ထိုင်းအစိုးရအဖွဲ့သစ်တွင် စစ်တပ်နှင့်ဆက်နွှယ်သည့် ပါတီတစ်ခု ပါဝင်ခြင်းမရှိခဲ့

ထိုင်းအစိုးရအဖွဲ့သစ်တွင် စစ်တပ်နှင့်ဆက်နွှယ်သည့် ပါတီတစ်ခု ပါဝင်ခြင်းမရှိခဲ့
သြဂုတ် ၁၈ ရက်က တော်ဝင်ထိုင်းအစိုးရအိမ်တော်တွင် မိန့်ခွန်းပြောကြားနေသည့် ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ်ကို တွေ့ရစဉ်(Photo: AFP)
သြဂုတ် ၁၈ ရက်က တော်ဝင်ထိုင်းအစိုးရအိမ်တော်တွင် မိန့်ခွန်းပြောကြားနေသည့် ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ်ကို တွေ့ရစဉ်(Photo: AFP)
Published 5 September 2024

ထိုင်းဝန်ကြီးချုပ်သစ် ပေတုန်တန်ရှင်နာဝပ်၏ စက်တင်ဘာ ၄ ရက်တွင် အဆိုပြုခဲ့သည့် အစိုးရအဖွဲ့သစ်တွင် သြဇာကြီးမား သည့် စစ်တပ်နှင့်ဆက်နွှယ်သည့် ပါတီတစ်ခု ပါဝင်လာခဲ့ခြင်းမရှိခဲ့ဘဲ ယင်းသည် ၂၀၁၉ ခုနှစ်နောက်ပိုင်း စစ်တပ်နှင့်ဆက်နွှယ်သည့်ပါတီက အစိုးရအဖွဲ့အတွင်းမပါဝင်သည့် ပထမဆုံးဖြစ်စဉ်တစ်ခုဖြစ်သည်။

ထိုင်းဘုရင် မဟာဝဇီယာလောင်ကွန်း သည် စက်တင်ဘာ ၄ ရက်က ဖြူးထိုင်းပါတီမှ ပေတုန်တန် အဆိုပြုတင်သွင်းခဲ့သည့် အ စိုးရအဖွဲ့သစ်စာရင်းကို တရားဝင်အတည်ပြုထောက်ခံခဲ့ပြီး ပေတုန်တန်သည် လာမည့်သီတင်းပတ်တွင် လွှတ်တော်၌ ၎င်း၏ မူဝါဒများကို တင်ပြဖွယ်ရှိသည်။

အသက် ၃၈ နှစ်အရွယ် ပေတုန်တန်သည် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ သမီးဖြစ်ပြီး ပြီးခဲ့သည့်လက ထိုင်းနိုင်ငံ၏ အသက်အငယ်ဆုံးဝန်ကြီးချုပ်အဖြစ်ရွေးကောက်ခံခဲ့ရသည်။

အစိုးရအဖွဲ့သစ်ထဲတွင် ထိပ်သီးဝန်ကြီးအများစုသည် နေရာအပြောင်းအလဲမရှိသော်လည်း စစ်တပ်အကြီးအကဲဟောင်းနှင့် အာ ဏာသိမ်းမှုတွင်ပါဝင်ခဲ့သည့် ပရာဝစ်ဝေါင်ဆူဝမ် (Prawit Wongsuwan) ဦးဆောင် သည့် ပါလန်းပရာချက်ပါတီ(PPRP)သည် အာဏာရညွန့်ပေါင်းအဖွဲ့ထဲတွင် ပါဝင်လာခဲ့့ခြင်းမရှိပေ။

PPRP သည် ၂၀၁၉ ခုနှစ်ရွေးကောက်ပွဲအတွင်း စစ်ဘက်ခေါင်းဆောင်များကို အရပ်ဘက်ကူးပြောင်းပြီး အာဏာရရှိစေခဲ့သည့် အဓိကပါတီတစ်ခုဖြစ်ပြီး ပြီးခဲ့သည့်နှစ်ရွေးကောက်ပွဲမတိုင်မီအထိ ထိုင်းနိုင်ငံကို စစ်ဘက်ခေါင်းဆောင်များက အုပ်ချုပ်ခဲ့သည်။

ဖြူထိုင်းပါတီသည် ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်း ညွန့်ပေါင်းအစိုးရအဖွဲ့ထဲတွင် PPRP ပါတီကို ထည့်သွင်းခဲ့သဖြင့် ဖြူထိုင်း ပါတီကို ထောက်ခံသူများကိုအံအားသင့်စေခဲ့သည်။

ပရာဝစ်သည် ၂၀၁၄ ခုနှစ်က ပေတုန်တန်၏ အဒေါ်ဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း ယင်းလပ်ရှင်နာဝပ်၏ အစိုးရအဖွဲ့ကိုဖြုတ်ချ ခဲ့သည့် အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူများထဲတွင်တစ်ဦးအပါအဝင်ဖြစ်သည်။

လက်ရှိတွင် အသက် ၇၉ နှစ်အရွယ် ပရာဝစ်သည် အမျိုးသမီးဂျာနယ်လစ်တစ်ဦးကို ပါးရိုက်ခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်း စစ်ဆေးခံနေရသည်။

PPRP ပါတီနှင့် ဆက်ဆံမှုသည် နိုင်ငံရေးအရ အရဲစွန့်လုပ်ဆောင်မှုတစ်ခုအဖြစ် ရှုမြင်ခံထားရသည်။အဘယ်ကြောင့်ဆိုသော် PPRP ပါတီသည် သက်ဆင်နှင့် ၎င်း၏မဟာ မိတ်များကို ရန်လိုနေသည့် စစ်ဘက်ထိပ်သီး ခေါင်းဆောင်များနှင့် အနီးကပ် ဆက်နွှယ်မှုရှိ နေခြင်းကြောင့်ဖြစ်သည်။

ထိုင်းနိုင်ငံရေးလောကကို သက်ဆင်နှင့် ကွန်ဆာဗေးတစ်အင်အားစုများ၊ ဘုရင့်သစ္စာခံများအကြား အာဏာလွန်ဆွဲမှုဖြစ်စဉ်များက လွှမ်းမိုးထားသည်။

ထိုင်းရွေးကောက်ပွဲများတွင်လည်း သက်ဆင်နှင့်ဆက်နွှယ်သည့် ပါတီများကသာ မကြာခဏအနိုင်ရရှိခဲ့သော်လည်း ထိုအစိုးရ များသည် အာဏာသိမ်းမှုများ၊ တရားရုံး၏စီရင်ချက်များဖြင့် အဆုံးသတ်ခဲ့ရသည်။

သက်ဆင်သည်လည်း ၎င်း၏ ညီမဖြစ်သူ ယင်းလပ်ကဲ့သို့ပင် ၂၀၀၆ ခုနှစ်အာဏာ သိမ်းမှုဖြင့်ရာထူးမှ ဖြုတ်ချခံခဲ့ရသည်။

သြဂုတ်လအတွင်းက ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးသည် ရာဇဝတ်မှုဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရဖူးသူတစ်ဦးကို ဝန် ကြီးအဖြစ်ခန့်အပ်ခဲ့သည့် ဆရီထာထာဝီဆင်းကို ကျင့်ဝတ်သိက္ခာချိုးဖောက်မှုဖြင့် ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခဲ့သည်။

Ref: AFP

Most Read

Most Recent