ရန်ကုန်(ပန်းဆိုးတန်း)-ဒလ ကူးတို့ကူးသဘောၤခအား လူတစ်ဦးလျှင် ကျပ် ၃၀၀ သို့ တိုးမြှင့်ကောက်ခံ

ရန်ကုန်(ပန်းဆိုးတန်း)-ဒလ ကူးတို့ကူးသဘောၤခအား လူတစ်ဦးလျှင် ကျပ် ၃၀၀ သို့ တိုးမြှင့်ကောက်ခံ
Published 2 September 2024

ရန်ကုန်(ပန်းဆိုးတန်း)-ဒလ ကူးတို့ကူးသဘောင်္ခအား စက်တင်ဘာ ၁ ရက်မှစ၍ လူတစ်ဦးလျှင် ကျပ် ၃၀၀ သို့ တိုးမြှင့်ကောက်ခံကြောင်း ခရီးသွားများထံမှ သိရသည်။

ပန်းဆိုးတန်းမှ ဒလသို့ ကူးရာတွင် ချယ်ရီသဘောင်္ သုံးစင်းဖြင့် ခရီးသည်များအား ပို့ဆောင်ပေးလျက်ရှိပြီး ယခင်က လူတစ်ဦးလျှင် ကျပ် ၁၀၀ ကောက်ခံခဲ့ကြောင်း၊ ယင်းနောက် ကျပ် ၂၀၀ သို့ ထပ်မံတိုးမြှင့်ကောက်ခံခဲ့ကာ ယခုအခါ လူတစ်ဦးလျှင် ကျပ် ၃၀၀ သို့ တိုးမြှင့်ကောက်ခံခြင်းဖြစ်ကြောင်း ခရီးသွားတစ်ဦးက ပြောကြားသည်။

“ကျွန်တော်က ဖျာပုံဘက်ကဆိုတော့ ရန်ကုန်ကို လာရင် ဒီသဘောင်္နဲ့ပဲ အမြဲကူးပါတယ်။ ဟိုးအရင်တုန်းကတော့ လူတစ်ယောက်ကို ၁၀၀ ကျပ်ပဲကောက်တယ်။ အဲဒီနောက်တော့ ၂၀၀ ကျပ်ထပ်တိုးကောက်တယ်။ အခုစက်တင်ဘာ ၁ ရက်ကနေစပြီးတော့ ၃၀၀ ကျပ်သို့ ထပ်တိုးမြှင့်ကောက်တာပေါ့။ မနေ့ကပဲ ကျွန်တော်တို့ ပြန်လာတာ ၃၀၀ ကျပ် ပေးခဲ့ရပါတယ်။ ပန်းဆိုးတန်းဘက်ခြမ်းမှာရော ဒလဘက်ခြမ်းမှာရော စက်တင်ဘာ ၁ ရက်ကနေ ၃၀၀ ကျပ်ကောက်ခံပါတယ်လို့ စာကပ်ထားတာလည်း တွေ့ပါတယ်” ဟု ယင်းခရီးသွားတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ယင်းကူးတို့သဘောင်္အား နံနက် ၆ နာရီမှစ၍ စတင်ပြေးဆွဲပေးနေပြီး နာရီဝက်လျှင် တစ်ခေါက်နှုန်းဖြင့် ပြေးဆွဲပေးနေကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနသည် ဂျပန်နိုင်ငံမှ လှူဒါန်းသည့် ချယ်ရီအမည်ရှိ ကူးတို့သင်္ဘောသုံးစင်းနှင့် ရန်ကုန် (ပန်းဆိုးတန်း) မှ ဒလမြို့သို့ ပြေးဆွဲပေးနေခြင်းဖြစ်သည်။

အဆိုပါကူးတို့ခရီးစဉ်အား ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဒေသခံများသည် ရန်ကုန်မြို့သို့ ကူးသန်းသွားလာရာတွင် ဒလမြို့နယ်သင်္ဘောဆိပ်မှတစ်ဆင့် ကူးသန်းသွားလာကြရခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent