ဆာလာအား လီဗာပူးလ်တွင် ဆက်နေရန် အသင်းဖော် ဒီယက်ဇ် တောင်းဆို

ဆာလာအား လီဗာပူးလ်တွင် ဆက်နေရန် အသင်းဖော် ဒီယက်ဇ် တောင်းဆို
Photo: Anfield Edition
Photo: Anfield Edition
Published 5 September 2024

လီဗာပူးလ်တိုက်စစ်ကစားသမား လူးဝစ်ဒီယက်ဇ်က အသင်းဖော် ဆာလာအား အသင်းတွင် ဆက်နေရန် တောင်းဆိုခဲ့သည်။

အီဂျစ်တိုက်စစ်ကစားသမား ဆာလာသည် လီဗာပူးလ်အတွက် (၇)နှစ်ကျော်ကာလအတွင်း ပြိုင်ပွဲစုံ (၃၅၂) ပွဲတွင် (၂၁၄) ဂိုးသွင်းယူထားပြီး မော်ဒန်ခေတ်တွင် လီဗာပူးလ်အသင်း၏ အကောင်းဆုံးကစားသမားများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံရသူဖြစ်သည်။

သို့ သော် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်း (၁၀) လသာ ကျန်ရှိတော့သည့် ဆာလာက ယခုရာသီမှာ လီဗာပူးလ်အတွက် ၎င်း၏နောက်ဆုံးရာသီဖြစ်နိုင်ကြောင်းနှင့် စာချုပ်သစ်အတွက် ဆွေးနွေးမှုမရှိသေးကြောင်း မန်ယူနှင့်ပွဲအပြီးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုအခါ ဒီယက်ဇ်က ဆာလာအား စာချုပ်သစ်မချုပ်နိုင်ဘဲ လာမည့်နွေတွင် ဆုံးရှုံးရမည်ဆိုပါက အသင်းအတွက် အလွန်နစ်နာမည်ဖြစ်ကြောင်းနှင့် ဆာလာအား အသင်းတွင် ဆက်နေရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ဒီယက်ဇ်က ''ဆာလာကို ဆုံးရှုံးရမယ်ဆိုရင် ကျွန်တော်တို့အတွက် ခက်ခဲမှာပါ။ လီဗာပူးလ်အတွက် ခက်ခဲမှာပါ။ သူ့ကို ဆုံးရှုံးလိုက်ရမယ်ဆိုရင် ကျွန်တော်တို့ အများကြီး နာကျင်ရပါလိမ့်မယ်။ သူ စဉ်းစားဖို့ အချိန်တော့ ရှိပါသေးတယ်။ ဒါပေမဲ့ ဒါက မလွယ်ပါဘူး။ သူက အသင်းအတွက်အမြဲတမ်း အကောင်းဆုံးစွမ်းဆောင်ပေးသူပါ။ သူ့ဆုံးဖြတ်ချက်ကို လေးစားပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ သူ့ကို အသင်းက မထွက်စေချင်ပါဘူး''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent