မန်စီးတီးအသင်း၏ နည်းပြ ဂွါဒီယိုလာသည် အသင်းဝန်ထမ်းများအတွက် ပေါင်(၇၀၀၀၀၀) ခန့် သုံးစွဲခဲ့ကြောင်း သိရသည်။
ဂွါဒီယိုလာသည် မန်စီးတီးကစားသမားများနှင့် အသင်းဝန်ထမ်းများအကြား ဆက်ဆံရေးအခြေအနေ ပိုမိုချောမွေ့စေရန်အတွက် ၎င်း၏ ကိုယ်ပိုင်ငွေကြေးထဲမှ ပေါင်(၇)သိန်းဝန်းကျင် သုံးစွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဂွါဒီယိုလာသည် မန်စီးတီးအသင်းမှ ပထမအသင်းအတွက် လုပ်ဆောင်ပေးရသည့် ဝန်ထမ်း(၇၀)နီးပါးအား တစ်ဦးလျှင် ပေါင်(၁၀၀၀၀)ဝန်းကျင် ဆုကြေးပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း The Times က ဖော်ပြခဲ့သည်။
ဂွါဒီယိုလာသည် မန်စီးတီးအသင်းတွင် တစ်နှစ်လစာ ပေါင်သန်း(၂၀)ဝန်းကျင် ရရှိနေသူဖြစ်သည်။