၂၀၂၄ Ballon d'Or ဆုကို ရယူနိုင်မည်ဟု ယုံကြည်ကြောင်း ရီးယဲလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ် ပြောကြား

၂၀၂၄ Ballon d'Or ဆုကို ရယူနိုင်မည်ဟု ယုံကြည်ကြောင်း ရီးယဲလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ် ပြောကြား
Photo: X
Photo: X
Published 29 August 2024

ရီးယဲလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်က မိမိအနေဖြင့် ရေပန်းစားသည့်အတိုင်း ၂၀၂၄ Ballon d'Or ဆုကို ရယူနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

France Football မဂ္ဂဇင်းက ချီးမြှင့်သည့် Ballon d'Or ဆုသည် ဘောလုံးလောကတွင် ဂုဏ်သိက္ခာအမြင့်ဆုံး တစ်ဦးချင်းဆုတံဆိပ်တစ်ခုဖြစ်ပြီး ၂၀၂၄ Ballon d'Or ဆုအတွက် ရီးယဲလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်က ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။

ဗင်နီစီယပ်စ်သည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက ရီးယဲလ်အသင်း လာလီဂါနှင့် ချန်ပီယံလိဂ်ဖလားများ ရရှိရာတွင် အဓိကကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့သဖြင့် ရေပန်းစားနေခြင်းဖြစ်သည်။

ဗင်နီစီယပ်စ်က ''Ballon d'Or ဆုအတွက် ကျွန်တော် ရေပန်းအစားဆုံးဖြစ်နေတယ်ဆိုတာကို သိပါတယ်။ တကယ်လို့ ရေပန်းစားတဲ့အတိုင်း ကျွန်တော် ရခဲ့မယ်ဆိုရင် အရမ်းပျော်ရွှင်ရမှာပါ။ ကျွန်တော့်အနေနဲ့ ကိုယ့်အကြောင်း ဒါမှမဟုတ် Ballon d'Or အကြောင်း ပြောရတာ မကြိုက်ပါဘူး။ ဒါပေမဲ့ လူတွေ တအားပြောနေကြတော့ ကျွန်တော် ရမယ်လို့ ယုံကြည်မှု ပိုရှိလာပါတယ်''ဟု ပြောကြားခဲ့သည်။ 

 

Most Read

Most Recent