ကျွန်တော် မြင်ထားတာတွေကို အခြေခံပြီးပြောရမယ်ဆိုရင် ၉၀ ရာခိုင်နှုန်းဟာ သဘောတူထားပြီးဖြစ်ပါတယ်”ဟု အမေ ရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

“ကျန်နေတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး သဘောတူညီချက်ရရှိဖို့ နှစ်ဖက်စလုံးမှာ တာဝန်ရှိနေပါတယ်”ဟု ဘလင်ကင်က ပြော ကြားခဲ့သည်။

“ကျွန်တော် ယုံကြည်ရသလောက်ပြောရမယ်ဆိုရင် ကျွန်တော်တို့ဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိဖို့ နီးစပ် နေပြီလို့ ပြောရမှာဖြစ်ပါတယ်။ တစ်ရက်ပြီး တစ်ရက်သာ ကုန်သွားတယ်။ သဘောတူညီချက်ကို အပြီးမသတ်နိုင်ခဲ့ပါဘူး။ နှစ်ဖက် စလုံးကလည်း “ဟုတ်ကဲ့”ဆိုပြီး မပြောကြပါဘူး။ ဒါပေမဲ့ တစ်ခုခုဖြစ်လာမယ့် နေ့ကတော့ ရှိလာမှာပါ။ အခြေအနေတွေကို တွန်းထုတ်ပစ်လိုက်ပြီး တော်တော်လေး အတိမ်းအစောင်းမခံတဲ့ ပန်းသီးတွန်းလှည်ကို လမ်းချော်အောင်လုပ်ပစ်နိုင်ပြီး အန္တရာယ်ရှိနေတဲ့ အနှောင့်အယှက်ပေးနေတဲ့ ဖြစ်ရပ်တွေရှိနေပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် နှစ်ဖက်စလုံးအကြားတွင် ကွာဟနေသောအရာများကို ပေါင်းကူးပေးရန် လွန်ခဲ့သော သီတင်း ပတ်များတွင် အဆိုပြုချက်တစ်ရပ်ကို တင်ခဲ့သည်။ အစ္စရေးနှင့်ဟားမာ့စ်တို့ သဘောထား မတိုက်ဆိုင်သော ကိစ္စမှာ အစ္စရေးဝန် ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဂါဇာနှင့် အီဂျစ်တို့အကြားရှိ နယ်စပ်ဒေသတွင် အစ္စရေးစစ်သားအချို့ကို ချထားမည့်ကိစ္စအား တွင်ပြောကြားနေသော အချက်ဖြစ်သည်။   

အာရပ်နိုင်ငံများနှင့် သံတမန်ဆက်ဆံရေးများကို ပုံမှန်အနေအထားဖြစ်အောင် ဆောင်ရွက်ရေး ဦးစားပေးနေသောနေ တန်ယာဟုသည် ဆော်ဒီအာရေဗျနှင့်သမိုင်းဝင် သဘောတူညီချက်တစ်ရပ်ကို ရရှိနိုင်သည်ဟု ဘလင်ကင်က ပြောကြားခဲ့ပြီး ဇန် နဝါရီတွင် သမ္မတဂျိုးဘိုင်ဒင် ရာထူးမှမထွက်ခွာမီ ယင်းသဘောတူညီချက်ရနိုင်သည်ဟု ဆိုသည်။

Ref:AFP                                        

Most Read

Most Recent